4

335 37 6
                                    

နေ့လည်ကတည်းက ပေါ်မလာတဲ့ကောင်လေးကို ဟန်ဘင်းစိတ်လည်းပူသလို စိတ်လည်းဆိုးမိသည် ခေါ်နေတာကိုလှည့်မကြည့်ပဲထွက်သွားတဲ့ကောင်လေးက ဘာဖြစ်သွားမှန်း တကယ်ကိုနားမလည်ပါ အခုလည်း ဖုန်းဆက်တာကိုလုံးဝမကိုင် စာပို့တာလည်းပြန်မဖြေနဲ့ ဟန်းဘင်းစိတ်ကိုဆွဲဆန့်ထားရသည်
တစ်ခုခုဆို သူကသာ ကိုယ့်ဆီရောက်လာတက်တာပေမယ့် ဟန်ဘင်းထိုကောင်လေးနဲ့ပက်သက်တာဆို ဘာကိုမှရေရေရာရာမသိရဘူးမဟုတ်လား သူကသာ ကိုယ့်အိမ် ကိုယ့်ဆိုင်ကို အားလုံးသိပြီးဝင်ထွက်နေပေမယ့် ထိုကောင်လေးဘယ်မှာနေသလဲဆိုတာတောင် ဟန်ဘင်းမသိရပါ ကိုယ်တိုင်ကလည်း မမေးဖြစ်သလို သူကိုယ်တိုင်ကလည်းမပြောပြခဲ့ပါဒါကြောင့်မို့ အဆက်သွယ်မရခဲ့ရင် သူဆက်သွယ်လာမှာကိုသာ စိတ်ရှည်ရှည်နှင့် စောင့်နေရုံသာရှိတော့သည်။

          >>>>>>>>
ပြန်ရောက်ကတည်းကအခန်းအောင်းကာအိပ်နေသောဂယူဗင်းတစ်ယောက် ညနေ၆နာရီလောက်မှသာနိုးတော့သည် အစ်ကို့ဆီကနေထွက်ပြေးလာပြီး အိမ်ကိုပြန်လာတဲ့တစ်လျှောက်လုံး စိတ်ပင်ပန်းခြင်းများစွားနှင့်
အိမ်ရောက်တာနဲ့ ကျောပိုးအိတ်ကိုပစ်ချကာ
ကုတင်ပေါ်တက် ခေါင်းအုံးကိုမျက်နှာအပ်ပြီး
အိပ်ပစ်လိုက်တော့တာ ဂယူဗင်းရဲ့အကျင့်က စိတ်ခံစားချက်များ ရှုပ်ထွေးနေပါက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပစ်လိုက်ပြီးမှ ခေါင်းအေးအေးထားကာ ဘယ်လိုဖြေရှင်းရမလဲစဉ်းစားတတ်သည်အခုခေါင်းရှင်းနေပြီမို့
အတွေးတစ်ခုက ချက်ချင်းဝင်လာသည်
နေ့လည်က အစ်ကို့နားမှာတွေ့ခဲ့တာ အစ်ကို့ကောင်မလေးဖြစ်တော့ရော ဘာအရေးလဲ ဂယူဗင်းဘဝမှာလိုချင်တာကို အမြဲရခဲ့တာချည်းပဲမို့အစ်ကို့ကိုလည်း သေချာပေါက် ပိုင်ဆိုင်နိုင်ရမည်ဆိုပါရင် အပိုင်သိမ်းလိုက်ဖို့ကို ဝန်လေးမနေပါ ကိုယ့်အတွေးကိုယ်သဘောတကျဖြင့်ပြုံးလိုက်ပြီး ဂယူဗင်းရေချိုးခန်းဝင်သွားတာမို့ အခန်းပြင်က ဟာအိုရဲ့ တံခါးထုသံနှင့်ခေါ်သံကိုမကြားပါချေ

ဂယူဗင်းရေချိုးပြီးထွက်လာတဲ့အချိန် အခန်းထဲတွင်အစ်ကိုကြီးရောက်နေသည်ဖုန်းကိုသဲကြီးမဲကြီးကြည့်နေလိုက်တာများ ကိုယ့်ကိုတောင်သတိထားမိဟန်မတူ နေပါဦးသူအခန်းထဲဝင်လာတဲ့အချိန် လော့ချခဲ့ပါတယ်

ကိုကို့အနားမှာပဲ နေချင်လို့Where stories live. Discover now