မျက်စိရှေ့မှာ မြင်နေရတဲ့အကောင်ပေါက်လေးကို ဟန်ဘင်းအတော်စိတ်ပူမိသွားသည်
ခေါင်းလုံးလုံးလေးက အတော်နာကျင်သွားပုံရသည် မျက်ဝန်းညိုတို့မှာ မျက်ရည်လေးတွေရစ်သိုင်းနေပုံက ကိုယ်စကားစလိုက်တာနဲ့ ပြိုကျတော့မယ့်မိုးရေစက်တွေလို
အသားဖြူလွန်းတဲ့ကလေးမို့ ပွန်းသွားတဲ့လက်ဖဝါးတွေက ချက်ချင်းဆိုသလိုရဲတက်လာတာကို မြင်လိုက်ရချိန်မှာ ဟန်ဘင်းစိတ်ပူမိပြီး အမြန်ဆွဲကိုင်ကြည့်တော့ လန့်သွားတယ်ထင်ပါရဲ့ သူ့လက်ကိုအတင်ပြန်ရုန်းနေတဲ့ကလေး“တောင်းပန်ပါတယ်နော် အစ်ကိုနဲ့သူငယ်ချင်းက စနောက်ရင်းဆော့နေကြတာ ဒီကညီလေးကိုမမြင်မိလိုက်လို့ သူငယ်ချင်းအစားအစ်ကိုကတောင်းပန်တယ်နော် အရမ်းထိသွားလားဟင်ဆေးခန်းလိုက်ပို့ပေးရမလား"
“အာ...အဲ့လောက်ကြီးထိမလိုပါဘူးဗျ
ရုတ်တရက်မို့လန့်သွားတာပါ ခေါင်းနည်းနည်းမူးနေတာလေးပါပဲ လက်ကပလာစတာကပ်လိုက်ရင် ရပါပြီဗျ"ဟန်ဘင်းရှေ့ကကောင်လေးကို ဆွဲထူပေးလိုက်ပြီး နောက်မှသူငယ်ချင်းကိုလှည့်ပြောရပြန်သည်
“ဒီကညီလေးကို ငါခဏစောင့်ပေးလိုက်မယ်
မင်းက အရင်သွားနှင့်လိုက်နော်"ပလေးဟန်ဘင်း၏သူငယ်ချင်းက ခေါင်းတစ်ချက်သာငြိမ့်ပြပြီး ခြေလှမ်းကျဲကြီးများဖြင့်ထွက်သွားလေသည် Playboy ကတော့ ကျွန်တော့်ကိုထူပေးပြီး အနီးနားကအရိပ်ရတဲ့အပင်လေးအောက်ကသစ်သားခုံလေးမှာထိုင်ခိုင်းပြီး သူ့အိတ်ကိုဖွင့်၍ ရှာဖွေခန်းဖွင့်နေလေသည် သိပ်မကြာလိုက် ပလာစတာ၂ခု၃ခုထွက်လာပြီး ကျွန်တော့လက်ကိုဆွဲပြီး ကပ်ပေးနေပြန်သည် လက်ကလည်းလုပ်စရာရှိတာလုပ်ရင်း ပါးစပ်ကလည်းမေးခွန်းတွေမေးတော့၏
“ညီလေးကို အရင်ကမတွေ့ဖူးဘူး ကျောင်းသားသစ်ထင်တယ် အစ်ကိုကစီနီယာတန်းကလေ ဆောင်းဟန်ဘင်းတဲ့ ညီလေးနာမည်ကရော ဘာတဲ့လဲ"
“ကျွန်တော့်နာမည် ဂင်မ်ဂယူဗင်းပါ
အနုပညာမေဂျာကပထမနှစ်ကျောင်းသားပါ
အစ်ကိုက ဆောင်းဟန်ဘင်းပေါ့ အစ်ကို့အကြောင်းတွေကြားဖူးပါတယ် နာမည်ကြီးပဲဟာ လူကတော့ခုမှတွေ့ဖူးတာ"

YOU ARE READING
ကိုကို့အနားမှာပဲ နေချင်လို့
RomanceBoysPlanet ရဲ့ traineeလေးနှစ်ယောက်ဖြစ်တဲ့ Kim GyuVin နဲ့ Sung HanBinတို့ရဲ့ Shipလေးကိုသဘောကျလို့ Fanfic လေးဖန်တီးချင်လို့ပါ OTPမတူရင် ကျော်သွားလို့ရပါတယ်ဗျ ကလေးတွေအကုန်လုံးရဲ့ ShipLineလေးကိုသဘောကျတဲ့သူမို့ ဘယ်သူ့ဘယ်သူ့ကိုမှ မထိခိုက်စေချင်ပါဘူးနော်...