The End

320 26 0
                                    

ရာသီဥတုဟာ ဆောင်ရာသီမှ နွေဦးကိုကူးပြောင်းတော့မည်ဖြစ်လို့ လန်းဆန်းအေးမြနေသည်။ အရာအားလုံးဟာ လှပနေသောနေ့ရက်ကလေးပင်ဖြစ်ပေမယ့် ဟန်ဘင်းအတွက်တော့တစ်ခုခုလိုအပ်နေသလိုပင် ဆောင်းရာသီရဲ့လက်ကျန်ချယ်ရီပန်းကလေးများဟာလည်း လမ်းတစ်လျှောက် အစွမ်းကုန်ပွင့်နေလိုက်ပုံများ လောကမှာသူတို့သာအလှဆုံးဟူ၍ပင်မာန်ချီနေသယောင်ယောင်။ ပုံမှန်ဆိုရင်ဟန်ဘင်းကချယ်ရီတွေကို သိပ်သဘောကျသည် ဒါပေမယ့်ဒီနေ့မှာတော့ ကိုယ့်ဘေးနားကကော်ချောင်းလေးမရှိနေတဲ့အခါ ချယ်ရီ‌တွေရဲ့အလှကပင် အသက်မပါသလိုခံစားနေရသည်။ဒီနေ့အတွက် ကော်ဖီဆိုင်လေးကိုလည်းပိတ်ထားပြီး မနက်ပိုင်းကျောင်းကိုခဏသွားပြီးရင် ဝယ်စရာရှိတာများကို ပတ်ဝယ်ရမည် အစကတော့ ကော်ချောင်းလေးနဲ့ဒိတ်ရင်းအတူဈေးဝယ်ကြမယ်လို့ ဟန်ဘင်းမျှော်လင့်ထားပေမယ့် ရည်ရွယ်သူဟာ ကိုကိုဟုအစချီကာ ဒီနေ့တစ်ရက်တော့ သူမအားပါကြောင်းနဲ့ ကိုကို့ဆီမလာနိုင်တာတောင်းပန်ပါတယ်ဆိုတဲ့အကြာင်းကို ချစ်စရာကောင်းစွာပြောတတ်သေးသည်။ ခွေးပေါက်လေးက လူကိုဘယ်လိုချွဲရမလဲဆိုတာအတတ်သိနေသည်။ အစ်ကိုဟုအစချီကာ ချစ်စရာကောင်းအောင်ပြောတတ်သလို ကိုကိုဟုပင်ခေါ်၍ သူလိုရာကိုဆွဲပြီး သူ့အလိုကိုလိုက်အောင်သိမ်းသွင်းတတ်ပြန်သည်။ ထို့ကြောင့်မို့လည်း ဒီကောင်က အရည်ပျော်နေရသည်မို့ တစ်ယောက်ထဲသွားဖို့သာရွေးချယ်လိုက်တော့သည်။

__________________

ဒီနေ့ဟာ ဂယူဗင်းမာမီရဲ့မွေးနေ့ပင်ဖြစ်သည်။မာမီက သူ့မွေးနေ့မှာအချိန်မပေးနိုင်သော ဒယ်ဒီ့ကိုစိတ်ကောက်ကာ ဟာအိုဟျောင်းနဲ့ဂယူဗင်းကို ဒီနေ့တစ်ရက်သူ့ကိုအချိန်ပေးရမည်ဟူ၍ အမိန့်တော်ရှိလာသည်။မွေးနေ့ရှင်က အသက်ဆိုတာကိန်းဂဏန်းတစ်ခုလို့သာသတ်မှတ်ထားပြီး စိတ်ကလေးကတော့ 16နှစ်သမီးလေးလိုဖျတ်လက်နေသည်။တကယ်ပင် ကိုယ့်မာမီက 16နှစ်သမီးလေးလိုလှနေတာ တစ်နေကုန်မာမီ့ကိုအချိန်ပေးရမည်ဖြစ်လို့ အစ်ကို့ကို ဒီနေ့တစ်ရက်တော့ သွားမတွေ့နိုင်ပါ။အရာရာကိုနားလည်ပေးနိုင်တဲ့ချစ်သူလေးကိုပိုင်ဆိုင်ထားရတာကိုတွေးမိပြီး စိတ်လိုလက်ရပြုံးလိုက်မိသည်။ကိုယ့်မာမီက လှပပြီးချစ်စရာကောင်းတဲ့အမျိုးသမီးလေး ဒယ်ဒီနဲ့အစောကြီးလက်ထပ်လိုက်ရတာမို့ သူ့မှာငယ်ဘဝကိုလွတ်လွတ်လပ်လပ်မဖြတ်သန်းခဲ့ရပဲ အိမ်ထောင်သည်ဘဝကိုငယ်ငယ်ရွယ်ရွယ်နဲ့ပိုင်ဆိုင်ခဲ့ရသူပင်။အလုပ်များတဲ့ဒယ်ဒီက မာမီ့ကိုအချိန်မပေးနိုင်တဲ့အခါမျိုးတွေဆိုရင်တော့ မာမီကကိုယ်နဲ့ဟာအိုဟျောင်းအပေါ်ကိုသာ သူရဲ့စိတ်ကောက်ခြင်းတွေကိုပုံချတော့သည်။ဒီနေ့တနေကုန်လည်းသူ့နောက်တစ်ကောက်ကောက်လိုက်ပြီး ကလေးထိန်းသလိုထိန်းနေရပြီ။မနက်ပိုင်းကိုစိတ်ကြိုက်လျှောက်လည်ပြီး ရုပ်ရှင်လည်းဝင်ကြည့်ရသေးတယ် လိုချင်သမျှကိုလက်ညိုးထိုးကာ ကလေးတစ်ယောက်လိုပူဆာတတ်သေးတာ။ဟာအိုဟျောင်းကတော့ သူ့အစ်မကိုမနိုင်ဘူးလို့တဖွဖွပြောနေပေမယ့်လည်း မာမီ့ကိုကြည့်ပြီးအပြုံးတွေကတောက်ပနေသည် ထိုအချိန်မှာပဲ မာမီကကိုယ်တို့နှစ်ယောက်ရဲ့လက်ကိုတစ်ဖက်စီချိတ်ကာ ကုန်တိုက်တစ်ခုဆီဝင်သွားပြန်သည်။
ကိုယ်တို့3ယောက်ကိုမြင်ရင် မောင်နှမတွေလို့ထင်ကြလောက်အောင်ပင် မာမီက ကလေးလေးတစ်ယောက်လိုသွက်လက်နေတာ
အခုလည်း အရုပ်ကောက်ခိုင်းနေပြန်ပြီ
ဟာအိုဟျောင်းက သူ့မမအလိုကျ တစ်ရုပ်ပြီးတစ်ရုပ်လက်စွမ်းပြကာကောက်‌ပြနေလေတော့ မာမီဆိုသည်မှာ သူ့မောင်ဘယ်လောက်တော်ကြောင်းတွေ ကိုယ့်လက်မောင်ကိုတစ်ဘုန်းဘုန်းရိုက်ပြီး ကြွားနေတော့တာ အစ်ကိုရေ အစ်ကို့ချစ်သူလေးကိုလာကယ်လှည့်ပါဦး........

ကိုကို့အနားမှာပဲ နေချင်လို့Where stories live. Discover now