intro

887 71 12
                                    

"ကံကြမ္မာကရွေးချယ်တဲ့သူက မင်းဖြစ်နေခဲ့ရင်ဘယ်လိုလုပ်မလဲ ဂျင်လေး

"ဘာအရေးလဲ အကိုတော်ရာ ဂျင်လေးကတော့ဂရုမစိုက်ပါဘူး ကိုယ်ချစ်တဲ့သူပဲကိုယ်ယူမှာ တစ်သက်မှာတစ်ခါပဲချစ်ရမှာမို့ ဂျင်လေးကိုယ်တိုင်ပဲရွေးချယ်မှာ သက်မဲ့တစ်ခုရဲ့ခိုင်းစေချက်တွေကို ဂျင်လေးတော့လက်မခံနိုင်ပေါင်

"အကိုဂျင်ကတော့လုပ်ပြီ ကျနော်တို့ကမြင့်မြတ်သူတို့မျိုးနွယ်ဝင်တွေလေ အချိန်တန်လို့ ဒီnelumbo 'ကြာပန်း'ကရွေးချယ်ခံရတဲ့သူက စည်းကမ်းသတ်မှတ်ချက်တွေအတိုင်းပဲဆက်သွားရမှာပေါ့ မဟုတ်ရင် မျိုးနွယ်စုအားလုံးဆင်းရဲ‌ဒုက္ခအတိပြီးစေမယ်လို့ကျိန်စာမှာပါတယ်လေ

"အငယ်လေးထယ်ရာ ကင်မ်မျိုးနွယ်ဖြစ်တာနဲ့ပဲ ဒီnelumbo ခိုင်းတာအကုန်လျှောက်လုပ်ရမှာလား မဆိုင်တာ ကျိန်စာတွေကိုအယုံအကြည်မရှိဘူး

"ဂျင်လေး--

"နားလည်ပါပြီ အကိုတောနမ်ဂျွန်းခင်မျာ အကိုတော့်nelumbo'ကြာပန်း'ကိုမပြောတော့ပါဘူး ကျနော်မျိုးကိုခွင့်ပြုပါဦး

"ဘယ်လဲ

"အချစ်သွားရှာမလို့...................။ ။ ။

--------------------------

"မင်းသားလေး

"မနောက်နဲ့တော့ မင်မျိုး‌နွယ် ငါဒီမှာမရှိတဲ့အတောအတွင်းဘာတွေပြောင်းလဲသွားသေးလဲသာပြောပြစမ်းပါကွာ ငါဖြင့်နေရာတွေတောင်သေချာမမှတ်မိတော့ဘူး

"အေးပေါ့ဟ မင်းနယ်စွန်မှာစောင့်ရှောက်ရေးနဲ့လေ့ကျင့်ရေးပူးတွဲတာဝန်ထမ်းဆောင်လိုက်ရတာ ဆယ်နှစ်လေကွာ ဒီလောက်တော့ပြောင်းလဲမှာပေါ့ အတိအလင်းဆိုရရင်တော့ဖြင့်အပြောင်းလဲဆုံးအရာက ငါတောင် ကြင်ယာတွေ့ပြီလေ

"ဟ မင်မျိုးနွယ် လက်သွက်လှပါလား ဘယ်မျိုးနွယ်ကလဲ

"သမားတော်မျိုးနွယ်က‌ ကောင်လေးလေ

"သမားတော်ဆိုတော့ ပတ်ခ်မျိုးနွယ်လား

"အေး ပြောရင်ဆိုရင်း ဟောဟိုမှာလာနေပါပြီ မင်းနဲ့တခါတည်းမိတ်ဆက်ပေးလိုက်မယ်

"ဘယ်တစ်ယောက်လဲမင်းကြင်ယာဖက်က

"ဘာလဲကွအလောတကြီး အနားရောက်ရင်သိရမှာပေါ့

"ပြောစမ်းပါကွာ စျေးကိုင်မနေစမ်းနဲ့

"ဟားဟား ဂျွန်မျိုးနွယ်သခင်လေး‌လည်း ကြာပန်းကျိန်စာသခင်လေးကိုမြင်မြင်ချင်းနှစ်သက်နေပြန်ပြီကော ဟုတ်စ

"သူက ကြာပန်း...

"အေး မင်းမျက်လုံးထဲမှာကွက်မြင်နေတဲ့ တစ်ယောက်သောသူက မြင့်မြတ်သူတို့အနွယ်ဝင်လေ

"ဒါဆို ကင်မ်ပေါ့...

"အင်း အလယ်ကင်မ်ဆိုပါတော့

"မင် စောင့်နေရတာကြာသွားလား ဒီမှာ ဂျင်လေသူ့အိမ်တော်က အထွက်ခက်နေလို့

"ရပါတယ်ဗျာ ဒီမှာကိုယ့်ငယ်ပေါင်းနဲ့လက်ဆုံကျနေလို့ စောင့်ရမှန်းတောင်မသိလိုက်ပါဘူး

"ကင်မ်တဲ့လား............။

-----------------------

"ကင်မ်

"ဟင်

"စောင့်ရှောက်သူမျိုးနွယ်ဝင်တစ်ယောက်က မြင့်မြတ်သူမျိုးနွယ်ဝင်တစ်ယောက်ကို သိပ်ချစ်မိသွားလို့ပါတဲ့ အဲဒါ သခင်လေးသဘောလေးသိပါရစေ

"အဟင်း ဒါဆို သခင်လေးကပဲ ပြန်ပြောပေးပါဦး မြင့်မြတ်သူမျိုးနွယ်သခင်လေးက စောင့်‌ေရှာက်သူမျိုးနွယ်သခင်လေးကို အရင်ချစ်မိတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်လို့လေ.................။

----------------------------------------

"ဂျွန် ကျိန်စာတွေကိုယုံလား

"ကိုယ်ကတော့ ကင်မ့်ကိုပဲယုံတယ်

"တူတူပဲ ဂျွန့်ကိုပဲယုံတယ်...............။

-------------------------

အစပျိုးထားတာပါ လာမယ်ကြာမယ်ပေါ့နော် သူများကိုသာupdateမပေးရင် စိတ်ကောက်ချင်နေတာ ကိုယ်ကျရေးရမှာပျင်းတာ🥲🥵

ဇာတ်လမ်းအသွားရှိပေမယ့်လည်း တကယ်တမ်းTRYကြည့်တော့ကျ အတော်လေးရုန်းကန်နေရပါတယ်ရှင်...ရေးလိုက်ဖျက်လိုက်မကြိုက်လိုက်အိပ်လိုက်နဲ့မို့  ဖြည်းဖြည်းချင်းလေးပဲလာခဲ့ပါ့မယ်..

can we be togetherWhere stories live. Discover now