မေတ္တာစကား

284 37 20
                                    

ကင်မ်နှင့်တွေ့သည့်နေ့တိုင်း သူ့မှာ ကင်မ့်ကိုစိတ်ထဲကနေဖွင့်ပြောနေသည်မှာဘယ်နှကြိမ်ရှိပြီလဲကိုမသိတော့ပေမယ့် ကင်မ်ကတော့ခုချိန်ထိကို သူ့စိတ်ကိုမဖတ်နိုင်သေးသည်မို့ သူအတော်လေးအကြပ်ရိုက်နေသည်။ ရင်းနီးလာကြသည်နှင့်အမျှ ကင်မ့်အကြောင်း သူ့အကြောင်း အကြွင်းအကျန်မရှိသည်အထိသိပြီးဖြစ်သော်လည်း ကင်မ်၏နှလုံးသားရေးရာကိစ္စရပ်များကတော့ခြွင်းချက်ဖြစ်နေဆဲပင်။ ကင်မ့်နှလုံးသားထဲမှာ တစ်ယောက်ယောက်ကများနေရာယူထားပြီးဖြစ်နေမလား...
မဟုတ်ရင် သူအချိန်ဆွဲနေမိတာနဲ့ပဲ နောက်ကျကျန်ရစ်တော့မလား...
စတဲ့မရေရာခြင်းများစွာကိုဖမ်းဆုပ်ရင်းပင် သူဒီနေ့တော့သည်းခံနိုင်စွမ်းတို့ကုန်ဆုံးခဲ့လေပြီ....
သူဘယ်နည်းနှင့်ပဲဖြစ်ဖြစ် ကင်မ့်ကိုဖွင့်ပြောတော့မည်။

အချိန်တွေကအရမ်းတန်ဖိုးရှိသည် အဓိကအားဖြင့်ဆိုလျှင် ချစ်ခွင့်ရနေသည့်အချိန်ကောင်းတွေက ကုန်ဆုံးရက်မြန်တတ်သည်...
ချစ်လျှင်ချစ်ကြောင်း တန်ဖိုးထားလျှင်ထားကြောင်း အချိန်ရှိနေတုန်း အခွင့်အရေးရှိနေတုန်းမှာဖွင့်ဟသင့်သည်...
အကယ်၍များ အချိန်ကိုက်မဟုတ်ခဲ့ပါလျှင် နောက်ကျသွားခဲ့ပါလျှင် ပေးဆပ်ရမည့်တန်ဖိုးမှာ နှလုံးသားတစ်ခုလုံးပင်...

ကင်မ်နှင့်တွေ့ဆုံဖို့အတွက် သူအရမ်းကိုစိတ်လောလွန်းနေပြီဖြစ်သည်မို့ မသုံးဖြစ်တော့သည့် ဈာန်ဝင်စားခြင်းကိုပါသုံးကာ ပင်မရေတံခွန်အနီးထိခြေဆန့်ခဲ့သည်ဆိုသော်လည်း တွေ့ချင်မြင်ချင်သူလေးကိုတော့ဖြင့်မတွေ့ရသေး။ ပန်းရိုင်းပင်တွေကြားမှာလည်းမရှိသလို ပိန်းကြာရွက်တောမှာလည်းမတွေ့သည်မို့ သူရင်ပူလာရသည်။ ကင်မ်နှင့်ဂျွန်လျှောက်လည်နေကျနေရာတိုင်းကိုရောက်ခဲ့ပြီးပါသော်လည်း ကင်မ်၏အရိပ်အယောင်လေးကိုပင်မတွေ့ရသေး။ သူတို့နှစ်ဦးက ပင်မတောအုပ်ကြီးအနှံ့လည်ပတ်ခဲ့ကြဖူးတာမို့ နေရာအနှံ့ကို သူဈာန်ဝင်စားပြီးကိုလိုက်ရှာပြီးပြီ။ သူမရှာရသေးတာဆိုလေို့ သူမသွားနိုင်ပဲ ကင်မ်တစ်ယောက်ပဲသွားခွင့်ရှိသည့်နေရာသာလျှင်ကျန်တော့သည်။
"ကင်မ်အိမ်တော်.....

You've reached the end of published parts.

⏰ Last updated: Jan 07 ⏰

Add this story to your Library to get notified about new parts!

can we be togetherWhere stories live. Discover now