"ဟေး လာကြဟေ့ လာကြ ဟိုမှာ ဂျွန်သခင်လေးပြန်လာပြီတဲ့ဟေ့
"ဟေ ဟုတ်လား တကယ်လား စောင့်ရှောက်သူမျိုးနွယ်ရဲ့အကြီးအကဲသခင်လေးက နယ်စပ်ကိုထွက်သွားခဲ့တာကြာပြီမဟုတ်လား ခုကဘယ်လိုဖြစ်လို့..
"ဟဲ့ မိန်းမ ရှင်လိုက်မှာလားမလိုက်ဘူးလား ရှင်မလိုက်ရင် ကျုပ်ကတော့သွားနှင့်ပြီတော်ရေ နေရာမရပဲနေမယ် ဂျွန်သခင်လေးကအရမ်းချောဆိုပဲ ကျုပ်ဖြင့်မြင်ဖူးချင်လွန်းလို့တစ်ပိုင်းသေတော့မယ် ၊ စောင့်ရှောက်သူမျိုးနွယ်ဆိုတော့ အမလေးလေး ယောကျာ်းလည်းပီသလိုက်မယ့်ဖြစ်ချင်း ၊ တွေးရင်းနဲ့ကြက်သီးတောင်ထလာပြီတော်ရေ ကျုပ်ကတော့ရှေ့ဆုံးကနေရာယူပြီး အနီးကပ်ကိုမြူဆွယ်လိုက်ဦးမှာ
"အမလေးနော် မိန်းမ တကယ်တည်း ဝတ်ရုံတွေလည်းကျွတ်ကျကုန်ပါဦးမယ် တော့်မှာစေ့စပ်ပြီးတဲ့ပိုင်ရှင်ကြီးနဲ့ဆိုတာလည်း သတိထားဦး ဟွန့်
"ဝတ်ရုံကျွတ်လည်းကျွတ်ပါစေတော်ရေ ဒါမျိုးကမြင်ရခဲ ဒီတခေါက်မှမဟုတ်ရင် နောက်ဆို ကျုပ်တို့အဆင့်နဲ့အိမ်တော်နားတောင်ကပ်ဝံ့တာမဟုတ်ဘူး ၊ ပြီးတော့ စေ့စပ်ထားလည်းငေးကြည့်လို့တော့ရပါသေးရဲ့တော် စေ့စပ်မထားသေးတဲ့တော်ရော ရမှာကျနေတာပဲ ဟွန့်
"အယ် မိန်းမ ကျုပ်လည်းစောင့်ဦးလေ
မျက်စောင်းထိုးပြီးရှေ့ကပြေးထွက်သွားတဲ့အမျိုးသမီးနဲ့ ဝတ်ရုံတော်မနိုင်မနင်းနဲ့နောက်ကပြေးလိုက်နေသောမိန်းမပျိုတစ်ဦးကိုကြည့်ရင်း ယွန်းဂီ ခေါင်းကိုအသာရမ်းလိုက်မိတယ်။ ဒီနေ့ သူ့ဖွားဖက်တော်ကြီး ဂျွန်ဂျောင်ကု အိမ်တော်ပြန်ဝင်မယ့်နေ့လေ ၊ဒါကြောင့် မြို့ထဲမှာဆူညံပွတ်လောရိုက်နေတာ ၊ ရှိသမျှ လူငယ်လူရွယ် ၊ ကျားမ မရွေး အပြေးတပိုင်းကြိုဆိုဖို့သွားနေကြပေမယ့် သူကတော့မသွား။ သူသွားမယ့်နေရာက သပ်သပ်ရှိသည်လေ။ ဘာလုပ်ဖို့သူငယ်ချင်းကိုသွားကြိုရင်းအချိန်ကုန်မှာလဲ ၊ ချစ်လှစွာသောကြင်ယာတော်လေးဆီပဲ သွားရောက်ခစားရမှာပေါ့....
အတွေးတို့နှင့်အတူ ခြေလှမ်းခပ်သွက်သွက်တို့ဖြင့် ချစ်ရတဲ့ကြင်ယာတော့်ဆီသို့.....