"ငါ့မှာကောင်လေးရှိတယ်"
"ဘယ်သူလဲ အကယ်၍နင့်မှာကောင်လေးရှိတယ်ဆို နင့်ကိုလက်လွှတ်ပေးမယ် y/n"
y/n စာကြည့်တိုက်သွားတဲ့လမ်းမှာ သူ့ကိုအချိန်တော်တော်ကြာအောင်ဖွင့်ပြောနေတဲ့ကောင်လေးတစ်ယောက်ကို စိတ်ရှုပ်လာပြီး ပြောလိုက်မိသည်။ အချိန်တော်တော်ကြာဆိုသည်တော့မှန်ပါသည် သို့သော်ထိုကောင်လေးက y/n အပြင်အခြားကောင်မလေးတွေနဲ့ပါ ခပ်ရှုပ်ရှုပ်ရှိသောကြောင့် y/n လက်မခံခြင်းဖြစ်သည်။
"ဘယ်သူလဲလို့ဖြေလေ"
"Sim Jaeyun!"
"နင်နဲ့သူနဲ့က မတည့်ကြဖူးဆိုတာအကုန်သိတယ်ခဏတာအတွက်မလိမ်စမ်းပါနဲ့ y/n ရယ်"
y/n စိတ်ထဲရုတ်တရက် Jaeyun နာမည်ပေါ်လာသောကြောင့် ဖြေလိုက်မိခြင်းဖြစ်သည် သို့သော်အတန်းဖော်တွေအကုန်သိပါသည် သူနဲ့ Jaeyun ကတစ်ယောက်နဲ့တစ်ယောက် top 1 နေရာလုရင်း မတည့်ကြဖူးဆိုသည်ကို...
"ဟုတ်တယ်ငါနဲ့ဂျယ်ယွန်းကတွဲနေကြတာ ကာယကံရှင်ပါးစပ်ကပြောနေတာတောင်မယုံဖူးလား"
"ဟုတ်ပြီ..."
နောက်ဆုံးတော့ထိုကောင်လေးက လက်လျှော့ပြီးလှည့်ထွက်သွားလေတော့သည်။ ထိုအခါမှ y/n လဲသက်ပြင်းချမိသည်။
*ငါဘာတွေပြောလိုက်တာလဲ ထားလိုက်ပါတော့လေ ခုလောလောဆယ်ငါဒီလိုပြောလိုက်တော့ သူငါ့နောက်လိုက်ပြီးစိတ်အနှောင့်အယှက်မပေးတော့ဖူးပေါ့ ဂျယ်ယွန်းကရော..?ဂျယ်ယွန်းက ငါဒီလိုပြောမှန်းသိမှာမှမဟုတ်တာ အဆင်ပြေပါတယ် y/n...~*
ထိုသို့စိတ်ထဲတွေးကာ စာကြည့်တိုက်သို့~
~~~~~🌷~~~~~
"အချစ်..."
"ပလုတ်တုတ် လန့်လိုက်တာရှင်းဂျယ်ယွန်း"
"ခစ်ခစ် မဟုတ်တာလုပ်ထားတော့လဲ ဒီလိုလိပ်ပြာမလုံတာဖြစ်တတ်ပါတယ်"
"ငါကဘာမဟုတ်တာလုပ်ထားရမှာလဲ"
Locker နားမှာ ဂျယ်ယွန်းအနောက်ကနေရုတ်တရက်ပေါ်လာပြီး ပြောလိုက်သောကြောင့် မနေ့ကသူပြောခဲ့သည့်ကိစ္စကိုမသိချင်ယောင်ဆောင်ပြီး y/n ကထွက်သွားရန်ပြင်သည်။