"y/n ရေ Jongseong ကိုလေဆိပ်မှာသွားကြိုပေးမလား"
"ရှင်အမေ"
"အော် မြေးလေးအတွက်ပစ္စည်းတွေဝင်ဝယ်ရင်း Jongseong လေးကိုပါ လေဆိပ်မှာဝင်ကြိုပေးခဲ့ပါလားလို့"
"ဟုတ် သမီးကြိုခဲ့ပါ့မယ်"
P.O.V of y/n -
Jongseong ဆိုတာ ကျွန်မယောကျာ်းရဲ့တစ်ဦးတည်းသောညီလေး ဒါပေမဲ့ကျွန်မတို့မင်္ဂလာဆောင်မှာတုံးကပဲ Jongseong ကိုတစ်ခါပဲတွေ့ဖူးသေးတာ Jongseong ကကျွန်မထက် 1 နှစ်ကြီးတာပေါ့ ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲလွန်ခဲ့တဲ့ 2 နှစ်လောက်တုံးကအမျိုးသားက ကား accident နဲ့ဆုံးသွားတယ်လေ အကို့ဈာပနတုံးကတော့ Jongseong မလာခဲ့ပါဖူး သူနိုင်ငံရပ်ခြားမှာအလုပ်ရှုပ်နေလို့ အမေ့ကိုပဲဖုန်းဆက်ပြီးအားပေးစကားလှမ်းပြောခဲ့တယ် ကျွန်မသားလေးကအခုဆို 2 နှစ်တောင်ပြည့်ခဲ့ပြီ အကိုကလဲကျွန်မနဲ့သားလေး(ကူကီး)ကိုစိတ်ချချထားသွားခဲ့တာ အကိုဆုံးခါစတုံးကဆိုကျွန်မလဲစိတ်ဓာတ်ကျတာပေါ့ အားအင်တွေပါမရှိတော့တဲ့အထိငိုပစ်ခဲ့တယ် ဗိုက်ထဲမှာလဲသားလေးကိုယ်ဝန်ရှိနေတော့ အစားကတော့မစားချင်စားချင်နဲ့ပဲ အဲ့အချိန်တွေကိုကျော်ဖြတ်ခဲ့ရတယ် ဒါပေမဲ့အခုဆိုကျွန်မတို့သားအမိလဲ အမျိုးသားအမေ ကျွန်မယောက္ခမအိမ်မှာနေရတာနေသားကျလာပါတယ် အမေကလဲမြေးလေးနဲ့ကျွန်မကိုချစ်ပါတယ် Jongseong ကလဲအခုပြန်လာတော့မယ်လေ
~~~~~
"Jongseong ဒီမှာ!"ကျွန်မလေယာဉ်ပေါ်ကနေဆင်းလာတဲ့ Jongseong ကိုလက်လှမ်းပြလိုက်တယ်။
"y/n?"
ကျွန်မ Jongseong အထုတ်တွေကိုကူကိုင်ပေးရင်း နှုတ်ဆက်လိုက်တယ်။
"အဆင်ပြေရဲ့လားဒီနှစ်တွေအတွင်း"
"အဆင်ပြေပါတယ်"
"ကူကီးလေးရော အိမ်မှာလား"
"ဟုတ်တယ်အပြင်သွားရင် လျှောက်ဆွဲနေလို့ထားခဲ့လိုက်တာ"
"ကလေးဆိုတော့လဲဒီလိုပါပဲ"
Jongseong ပင်ပန်းနေမှာဆိုးတာနဲ့ ကျွန်မပဲကားမောင်းလာခဲ့လိုက်တယ်။ ပြန်ရောက်တော့အမေကလဲ သူ့သားလေးကိုပွေ့လို့ဖက်လို့ပေါ့ ကူကီးလေးနဲ့လဲ အပြင်မှာမတွေ့ဖူးဘူးဆိုပေမဲ့ ညတိုင်းသူ့ဖွားဖွားက Video call ခေါ်ခေါ်ပေးလို့ ကူကီးလေးကလဲ Jongseong လက်ထဲမှာပဲတစ်နေကုန်နေရှာတယ်။ ကူကီးလေးက အိမ်ထဲကနေအိမ်ပြင်သိပ်မထွက်တော့ယောကျာ်းသားတွေကိုစိမ်းတာပေါ့ Jongseong ကိုတွေ့တာနဲ့ ဒယ်ဒီပဲခေါ်ခေါ်နေလို့ သူ့ဖွားဖွားကလဲသဘောကျရှာပါတယ်။