𝘋𝘦𝘢𝘳 𝘏𝘶𝘴𝘣𝘢𝘯𝘥 💋|| Heeseung

453 33 5
                                    

နေရောင်ပူပူနွေးနွေးလေး မျက်နှာပေါ်ကျရောက်လာတာကို ကျွန်မခံစားမိသည်။ ကျွန်မမျက်လုံးလေးကိုဖွင့်ပြီး ဘေးဘီဝေ့ကြည့်မိလိုက်သည်။

y/n mind - အိုဘုရား ဒီလောက်လှရက်တဲ့ အမျိုးသားမျိုးဒီကမ္ဘာမှာရှိပါအုံးမလား ကြည့်ပါအုံး ဆံပင်ခပ်ပွပွနဲ့ ‌ကျွန်မရဲ့အမျိုးသားလေးကဘေးမှာ အိပ်မောကျနေလေရဲ့ ဘယ်လောက်တောင်လူသားမဆန်ပဲလှပမှုမျိုးပါလိမ့်

ဟု ကျွန်မစဉ်းစားမိသည်။ ထိုအမျိုးသားလေးရဲ့ နှုတ်ခမ်းလေးတွေက တောင်ကုန်းသဏ္ဌာန်မျိုးလှရက်ပြီး မျက်လုံးလေးတွေက ထိုတောင်ကုန်းတွေပေါ်မှာ ကခုန်နေတဲ့နတ်သူငယ်လေးတွေနဲ့ပင် ဆင်တူနေလေသည်။ ဘာဆေးမှမလိုပဲ ကော့ပြီးလှရက်တဲ့မျက်တောင်လေးတွေကလည်း ဘယ်နှပင်ရှိသလည်းဆိုတာကိုပင် ရေတွက်လို့ရလောက်အောင်ကို လှပကျော့ရှင်းလှပေသည်။ ဘာလို့မှန်းမသိကျွန်မထိုမြင်ကွင်းမှာ နစ်မြောနေမိသည်။ ထိုကောင်လေးက ပင်လယ်ရေမျက်နှာပြင်ပေါ်မှာပျော်ပါးနေတဲ့လင်းပိုင်လေးတွေလိုပဲ ကျွန်မရဲ့ထွက်သက်အထိ ထိုအမျိုးသားနဲ့ပဲဖြတ်သန်းချင်သည်...။

Hee - နိုးနေတာလား

y/n - အာ..ဟီး လွန်ခဲ့တဲ့ တစ်စက္ကန့်လောက်က? အဲ့လောက်ပဲရှိပါသေးတယ်

Hee - လူလိမ်မလေး ညာနေပြန်ပြီ မောင်အလုပ်သွားရမှာမို့ စောစောနှိုးပါဆိုဘယ်တော့မှ မနှိုးဖူးတကယ်

ဟုတ်ပါသည်...ထိုအမျိုးသားနာမည်က "အီဟီဆွန်း" သူ့ကိုယ်သူအမြဲတမ်း "မောင်" လို့သာသုံးပြောလေ့ရှိသည်။ သူ့ကိုယ်သူအဲ့နာမည်လေးသုံးပြောတိုင်း ကျွန်မရင်ထဲလိပ်ပြာလေးတွေပျံနေသလိုပဲ

y/n - အိပ်နေတာလေးက လှလို့မနှိုးတာပါ

Hee - လှတယ်ဆိုတာ ယောင်္ကျားလေးတစ်ယောက်အဖို့ တရားရောဝင်လို့လား

y/n - အဲ့တာတော့မသိဖူးလေ မောင်ကအရမ်းလှတာကိုပဲ သတိထားမိတာ

Hee - ဟုတ်ပါပြီ ဒီလောက်နဲ့ရပ်ပြီး မနက်စာချက်ဖို့ပြင်ပါ မောင့်အိမ်ရှင်မလေးခဗျာ~

မောင်ကတကယ့်အတတ်လေး ကိုယ်တွေနှစ်‌ယောက်လက်မထက်ခင်ချစ်သူတွေစဖြစ်ကတည်းက မောင်ကသူ့ကိုယ်သူဒီနာမည်လေးနဲ့ ပြောပြောနေကျ မောင်ကကျွန်မထပ်ငယ်လို့ သူ့ကိုယ်သူဒီလိုသုံးပြောတာလားဆိုတော့လည်း မဟုတ်ပြန်ပါဖူး။ မောင်ကကျွန်မထပ် အသက်သုံးနှစ်ပိုကြီးပြီး ကလေးပေါက်စလေးသာသာပါပဲ။ အလုပ်သွားခါနီးတိုင်းလည်း အမြဲ necktie မစည်းတတ်လို့ ကျွန်မကိုအော်ခေါ်နေကျ

Hee - အချစ်ရေ မောင့်ကို necktie စည်းဖို့လာကူပါအုံး

တွေးနေတုံးရှိသေး အခန်းထဲမှာသူ့အသံချိုချိုလေးနဲ့‌ ခေါ်နေပြန်ပါပြီ။ ကျွန်မအပြေးလေးသွားလိုက်သည်။ မောင်ကကျွန်မ necktie စည်းပေးနေတုံး ကျွန်မမျက်နှာကိုစူးစူးစိုက်စိုက်ကြည့်နေသည်။ ကျွန်မပြန်ကြည့်လိုက်တော့ ရှက်သွားတဲ့ပုံလေးနဲ့ သူ့ဂုတ်လေးကိုလက်လေးနဲ့ခပ်သာသာပွတ်ရင်း ခေါင်းလေးကိုငုံ့ထားလေသည်။ ရွှန်းလဲ့နေတဲ့မျက်လုံးလေးနဲ့ အကြည့်ချင်းဆုံပြီး ကျွန်မလည်းရှက်သွားသည်။ ကျွန်မစည်းပေးပြီးတော့ မောင်ကဘာမှမပြောပဲ ကျွန်မခါးလေးကိုလက်တစ်ဖက်တည်းနဲ့ ‌ဝိုက်ဖက်လိုက်သည်။

မောင်ကျွန်မကိုဘာမှမပြောပေ။ မောင့်ရင်ဘတ်ပေါ်ကျွန်မလက်လေးပြန်တင်ပြီး...

y/n - အလုပ်မှာအဆင်ပြေပါစေ မောင်

Hee - ကျေးဇူးပဲအချစ်

မောင်ကျွန်မနှဖူးလေးကို ဖွဖွလေးနမ်းလိုက်ပြီးနံနက်စာကို ခပ်သွက်သွက်စားကာထွက်သွားလေသည်။ ထွက်သွားတဲ့မောင့်နောက်ကျောလေးကို ကျွန်မငေးကြည့်ရင်း ဆုတောင်းမိသည်။

y/n - နောက်ဘဝတွေမှာလည်း မောင့်အပိုင်ဆိုတဲ့ကျွန်မအဖြစ်ပဲ ပြန်လည်မွေးဖွားပါရစေ ဘုရားသခင်~

20.7.22.//5:02pm [rikiluvr__🍓]

𝑬𝒏𝒉𝒚𝒑𝒆𝒏 𝒐𝒏𝒆 𝒔𝒉𝒐𝒕 ♡︎Where stories live. Discover now