y/n - ကောင်လေး မင်းကဘာလို့ငိုနေတာလည်း
Ni_Ki - ကျွန်တော့်ဘာသာ ဘယ်လိုဖြစ်ဖြစ်ပေါ့ ခဗျားအပူလား
y/n - ငါ့အပူတော့မဟုတ်ပေမဲ့ မင်းလိုချစ်စရာကောင်လေးငိုနေတာကို မကြည့်ရက်ဖူးလေ ㅋㅋ
Ni_Ki - ကျွန်တော့်ကောင်မလေးက ကျွန်တော်အရမ်းငိုလို့ဆိုပြီး တစ်ခြားတစ်ယောက်နောက်လိုက်သွားပြီㅠ~ㅠ
ထိုစကားကိုကြားတော့ y/n တစ်ယောက် လှောင်ပြုံးလေးပြုံးလိုက်ပြီး
y/n - မမနဲ့စမ်းကြည့်ချင်လား
Ni_Ki - ဘယ်လို တော်ပြီ တော်ပြီ
ခေါက်ဆွဲဆိုင်တစ်ဆိုင်ရဲ့ လှေကားပေါ်မှာထိုင်နေတဲ့ ထိုကောင်လေးကကြောက်ကြောက်လန့်လန့်နဲ့ အဝေးကိုပြေးသွားလေသည်။
y/n - ဟူး အခုခေတ်ကလေးတွေက အချစ်ကြောင့်ပြောင်းလဲနေကြပြီပဲ~
အဲ့နေ့ပြီးတော့ ထိုကောင်လေးနဲ့ y/n ပြန်တွေ့ပါသည်။
~Minimart တစ်ခုတွင်~
Ni_Ki - ခဗျာ ကျွန်တော့်ပိုက်ဆံမလောက်ဖူး ဟုတ်လား တကယ်ပဲဘယ်လိုပေးရမလည်း
y/n ကြည့်နေတုံး ထိုကောင်လေးကအရင်နေ့ကလို တစ်ရှုံ့ရှုံ့ငိုပါတော့သည်။
y/n - သူ့အတွက်ပိုက်ဆံမယူနဲ့တော့
Ni_Ki - ဘယ်လို ထပ်ပြီးခဗျားပဲလား
y/n - မင်းကဘယ်လိုထင်လို့လည်း
y/n ကကြုံ့ကြုံ့လေးနေ နေတဲ့ကောင်လေးနားကိုကပ်ပြီး မျက်ခုံးလေးပင့်ပြပြီး ပြောလိုက်သည်။
Ni_Ki - တကယ်ပဲ ခဗျားကသရဲမလား
y/n - မဟုတ်ပါဖူး~ ဒါနဲ့မင်းကငါ့ကမ်းလှမ်းချက်ကို ခေါင်းမာပြီးလက်မခံသေးဖူးပေါ့
Ni_Ki - ကျွန်တော်က ကျွန်တော်ကခဗျားနဲ့တွဲပေးရင် ဘာရမှာလည်း
စကားကိုထစ်ငေါ့ ထစ်ငေါ့နဲ့ လက်တစ်မြှောက်မြှောက်ပြောနေတဲ့ ကောင်လေးရဲ့ပါးလေးတွေက ဖောင်းနေပြီးပေါက်စီသေးသေးလေးတွေ နဲ့တောင်ခပ်ဆင်ဆင်တူနေပါသေးသည်။
y/n - ငါကဒီနေရာပိုင်ရှင်ပဲ မင်းနေ့တိုင်းဒီနေရာမှာ မုန့်အလကားစားလို့ရတယ်
Ni_Ki - အာ့ဆို..အာ့ဆိုလည်း ပြီးရော တွဲမယ်
ဒီလိုနဲ့တစ်လလောက်ကြာလာခဲ့သည်။
Ni_Ki - ခဗျားအလုပ်ရှုပ်နေတာလား...
နှုတ်ခမ်းလေးတစ်ထော်ထော်နဲ့ y/n ဘေးနားကို ထိုပေါက်စီလုံးလေးက လာထိုင်ပါသည်။
Ni_Ki - ဟေ့ မေးနေတာကြားလား တကယ်ပဲ
y/n - အင်း နည်းနည်း
Ni_Ki - ကျွန်တော်သိလို့ အိမ်ကနေထမင်းယူလာခဲ့တယ် မဟုတ်ရင်ခဗျားနေ့လည်စာကို ဆိုင်က ready made ခေါက်ဆွဲတွေပဲစားနေတာ ကျန်းမာရေးထိခိုက်တယ်
y/n - ဘယ်ဆိုးလို့လည်း အနံ့လေးကမွှေးနေတာပဲ နောက်ခါငါမင်းကိုယူပြီးရင် မင်းပဲလုပ်ကျွေးတော့~
Ni_Ki - ဘယ်လို ခဗျားကကျွန်တော့်ကို ယူမယ်ဟုတ်လား ㅋㅋ ကျွန်တော်ကယောင်္ကျားလေးလေ ယူမဲ့ယူကျွန်တော်က ခဗျားကိုယူမှာပေါ့ ဘာတုံးးးး
y/n - အဲ့တာဆို ယူလိုက်တော့လေအခု ကြောက်တာလား?
Ni_Ki - လူယုတ်မာမကြီး
ပြောပြောဆိုဆို သူ့လွယ်အိတ်လေးကိုပိုက်ပြီး ဆိုင်ထဲကပြေးထွက်သွားတဲ့ အကောင်ပေါက်လေးကို ကြည့်ရင်း y/n တစ်ချက်ရယ်လိုက်မိသည်။
12.7.22.//3:06pm [rikiluvr__🍓]