P.O.V of y/n ~
~ရုံးပိတ်ရက်တစ်ရက် ကျွန်မအိမ်သန့်ရှင်းရေးလုပ်နေတာပေါ့ အိပ်ယာအောက်က သေတ္တာလေးကိုကျွန်မရှင်းနေခဲ့ပါတယ် အဲ့သေတ္တာလေးကိုအပြင်မထုတ်ဖြစ်တာ တော်တော်ကြာပြီ ကျွန်မမိဘအိမ်ကထွက်လာတော့ ယူလာခဲ့ပြီးအိပ်ယာအောက်ထဲ ထည့်ထားခဲ့တာ သေတ္တာကသာဖုန်တက်နေတာပါ အထဲကပစ္စည်းတွေကတော့ သန့်သန့်ရှင်းရှင်းရှ်ိနေတယ် မွှေနှောက်နေရင်း ဓာတ်ပုံလေးတစ်ပုံကိုတွေ့တော့ကြည့်မိတယ် ကျွန်မငယ်ငယ်က ကောင်လေးတစ်ယောက်နဲ့ဆော့နေတဲ့အမှတ်တရလေးတစ်ခုပေါ့ ဓာတ်ပုံထဲမှာ ကောင်လေးကလက်ထဲမှာအရုပ်လေးကိုင်ပြီး ကျွန်မကိုမျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ကြည့်နေတယ် ကျွန်မက camera ကိုကြည့်ပြီးလက်နှစ်ချောင်းထောင်ထားတဲ့ပုံလေးပေါ့ ကျွန်မကောင်လေးကိုအသေအချာမှတ်မိပါတယ် အစကပြန်ပြောရမယ်ဆိုရင်တော့ ဓာတ်ပုံထဲကကောင်လေးက ကျွန်မငယ်ငယ်ကဆော့နေကျ ကစားဖော်လေး တစ်မျိုးပြောရရင် အိမ်နီးချင်းကစားဖော်လေးပေါ့ ကောင်လေးမိဘတွေနဲ့ကျွန်မမိဘတွေကလဲ အတော်ရင်းနှီးကြပါတယ် ကောင်လေးကကျွန်မ အောက် 4 နှစ်ကျော် 5 နှစ်လောက်ငယ်ပါတယ် တစ်ရက်ကောင်လေးဖေဖေက ပြည်ပမှာအလုပ်ကိစ္စကြုံလာပြီးတစ်မိသားစုလုံး နိုင်ငံခြားမှာပဲ အခြေချဖြစ်သွားကြပါတယ် အဲ့တုံးက ကျွန်မက အသက် 13 နှစ်စွန်းစွန်း အဲ့ကောင်လေးက 8 နှစ်သာသာလောက်ပဲရှ်ိနေသေးခဲ့တာပါ ငယ်ငယ်ကတည်းက ခင်လာကြတာဆိုတော့ ရုတ်တရက်ဆန်တဲ့ခရီးကြောင့် ကျွန်မကောင်လေးကိုအရမ်းလွမ်းပါတယ် အဆက်အသွယ်တော့မရပေမဲ့ ကျွန်မမိဘတွေနဲ့ ကောင်လေးမိဘတွေကတော့ နောက်ပိုင်းအဆက်အသွယ်ရှိသလိုပါပဲ ဓာတ်ပုံနောက်က date လေးကိုကြည့်မိတော့ လွန်ခဲ့တဲ့ 10 နှစ်လောက်ကရိုက်ထားခဲ့တဲ့ပုံပါ ကျွန်မဓာတ်ပုံလေးကိုသေချာကြည့်နေရင်း မေမေ့ဆီက phone call ဝင်လာခဲ့တော့ ကိုင်လိုက်ပါတယ်"သမီး ဒီနေ့ရုံးပိတ်ရက်ဆိုတော့ အိမ်မှာရှိမယ်မလား"
Y/N - "ရှိတယ်လေဘာဖြစ်လို့လဲ"
"Jungwonnie လေး ပြန်ရောက်နေပြီတဲ့"
Y/N - "Jungwon? Yang Jungwon ကိုပြောတာလား"