( ၂ )

148 23 0
                                    

အပိုင်း ( ၂ )



-


Jaemin's

“ Jaeminnie ! ”

မျက်စိရှေ့တင်လှစ်ကနဲပျောက်သွားတာကြောင့် ကျွန်တော်မန်နေဂျာအစ်ကို ကိုတောင်အသံလှမ်းမပေးနိုင်သေးဘူး ။
လက်တွေကလည်းတုန်ယင်နေပြီး ချွေးတွေဆိုတာရေချိုးထားသလို ခန္ဒာကိုယ်အနှံ့ ။

“ Jaemin. ”

“ ကျွန်တော်ဒီမှာ အစ်ကို ”

“ အိုး.. အဆင်ပြေရဲ့လား အစ်ကိုဒီမှာလိုက်ရှာနေတာ ”

ဟန်ဆောင်ခြင်းတွေရောစွတ်နေတဲ့စကားသံတို့ကိုကျွန်တော်မသိကျိုးကျွံပြုရင်း အဆင်ပြေကြောင်းသာပြန်ပြောလိုက်တယ်
ဒါကပြောရမယ်ဆို လိုက်ရှာတာတောင်ကျေးဇူးတင်ရမယ့်အနေအထားပါ ။
Stage nameကိုအော်ခေါ်ပြီးလိုက်ရှာတဲ့အထိ ကျွန်တော့်မန်နေဂျာကမတုံးဘူးဆိုတာ ကျွန်တော်သိပေမယ့် ဘာမှထွေထွေထူးထူးပြန်မပြောဖြစ်ဘူး

“ အစ်ကိုနည်းနည်းသတိလွတ်သွား.... ”

“ ရတယ် အစ်ကို ၊ ကျွန်တော်အဆင်ပြေတာမို့လို့အိမ်ကိုပဲမောင်းပို့ပေးပါ ”

အိမ်ပြန်တဲ့တလျှောက်လုံးကျွန်တော်ဘာစကားမှမပြောဖြစ်ပဲ တရိပ်ရိပ်နဲ့ကျန်နေခဲ့တဲ့မြင်ကွင်းတွေကိုပဲငေးနေမိတယ်
ကျွန်တော်ကြုံခဲ့ရတဲ့ဆန်းကြယ်တဲ့အဖြစ်အပျက်ကို အိမ်မက်ဆိုပြီးယုံလိုက်ချင်ပေမယ့် ထိကိုင်လိုက်မိတဲ့နှုတ်ခမ်းတွေက အခုထိခပ်စိုစိုဖြစ်နေတုန်းပဲ

အဲ့ဒီသူက တကယ်ပဲVampireလား
သူတကယ်ပဲ ကျွန်တော့်ရဲ့အနမ်းကိုလိုအပ်တာလား
ဘာလို့ ကျွန်တော်မှလဲ ။

အိမ်ပြန်ရောက်တော့ကိုယ်လက်သန့်စင်ပြီးကျွန်တော်လုပ်နေကျအလုပ်တစ်ခုကိုလုပ်ဖို့ စတင်လိုက်တယ်
အဲ့တာက fanတွေဆီစာပို့တာ ။
ကိုယ့်ကိုကိုယ်ထက် ကျွန်တော့်လှုပ်ရှားမှုသေးသေးလေးကအစစိတ်ပူတတ်ကြတဲ့ ကျွန်တော်သူငယ်ချင်းတွေလို့သတ်မှတ်ထားတဲ့ လူအစုလေးပါပဲ
မကောင်းတဲ့ကိစ္စတစ်ခုခု ကျွန်တော့်အပေါ်သက်ရောက်တော့မယ်၊ သက်ရောက်လာပြီဆို ကျွန်တော့်ထက်အရင်ပွဲဆူပေးကြပြီး နေ‌မကောင်းတာဖြစ်ဖြစ်၊ စိတ်နေထိုင်မကောင်းတာဖြစ်ဖြစ် အဲ့လိုအချိန်တွေကျရင် အနွေးထွေးဆုံးစကားတို့နဲ့အနားမှာရှိနေပေးကြတယ်
ပျော်စရာ ၊ ဂုဏ်ယူရမယ့်ကိစ္စဆိုလည်း မခြွင်းမချန်ကျေးဇူးတင်ပေးကြပြီး တကယ်ကိုချစ်စရာကောင်းတဲ့လူအစုလေးနဲ့ကျွန်တော်ကြုံဆုံနေရတာပါပဲ ။
အဲ ဒီနေ့နောက်ကလိုက်လာကြတဲ့fanတွေလိုမျိုးလည်း ရှိတယ်

𝕃𝕚𝕞𝕚𝕥𝕖𝕕 𝔼𝕕𝕚𝕥𝕚𝕠𝕟 ( ʳᵉⁿᵐⁱⁿ ᵛᵉʳ ) ( Hiatus )Where stories live. Discover now