( ၃ )

144 22 2
                                    

အပိုင်း ( ၃ )


-

Jaemin's



“ Jaeminnie ”

“  ဟင် ...”

မန်နေဂျာအစ်ကိုခေါ်သံကြောင့် ကျွန်တော်ငေါက်ကနဲထထိုင်လိုက်မိတယ် ။
ကုတင်ဘေးကစားပွဲပေါ်တင်ထားတဲ့နာရီကိုကြည့်မိတော့ ၇နာရီတောင်ကျော်နေပြီ

“ ဒီနေ့တော့ အစောကြီးမနိုးတော့ဘူးထင်တယ် ”

မန်နေဂျာအစ်ကိုရဲ့ပြောစကားကို ကျွန်တော်ဘာမှတောင်မတုံ့ပြန်ဖြစ်ဘူး
ဘာလို့ဆို ကျွန်တော်ကိုယ်တိုင်လည်းစဉ်းစားမရဖြစ်နေလို့
ဘာကိုလဲဆို ၇နာရီကျော်အထိအိပ်တဲ့နေ့ဆိုတာ ကျွန်တော့်အတွက်ဒါပထမဆုံးပဲလေ
အိမ်မက်ဆိုးမက်တဲ့ညတွေဆို တညလုံးအိပ်မရတာတောင်ရှိတယ်

အိမ်မက်ဆိုးဆိုမှ ကျွန်တော်ညကထပ်မက်ခဲ့သေးတာလား
စဉ်းစားလေဝေဝါးလေဖြစ်နေတဲ့ခေါင်းကို နှစ်ချက်လောက်ရိုက်ပေးလိုက်တော့လည်း ခေါင်းမူးသွားတာပဲအဖတ်တင်တယ်
ကျွန်တော်ဘာကိုမှပြန်စဉ်းစားလို့ရမနေဘူး
အဲ ဟိုVampireရောက်လာတဲ့အကြောင်းကလွဲရင်ပေါ့

သူရောပြန်သွားတာလား ကျွန်တော်အခန်းတစ်ခုလုံးကိုလိုက်ရှာပေမယ့် မတွေ့ဘူး

“ ၉နာရီကျ Jaeminnieတက်စရာပွဲတစ်ခုရှိတယ်နော် ၊ အစ်ကိုမနေ့ကထပ်ပြောမိသေးလား ”

သေချာပေါက်မပြောဘူးပေါ့ ...

“ ကျွန်တော်သန့်စင်လိုက်အုံးမယ် ”

လုံဂျွန်းလားဘာလား ပြောတော့ဖြင့်အနီးဆုံးမှာပဲနေရမှာမို့ဘာမို့ဆိုပြီး..
နေပါအုံး ကျွန်တော်ကဘာလို့သူ့အကြောင်းတွေးမိနေတာလဲ  မရှိတာလည်းကောင်းတာပဲကို ...

“ အားး ”

“ ဘာဖြစ်တာလဲ ဂျယ်မင်းနီးး ”

ရှေ့ကနေအသံပဲလှမ်းပေးတာကြောင့်တော်သေးတယ်
မဟုတ်ရင် ကျွန်တော့်လိုပဲမန်နေဂျာအစ်ကိုလန့်သွားမှာ

“ ဘာမှမဟုတ်ဘူးအစ်ကို ၊ ”

မနက်စောစောစီးစီးကျွန်တော်လိမ်လိုက်ရပြီ
လုံဂျွန်းရယ်လေ ရေချိုးခန်းအပေါက်၀မှာဇောက်ထိုးကြီးလုပ်နေတာ

𝕃𝕚𝕞𝕚𝕥𝕖𝕕 𝔼𝕕𝕚𝕥𝕚𝕠𝕟 ( ʳᵉⁿᵐⁱⁿ ᵛᵉʳ ) ( Hiatus )Where stories live. Discover now