( ၅ )

171 23 8
                                    





အပိုင်း ( ၅ )







.......










“ ဒါကချုတိုင်းပြည်ကနေပို့လိုက်တဲ့ လက်ဆောင်နဲ့သ၀ဏ်လွှာပါ ”

“ ဒါကတော့.. ”

ပို့သလာတဲ့လက်ဆောင်တွေ ၊ သ၀ဏ်လွှာတွေကိုစိတ်၀င်စားပုံမရဘဲ အဝေးတစ်နေရာဆီသာအာရုံတို့ပို့ထားပုံရသည့်အိမ်ရှေ့စံကိုကြည့်ကာ ဟွမ်ကျွင့်သက်ပြင်းချမိသည် ။

“ အိမ်ရှေ့စံမင်းသား ..”

“ ....... ”

“ အိမ်ရှေ့စံ... ”

“ ဒီမှာဘယ်သူမှမရှိဘူး ... မင်လေးလို့ခေါ်ပါလား ”

“ မဖြစ်ပါဘူး... ဒါကနန်းတော်ထဲမှာလေ ”

“ ဒီနေ့‌ငါ့မွေးနေ့လေ ၊ ပြီးတော့မင်းနဲ့အတူရှိတဲ့ငါ့ရဲ့နောက်ဆုံးမွေးနေ့လားတောင်မသိဘူး ”

“ မဟုတ်ပါဘူးအိမ်ရှေ့စံ ၊ မယ်မယ်ကသေချာပေါက်နည်းလမ်းရှာတွေ့မှာပါ ”

“ တစ်နှစ်ပဲလိုတော့တယ် ၊ ဒီ၁၉နှစ်လုံးလုံးတောင်ရှာမတွေ့ခဲ့တာ ဒီတစ်နှစ်ကိုရောငါမျှော်လင့်ထားသင့်လား ”

လုံး၀နည်းလမ်းမရှိတာတော့မဟုတ်ပေမယ့် ထိုနည်းလမ်းကိုအခုချိန်အထိဘယ်သူမှမတွေ့ရှိရသေး
ကောလဟာလတစ်ခုကတော့ ထိုနည်းလမ်းကမယ်မယ်သိထားသည်ဟူ၍

“ မင်လေး ”

အတွေးနဲ့ရင်မောနေရတုန်း ကြားရတဲ့နာမ်စားကြောင့်ဂျယ်မင်ပြုံးမိသွားရသည်

“ စိတ်မညစ်ပါနဲ့... မင်လေးကစိတ်ထားနူးညံ့တယ် ၊ တဖက်သားအပေါ်ကြင်နာစိတ်ရှိတယ် ၊ လက်အောက်ငယ်သားတွေအပေါ်ကောင်းပေးတယ် ၊ သေချာပေါက်... နည်းလမ်းရှာတွေ့မှာပါ ..”

“ မင်းဆီကမကြာခဏကြားနေရတဲ့စကားပေမယ့်
ငါ့အတွက်အင်အားဖြစ်စေတုန်းပဲ ”

“ မင် မင်လေး.. ”

ဟွမ်ကျွင့်ကိုအလန့်တကြားဖြစ်သွားစေတာက ခါးကနေစွေ့ကနဲဆွဲယူပြီး ဟွမ်ကျွင့်ရင်ဘတ်ဆီခေါင်းလာထိကပ်ထားခြင်းကြောင့်ဖြစ်၏

“ မင်လေး ”

“ ခဏလေးပါ ၊ တကယ်ခဏလေးပါပဲ ”

“ မယ်မယ်ကြွလာကြောင်းပါ အိမ်ရှေ့စံမင်းသား ”

𝕃𝕚𝕞𝕚𝕥𝕖𝕕 𝔼𝕕𝕚𝕥𝕚𝕠𝕟 ( ʳᵉⁿᵐⁱⁿ ᵛᵉʳ ) ( Hiatus )Where stories live. Discover now