( 6 )

134 25 4
                                    

အပိုင်း ( ၆ ) ။

.

" အိမ်ရှေ့စံ... "

ဟွမ်ကျွင့်စကားတို့လေထဲမှာရပ်တန့်သွားရတာက သာမာန်၀တ်စုံကိုဆင်မြန်းထားပြီး သူအလာကိုစောင့်နေပုံရတဲ့ဂျယ်မင်ကြောင့် ။

" ရောက်ပြီလား... "

ဟွမ်ကျွင့်ကိုမြင်သည်နှင့်ကွေးကျသွားသည့်နှုတ်ခမ်းတို့ကဟန်မဆောင်စွာ ။

" ဒီနေ့ရော... တစ်နေရာသွားမလို့ပါလား "

" ဟုတ်တယ် ၊ ဒီနေ့မင်းနဲ့ငါ မြို့ထဲလျှောက်လည်ကြရအောင် "

ရွှင်မြူးနေဟန်မျက်လုံးလေးတွေက ဒီလိုအတူတူခိုးထွက်ဖို့တိုင်ပင်တိုင်း ဟွမ်ကျွင့်မြင်ရလေ့ရှိသည်

" မနေ့ကပဲ စပါးခင်းတွေဘက်သွားသေးတယ်လေ... "

သူ့နည်းအတိုင်းတက်ကြွမှုမရှိတော့ နှုတ်ခမ်းကရှေ့သို့တတောင်လောက်ထော်လာ၏
ဒါကလည်း ဟွမ်ကျွင့်မြင်ရနေကျ အိမ်ရှေ့စံ၏စိတ်ကောက်မှုမျိုးပါပင် ။

" အဲ့ဒီတော့ မသွားချင်ဘူးလား ..."

အမိန့်သံမဟုတ်သော အနည်းငယ်ချွဲ့နွဲ့သည့်ဟန်ပန် ။
ဟွမ်ကျွင့်မည်သို့ဖီဆန်နိုင်ပါ့မည်နည်း ...

" ဘယ်သူပြောလဲ.... မင်လေးသွားချင်ရင် ငါကလိုက်ပေးမှာပေါ့ ... ဘယ်နေရာကိုပဲဖြစ်ဖြစ် "

ဟွမ်ကျွင့်ထိုစကားတို့ကိုလေသံနှိမ့် ၊ နားနားကပ်ပြီးပြောလိုက်မှ ပြန်၍ပြုံးယောင်သမ်းလာ၏

" အဲ့တာနဲ့များ.."

ရှေ့ကတက်ကြွစွာထွက်ခွာသွားသည့်ခြေလှမ်းလေးတွေနောက်အမီလိုက်ရင်း ဟွမ်ကျွင့်အပြုံးတို့ကဖျော့တော့စွာ ။
လျှောက်လှမ်းသွားတဲ့ခြေလှမ်းတိုင်းကို မျက်တောင်ပင်မခတ်ဘဲ အသေးစိတ်မှတ်သားနေ၏
လှုပ်ရှားသွားတဲ့ပုံရိပ် ၊ မျက်နှာအမူအယာကအစ ဟွမ်ကျွင့်မှတ်ဉာဏ်ထဲစွဲမြဲအောင်မှတ်သားနေသလို...
လျှောက်နေရင်းလှည့် လှည့်ပြုံးပြလာသည့်အပြုံးပိုင်ရှင်ကိုလည်း ထပ်တူညီသောအပြုံးမျိုးပြန်ပေးမိ၏

လမ်းလျှောက်တိုင်း ဂျယ်မင်ကဟွမ်ကျွင့်နှင့် ဘယ်သောအခါမှယှဉ်လျက်မလျှောက်
ဒါဟာ အိမ်ရှေ့စံနှင့်အမှုထမ်းဖြစ်နေ၍မဟုတ် လုံး၀မဟုတ် ။

You've reached the end of published parts.

⏰ Last updated: Jul 15, 2023 ⏰

Add this story to your Library to get notified about new parts!

𝕃𝕚𝕞𝕚𝕥𝕖𝕕 𝔼𝕕𝕚𝕥𝕚𝕠𝕟 ( ʳᵉⁿᵐⁱⁿ ᵛᵉʳ ) ( Hiatus )Where stories live. Discover now