( ၄ )

117 20 0
                                    

အပိုင်း ( ၄ )


-











          Limited edition..







စစ်သုံ့ပန်းတွေစုနေတဲ့နေရာလေးတစ်ခု ။
ရှင်းရှင်းပြောရရင် မင်တိုင်းပြည်ကနေသိမ်းယူလာခဲ့တဲ့စစ်ပွဲလက်ကျန်တဖက်ပြည်သူများသာ...

“ အမျိုးသားနဲ့အမျိုးသမီးတွေကို သပ်သပ်စီခွဲထားလိုက် ကလေးတွေရော ”

တိုင်းပြည်ကတစ်ပါးသူလက်ထဲကျရောက်သွားချိန် ပြည်သူများမှာဘာမှအထွန့်တက်ဖို့အချိန်မရှိ ၊ ရောက်ရှိတဲ့နေရာမှာ ခိုင်းတဲ့အလုပ်ကိုသေချာလုပ်ဖို့သာခေါင်းထဲအသီးသီးတွေးတောနေကြရသည်
မဟုတ်ရင် အသက်နဲ့ကိုယ်အိုးစားကွဲနိုင်မှန်း သိထားကြသည်သာ ။

ကန်စွန်းဥဝါဝါခပ်ကြီးကြီးတစ်ဥကို လက်ထဲကိုင်စားရင်း ဟိုဟိုဒီဒီလိုက်ကြည့်နေသည့်ကလေးငယ်တစ်ယောက်
စိတ်ထဲတွင်တော့ စစ်ပွဲထက် ချပ်ရပ်နေသည့်ဗိုက်ကလေးပြည့်ဖို့သာ သူ့အာရုံထဲရှိနေသည်လေ ။

တယောက်ယောက်များလုစားလေမလား အတွေးသေးသေးလေးနှင့် အတင်းပါးစပ်ထဲအပြည့်ထိုးထည့်နေသည့်ကလေးရှေ့ ခြေစုံလာရပ်သည့် အရှိန်အဝါကြီးမားတဲ့အဆောင်အယောင်များနှင့်ခြေတစ်စုံ ။ မဟုတ်သေးဘူး ထိုတစ်စုံနောက်ကပ်ပါလာသည့် ခြေလှမ်းများစွာ ။

“ မယ်မယ် ၊ ဒီလိုသုံ့ပန်းတွေနားလာရတာ အန္တရာယ်များပါတယ် ”

“ ဒီကလေးပဲ ..”

“ ရှင် မယ်မယ် ”

“ နန်းတော်ကိုခေါ်လာခဲ့.. ”

“ အန္တရာယ်များပါတယ် မယ်မယ် ၊ သေချာစဉ်းစားတော်မူပါအုံး ”

“ မင်းတို့က ငါကိုယ်တော်ကိုနှစ်ခါပြန်ပြောရအောင်လုပ်နေတာလား ”

“ ............. ”

ကလေးငယ်အားတချက်စိုက်ကြည့်ကာ ထွက်ခွာသွားတဲ့နောက် ပြန်လိုက်ပါသွားကြတဲ့ခြေလှမ်းတွေ ။
ကန်စွန်းဥကိုင်ပြီး ကလေးငယ်ကတော့ကြောင်အနေမိဆဲ ။

“ မယ်မယ် ”

“ စိတ်ပူနေတာကိုသိတယ်အထိန်းတော်ကြီး ၊ ဒါပေမယ့်လေ ငါကအမေတယောက်ပါ အထိန်းတော်ကြီးစိတ်ပူတာထက်ကို ငါကငါ့ကလေးကိုပိုစိတ်ပူသေးတယ် ”

𝕃𝕚𝕞𝕚𝕥𝕖𝕕 𝔼𝕕𝕚𝕥𝕚𝕠𝕟 ( ʳᵉⁿᵐⁱⁿ ᵛᵉʳ ) ( Hiatus )Where stories live. Discover now