မြို့အုပ်မင်းကမြို့လူဆိုးလေးကိုအုပ်လိုက်တယ်🖤1
ခွပ် ...ခွပ်
ခွမ်း
ကွဲကျသွားတဲ့ဖန်ပုလင်းနဲ့အတူ ဖြာကျလာတဲ့သွေးတွေက ၀တ်ထားတဲ့ကုတ်အနက်ကိုလာစင်ကုန်တယ်
လက်မှာပေနေတဲ့သွေးတွေကိုဘောင်းဘီအိတ်ထဲကလက်ကိုင်ပုဝါနဲ့သုတ်လိုက်ပြီးမှ
လဲကျနေတဲ့လူကိုငုံ့လို့ကြည့်တယ်မင်းကသိပ်သတ္တိကောင်းနေတယ်ပေါ့ ငါပိုင်တဲ့နေရာမှာလာပြီးငါ့ကိုစိန်ခေါ်ရဲတယ်ဆိုတော့
ငါ့နေရာညစ်ပတ်ကုန်ပြီရှင်းထားလိုက်အမှိုက်တွေကိုလည်းလွတ်ရာပစ်လိုက်
ပြောပြီးလှည့်ထွက်သွားတဲ့ထိုလူကအနက်ရောင်ကုတ်အင်္ကျီနဲ့ ဘောင်းဘီရှည်တို့ကို၀တ်ဆင်ထားတယ် ဂုတ်ထောက်လုဖြစ်နေတဲ့ဆံပင်တွေရဲ့အပေါ်တစ်လွှာကိုစီးထားပြီးရှေ့မှာအနည်းငယ်ကျလို့နေတယ်
ချောမောတဲ့ရုပ်ရည်လေးနဲ့ဘာကိုမှဂရုမစိုက်လက်ရဲဇက်ရဲ့မိုက်ကန်းကန်းထိုကောင်လေးက နမ်ချိုင်မြို့ရဲ့မြို့လူဆိုးလေးရှောင်းကျန့်နမ်ချိုင်မြို့***
နမ်ချိုင်မြို့ဆိုတာတရုတ်နိုင်ငံအစွန်အဖျားမှာတသီးတစ်ခြားရှိနေတဲ့မြို့လေးတစ်မြို့
သီးခြားရှိနေပေမယ့် စီးပွါးရေဖွံ့ဖြိုးတဲ့ထိုမြို့လေးက အရောင်အသွေးဆုံတယ်
နမ်ချိုင်မြို့မှာအပေါများဆုံးဟာလောင်းကစားရုံများနဲ့သေရည်လုပ်ငန်းတွေ
ဒီအတွက် ရာဇ၀တ်မှုအများဆုံးမြို့လို့လည်းပြောလို့ရတယ်
နမ်ချိုင်မြို့ရဲ့စီးပွါးရေးဟာအတော်လေးကောင်းသလိုဆင်းရဲနွမ်းပါးသူမရှိသလောက်ရှားတယ်
အဲ့လိုပဲမြို့မျက်နှာဖုံးအဖြစ်အိမ်တော်သုံးခုကထိပ်ဆုံးမှာနေရာယူထားတယ်
ရှောင်းအိမ်တော် ကျွင်းအိမ်တော်နဲ့ကျိုးအိမ်တော်
ပေါများလှတဲ့လောင်းကစားရုံတွေနဲ့ သေရည်လုပ်တဲ့နေရာတွေရဲ့တစ်၀က်သာသာလောက်က ရှောင်းကျန့်ရဲ့နေရာတွေဖြစ်တယ်
ကျန်နေရာတွေကကျိုးအိမ်ရဲ့သားကြီး ကျိုးမင်ယွစ်ပိုင်တယ်နမ်ချိုင်မြို့မှာအရေးကြီးတာဆိုလို့ အာဏာနဲ့ငွေပဲ
ငွေရှိသလောက်အာဏာလည်းရှိတယ်ဒီမြို့မှာသွားမထိသင်တဲ့အရေးကြီးဆုံးပုဂ္ဂိုလ်ဆို မြို့လူဆိုးလေးရှောင်းကျန့်
ရှောင်းကျန့်က
ရှောင်းအိမ်တော်ရဲ့ဒုတိယမြောက်သား
မိဘတွေကကုန်သည်လုပ်ငန်းကိုလုပ်ကိုင်ပြီးအမဖြစ်သူရှောင်းမေကျီကတော့လက်၀တ်ရတနာနဲ့ ချည်ထည်လုပ်ငန်းကိုလုပ်ကိုင်တယ်
တစ်မိသားစုတည်းကပေါက်ဖွားလာပေမယ့်ရှောင်းကျန့်နဲ့ရှောင်းမေကျီဆိုတာပြဒါးတစ်လမ်းသံတစ်လမ်းပဲ နမ်ချိုင်မြို့ရဲ့အလှနတ်ဖုရားတွေထဲကတစ်ယောက်ဖြစ်တဲ့ရှောင်းမေကျီဟာ လှပတယ် နူးညံ့တယ် ထက်မြတ်တယ်ဆိုပြီးနာမည်ကြီးတယ်
မြို့လူဆိုးလေးဆိုပြီးနာမည်ကြီးတဲ့ရှောင်းကျန့်ကတော့ ရန်ဖြစ်တဲ့နေရာ ပြဿနာရှာတဲ့နေရာမှာဆရာကျတယ် လောင်းကစားရုံတွေကိုဦးစီးနေတဲ့သူက လက်ရဲဇက်ရဲရှိတယ်
ရက်စက်တတ်ပေမယ့် ချောမောခံ့ညားခြင်းနဲ့ လှပခြင်းတို့ကိုပေါင်းစပ်ထားတဲ့သူ့ရဲ့ရုပ်သွင်ပြင်ကရှောင်းမေကျီထက်ပိုလို့ပင်လှတယ်
အဲ့ဒီအတွက် မြို့လူဆိုးလေးပေမယ့် သူ့ကိုမိန်းကလေးတွေရဲ့စိတ်ကူးထဲကအနာဂတ်ခင်ပွန်းလောင်းဖြစ်စေခဲ့တယ်😆မနေနိုင်မထိုင်နိုင်နော်တစ်ပုဒ်အစပျိုးထားပြန်ပြီ😗
