Zawgyi P🖤2

944 4 0
                                    

မြို့အုပ်မင်းကမြို့လူဆိုးလေးကိုအုပ်လိုက်တယ်🖤2

ရှောင်းကျန့်မြို့အုပ်မင်းအသစ်ရောက်တော့မယ်တဲ့

အဲ့တော့ဘာလုပ်ရမှာလဲ

ကျန်းချန်မင်းဘယ်ကကြားခဲ့ပြန်တာလဲ

တော်တော်များများပြောနေကြတာပဲ ဟွိုက်စန်းမင်းမကြားဘူးလား

စန်း:::ငါမကြားဘူး အဲ့ဒါတကယ်ဆိုမင်းဘယ်လိုလုပ်မလဲရှောင်းကျန့်

ပုံမှန်ပဲကိုဘာတွေတွေးပူနေတာလဲ
ငွေမကြိုက်တဲ့သူရှိလို့လား

ကျန်း:::ငါကြားတာတော့ဒီတစ်ယောက်ကတော်တော် လေးတော်တယ်တဲ့
သူကငယ်ငယ်လေးနဲ့မြို့အုပ်ဖြစ်လာပြီးလာဘ်စားတာလည်းမရှိဘူးတဲ့လေ

အပိုတွေ သူကအသပြာမစားချင်ရင်  ရတနာစားချင်လို့နေမှာပေါ့

စန်း:::အဲ့ဒါတွေတစ်ခုမှမစားချင်ရင်ဘယ်လိုလုပ်မလဲ

အဲ့တော့သူစားချင်တာပြောခိုင်းရမှာပေါ့

ကျန်း:::အရင်ဟာတွေတုန်းကအတိုင်းရရင်ကောင်းမယ် မပင်ပန်းတော့ဘူး

နည်းနည်းခက်တော့အပျင်းပြေတာပေါ့
အများကြီးတွေးမနေနဲ့  ပြောလို့မရဘူးဆိုတာမရှိဘူး မလိမ္မာရင်ငါနည်းနည်းလေးအုပ်ပေးလိုက်မယ်

ကျန်း:::အဆင်ပြေရင်လည်းပြီးတာပဲ
ဒါနဲ့ မင်းနဲ့ကျင်းယီယီကကောဘယ်တော့လဲ

ချီးပဲ
ဘာတွေလာပြောနေတာလဲ

စန်း:::မင်းသူ့ကိုနည်းနည်းလေးတောင်မကြိုက်ဘူးလား
ဟိုက မင်းကိုသဘောကျလွန်းလို့မြို့မှာကျောင်းပြီးတာတောင်ဒီမှါမိသားစုစီးပွါးရေးပဲပြန်လုပ်နေတာ

ငါအရက်သောက်တာအရသာပျက်အောင်လုပ်နေတာရပ်လိုက်တော့

စန်း:::​အေးပါကွာ

ရှောင်းကျန့်ဆိုတာအဲ့လိုလူတစ်ယောက်
သူ့ရဲ့လောင်းကစားရုံနဲ့သေရည်ကလွဲရင်ကျန်တာဘာမှစိတ်မ၀င်စားတဲ့သူ
ကျင်းယီယီဆိုတာနမ်ချိုင်မြို့ရဲ့အလှဘုရင်မတစ်ပါး
ကျင်းအိမ်တော်ရဲ့တစ်ဦးတည်းသောသခင်မလေး ဖြစ်တဲ့သူမကငယ်စဉ်တည်းကရှောင်းကျန့်ကိုသဘောကျနေတာသိတယ်
မြို့မှာကျောင်းတတ်ပေမယ့်ဒီမှါပဲပြန်ပြီးအခြေချတဲ့သူမှရဲ့မျှော်လင့်ချက်လေးကရှောင်းကျန့်
ဒါပေမယ့် ကိုယ်တော်ချောကမသိချင်ယောင်ဆောင်လို့​ချေလေတယ်
သူတို့သိချင်လှတယ် မြို့လူဆိုးလေးရဲ့ကြင်ယာတော်ကဘယ်လိုပုံစံဖြစ်လောက်မလဲဆိုတာ

မြို့အုပ်မင်းကမြို့လူဆိုးလေးကိုအုပ်လိုက်တယ်Where stories live. Discover now