မြို့အုပ်မင်းကမြို့လူဆိုးလေးကိုအုပ်လိုက်တယ်🖤6
အခန်းထဲမှာအောင်းနေတဲ့ရှောင်းကျန့်က
ဒီနေ့နဲ့အပြင်မထွက်တာတစ်ပတ်လောက်ရှိပြီ
ဟိုနေ့က၀မ်ရိပေါ်နဲ့တွေ့ပြီးပြန်လာခဲ့တဲ့အထိပဲ
သူ့ဘ၀မှာဘယ်တုန်းကမှယောကျာ်းတစ်ယောက်ဆီကချစ်တယ်လို့အပြောခံရမယ်လို့မထင်ခဲ့ဘူးဖူး
အဲ့ဒါကလည်း၀မ်ရိပေါ်လိုဆွဲဆောင်မှုရှိတဲ့တောင့်တောင့်ဖြောင့်ဖြောင့်ယောကျာ်းတစ်ယောက်ဆီကဆိုပိုလို့တောင်ထင်မထားဘူး
သူ့နှဖူးကိုလာထိတဲ့အနမ်းတစ်ခုအကြောင်းအာရုံထဲရောက်လာတိုင်းမှာတစ်ကိုယ်လုံးရေနွေးငွေ့ရိုက်ခံရသလိုပဲ ဒီကြားထဲအခုန်မြန်လာတဲ့နှလုံးသားကြောင့်စိတ်တိုရလွန်းလို့ရူးမလားပဲ
ပြန်လာတဲ့နေ့ကဆိုအခန်းတံကားပိတ်လို့အပြင်ကိုထွက်ပြီးတောင်ထမင်းမစားနိုင်တဲ့ထိပဲ
သူကအဖြောင့်ပါ
နောက်ရက်တွေလဲအပြင်ကိုမထွက်ဖြစ်ပေမယ် ကျန်းချန်နဲ့ဟိွုက်စန်းရဲ့ဒေဝါရီမခံချင်ရင်လာခဲ့ဆိုလို့သူအခုအောက်ထပ်ကိုဆင်းလာခဲ့တယ်
အောက်ကိုမရောက်ခင်လှေကားပေါ်မှာတင်မြင်လိုက်ရတဲ့လူကြောင့်ရှောင်းကျန့်အကြံရသွားတယ်
ကျင်းယီယီ ဟုတ်တယ်သူမရှောင်းကျန့်ကိုအချိန်တွေအကြာကြီးသဘောကျနေတဲ့နမ်ချိုင်ရဲ့မိန်းမချောလေး
အကြုံဆိုးလေးနဲ့ရှောင်းကျန့်ကကျင်းယီယီကိုကြည့်လို့နှုတ်ခမ်းစွန်းလေးတွေကွေးတတ်သွားသည်အထိပြုံးပြလို့ဧည့်ခန်းထဲကိုဆင်းတယ်
ရှက်သွားပုံရတဲ့မိန်းမလှလေးကခေါင်းလေးငုံ့လို့မခို့တရို့ပြုံးတယ်
ကျင်းယီယီကိုကြည့်လို့မျက်လုံးထဲပေါ်လာတာကနှုတ်ခမ်းထောင့်တစ်ဖက်တွန့်ရုံပြုံးတတ်တဲ့၀မ်ရိပေါ်ရဲ့အပြုံး
သူ့အပြုံးကပို့ပြီး...
၀မ်ရိပေါ်ကြောင်းတွေးလိုက်မိတဲ့ရှောင်းကျန့်ကမြန်မြန်အသိပြန်ကပ်လို့ ကျင်းယီယီနဲ့မျက်နှာချင်းဆိုင်မှာထိုင်လိုက်တယ်
ယီယီ
ရှင်
ကိုယ့်ဆီလာတာလား
