မြို့အုပ်မင်းကမြို့လူဆိုးလေးကိုအုပ်လိုက်တယ် 🖤5
ရှောင်းအိမ်တော်ရဲ့အိမ်ရှေ့ပန်းဉယျာဉ်ထဲမှာစာထိုင်ဖတ်နေတဲ့ရှောင်းမေကျီ ဘေးနားမှာချထားတဲ့ကော်ဖီခွက်ကိုသောက်လိုက်တယ်
စာအုပ်ကိုကောက်ကိုင်လို့ပြန်ဖတ်မလို့လုပ်နေတုန်း
အိမ်တော့ရှေ့မှာလာရပ်လိုက်တဲ့ကားကြောင့်သူမပတ်၀န်းကျင်ကိုအကဲခတ်လို့ထလိုက်တယ်
ခြံစောင့်ကအပြင်ကိုလွှတ်လိုက်တာကြောင့်မရှိသလို
အိမ်ထဲကကောင်မလေးတွေကလည်းရှောင်းမားစျေး၀ယ်ထွက်တဲ့နောက်ပါသွားကြတာမို့သူမကိုယ်တိုင်ပဲခြံတံခါးဖွင့်ဖို့သွားလိုက်ရတယ်သူမခြံတံခါးကိုဖွင့်လိုက်တော့မှကားပေါ်ကဆင်းလာတဲ့လူက
သူမထက်အသက်ငယ်မယ့်ပုံစံ
ငယ်ရွယ်နုပျိုမှု တည်ငြိမ်ရင့်ကျက်မှုနဲ့
ချောမောခန့်ညားမှုတို့ကိုပေါင်းစပ်ထားတဲ့ထိုလူငယ်လေးက စူးရှတဲ့မျက်၀န်းတွေနဲ့သူမကိုစိုက်ကြည့်နေတာရင်မဆိုင်ရဲလောက်အောင်ထိ
တဆတ်ဆတ်တုန်နေတဲ့ရင်ကိုထိန်းချုပ်နေတုန်းမှာတင်ထွက်လာတဲ့သြရှရှအသံလေးကအစ ဆွဲဆောင်မှုရှိနေလေရဲ့ရှောင်းအိမ်တော်မဟုတ်လား
မေ:::ဟုတ်..ဟုတ်ပါတယ်
ကိုယ်ကဒီမြို့ကိုအသစ်ရောက်လာတဲ့မြို့အုပ်မင်း၀မ်ရိပေါ်ပါ
မေ:::ဟုတ် အိမ်ထဲ၀င်ပါ
ကောင်းပါပြီ
မေ:::ဟို ခနနော် မေကျီ ကော်ဖီသွားယူလိုက်ဦးမယ်
ရှောင်းမေကျီဆိုတဲ့မိန်းကလေးထွက်သွားတော့ရိပေါ်ဧည့်ခန်းကိုလှည့်ပတ်ကြည့်လိုက်တယ်
ချမ်းသာတဲ့အသိုင်းအ၀ိုင်းဖြစ်တဲ့အလျောက်ခမ်းနားထည်ဝါတဲ့ဧည့်ခန်းကြီးထဲမှာချိတ်ဆွဲထားတဲ့ပုံတူပန်းချီကားတစ်
မိသားစုပန်းချီကားကြီးထဲမှာတောင်သူ့ယုန်လေးကလူဆိုးလေးစတိုင်လ်ဖမ်းထားတာပဲမေ:::မြို့အုပ်မင်း ကော်ဖီသောက်ပါဦး
အင်း
အေးစက်စက်နဲ့မြို့အုပ်မင်းကိုကြည့်လို့မေကျီ နှလုံးသားလေးအခုန်မြန်နေရတယ်
ဆိုင်ကကောင်မလေးတွေမြို့အုပ်မင်းရဲ့အကြောင်းစာဖွဲ့နေတုန်းကသူမပိုတယ်ထင်မိခဲ့တာ
ကိုယ်တိုင်တွေ့လိုက်ရတော့မငြင်းနိုင်လောက်အောင်ပဲ
တိတ်ဆိတ်တဲ့လေထုကိုဖြိုဖျက်ဖို့သူမဘက်ကပဲစကားစရှာရတယ်
![](https://img.wattpad.com/cover/337782046-288-k731992.jpg)