မြို့အုပ်မင်းကမြို့လူဆိုးလေးကိုအုပ်လိုက်တယ် 🖤10
တစ်ညလုံးမအိပ်နိုင်ဘဲမနက်အစောကြီးန်ုးလာခဲ့တဲ့ရိပေါ်ကသူ့ရင်ခွင်ထဲကနတ်ဖုရားလေးကိုအရင်ငေးတယ်
ဖြေချထားတဲ့ဆံနွယ်တချို့ကမျက်နှာပေါ်မှာ
ဖယ်ရှားလိုက်တဲ့ဆံနွယ်တွေရဲ့နောက်သိပ်လှတဲ့မျက်နှာလေး
ပြီးပြည့်စုံလွန်းတယ် ခပ်ပြေပြေနှဖူးလေးရယ် မျက်ခုံးသွယ်လေးရဲ့အောက်ဖျာကျနေတဲ့မျက်တောင်တွေနဲ့မျက်ခွံလေးတွေရဲ့အောက်မှာသူသိပ်ကိုသဘောကျရတဲ့ယုန်မျက်သွယ်လေးတွေရှိတယ်
သိပ်လှတဲ့နှာတံလေးရယ် မောင့်ကိုအမြဲဆဲတတ်လွန်းတဲ့နှုတ်ခမ်းပါးလေးရယ်
အသူရာချောက်နက်လိုမောင့်ကိုဆွဲခေါ်လွန်းတဲ့မှဲ့နက်လေးရယ်
မင်းကမောင့်အတွက်နတ်ဖုရားလေးပဲကွယ်
ခပ်တင်းတင်းဖက်တွယ်ထားတဲ့လက်တစ်စုံ
အခုနေများနိုးလာရင်တော့မောင့်ကိုထတောင်ထိုးလောက်တယ်မဟုတ်လား
အပြစ်ကင်းစင်စွာအိပ်နေတဲ့လူသားကနှုတ်ခမ်းပါးလေးတွေကလည်းခပ်ဟဟပွင့်နေလေရဲ့
မောင်တော့ရူးပြီထင်တယ် မင်းနှုတ်ခမ်းလေးတွေကိုအခုပဲငုံခဲလိုက်ချင်ရဲ့
မောင့်ရှောင်းကမောင့်ကိုအမျိုးမျိုးပြုစားနေတော့တာပဲ
ညကပုံစံလေးကိုမောင်တော့သိပ်သဘောကျတာပဲ နောက်တစ်ခါမောင်မရှိပဲရှောင်းအရက်မသောက်ရဘူး
ညကပုံစံလေးကိုသာတခြားသူမြင်သွားရင်မောင်တော့အဲ့လူရဲ့မျက်လုံးတွေကိုအပြစ်ပေးမိမယ်ထင်တယ်
ခပ်ပြေပြေနဖူးပြင်လေးကိုခပ်ဖွဖွနမ်းလို့အသာလွှတ်ပေးလိုက်တယ်
နှုတ်ခမ်းတွေကိုတရား၀င်နမ်းရှိုက်ခွင့်ရအောင်မောင်အမြန်ကြံပါ့မယ်*********
လေးလံတဲ့မျက်ခွံတွေကိုအားပြုလို့ဖွင့်နေပေမယ့်ပွင့်မလာသေး တဆစ်တစ်နဲ့ကိုက်နေတဲ့ခေါင်းအရက်သောက်လိုက်တဲ့အရှိန်ကပေါ့သေးသေးမဟုတ်မှန်းသူသိတယ်
သေချာအားယူပြီးဖွင့်လိုက်တော့မှပွင့်လာတဲ့မျက်လုံးတွေထဲ၀င်ရောက်လာတာကနက်ဆွေးဆွေးအရောင်တွေဟုတ်မနေခဲ့ဘူး
စိမ်းသက်နေကေမယ့်မှတ်မိနေတဲ့အခန်းဖွဲ့စည်းပုံအရသူ့အခန်းမဟုတ်တဲ့အခြားတစ်ယောက်ရဲ့အခန်း
သေချာအကဲခတ်ကြည့်လိုက်တဲ့အခါ သူ့ဘေးမှာတစ်ခြားလူတစ်ယောက်ကတော့ရှိမနေခဲ့ဘူး
ညကသူဒီကိုဘယ်လိုရောက်ခဲ့တာလဲ
ပြီးတော့ဘာတွေလုပ်ခဲ့သေးလဲ
သူ့အရက်မူးရင်သူ့အကြောင်းသူသိတယ်
ဟို၀မ်ရိပေါ်ရဲ့ကုတင်ပေါ်ကိုငါကဘယ်လိုလုပ်ရောက်လာရတာလဲ
သူငါ့ကိုဘာလုပ်လိုက်သေးလဲ
တွေးမိတော့မှခန္ဓာကိုယ်ကနာသလိုလိုကျင်သလိုလို
ဘာမှမဖြစ်လောက်ပါဘူး အုပ်ချင်းအုပ်ငါကအုပ်မှာပေါ့ မြို့လူဆိုးလေးကမြို့အုပ်မင်းကိုအုပ်လိုက်တယ်ဆိုမှမှန်မှာ
စောစောစီးစီးမဟုတ်တာတွေတွေးနေမိတဲ့ရှောင်းကျန့်ကခေါင်းကိုခပ်သွက်သွက်ယမ်းလို့ကုတင်ပေါ်ကစောင်ပုံထဲကနေထွက်လိုက်တယ်
အိပ်ခန်းနဲ့တစ်ဆက်တည်းကအခန်းကိုဖွင့်လိုက်တဲ့အခါရေချိုးခန်း ရေပန်းကိုဖွင့်လို့မျက်နှာသစ်ပြီးတော့ရေချိုးခန်းနံရံကမှန်ထဲကိုသေချာကြည့်လိုက်မိတော့သူ့အာရုံထဲမှာပေါ်လာတဲ့မြင်ကွင်းတွေနဲ့သေသချာချာကြားရတဲ့အသံတွေကြောင့်ထူပူလာရတယ်
နောက်တစ်ခါမျက်နှာကိုရေနဲ့ခပ်များများလေးဆေးချလိုက်သည်အထိပူလောင်မှုကလျော့မသွား
![](https://img.wattpad.com/cover/337782046-288-k731992.jpg)