မြို့အုပ်မင်းကမြို့လူဆိုးလေးကိုအုပ်လိုက်တယ် P3

1.6K 93 1
                                    

မြို့အုပ်မင်းကမြို့လူဆိုးလေးကိုအုပ်လိုက်တယ်🖤 3

     မြို့အုပ်မင်း
ကျွန်တော်ကကျစ်ယောင်ပါ
လိုတာရှိရင်ကျွန်တော့်ကိုခိုင်းပါ

ကောင်းပါပြီ
ကိုယ်က၀မ်ရိပေါ်ပါ

ဟုတ်ကဲ့ မြို့အုပ်မင်းရဲ့ပစ္စည်းတွေအကုန်ကျွန်တော်နေရာချထားပြီးပါပြီ

ကောင်းပြီ

ကျွန်တော်ကအောက်ထပ်မီးဖိုခန်းဘေးကအခန်းမှာနေပါတယ်

အင်း ကိုယ်ခနလောက်နားလိုက်ဦးမယ်

ဟုတ်ကဲ့ပါ

    ၀မ်ရိပေါ် အပေါ်ကအခန်းထဲရောက်တယ်ဆိုအပေါ်ကုတ်ကိုချွတ်လို့ကုတင်ပေါ်ကိုလှဲလိုက်တယ် ကျယ်၀န်းလှတဲ့အိပ်ခန်းထဲမှာကျွန်းဗီရိုကြီးကြီးတစ်လုံးရယ် မှန်တင်ခုံရယ် စာကြည့်စားပွဲရယ် အပြင်စာအုပ်စင်ခပ်ကြီးကြီးတစ်ခုပါရှိတယ်
မျက်လုံးကိုမှိတ်ချလိုက်တယ်ဆိုခနချင်းမှာပဲအိပ်ပျော်သွားတဲ့၀မ်ရိပေါ်ကသူတကယ်အနားယူဖို့လိုအပ်နေတာဖြစ်တယ်

******

မြို့အုပ်မင်း

​အင်းကျစ်ယောင် ကိုယ်မြို့ထဲလျှောက်သွားကြည့်ချင်လို့

ဟုတ်ကဲ့ကျွန်တော်လိုက်ပို့ပေးပါ့မယ်
ညနေစာပြန်လာမှစားမှာလား

အင်း

******
ကျစ်ယောင်နဲ့ မြို့ထဲကပြန်လာတဲ့၀မ်ရိပေါ်ကဒီမြို့အကြောင်းကိုပိုလို့စိတ်၀င်စားလာရတယ်
လောင်းကစားရုံနဲ့သေရည်ဆိုင်တွေ
အများဆုံးရှိတဲ့ဒီမြို့ကနည်းနည်းအရိုင်းဆန်ပေမယ့်လှတယ်
သူပိုပြီးသိချင်လိုက်တာတစ်ခုကလောင်းကစားရုံတွေအများဆုံးပိုင်တယ်ဆိုတဲ့မြို့လူဆိုးလေးအကြောင်း

*****
၀မ်ရိပေါ်နမ်ချိုင်ကိုရောက်တဲ့ဒုတိယမြောက်နေ့ကရုံးပိတ်ရက်ဖြစ်တယ်
သူနေတဲ့ခြံကတော်တော်လေးကျယ်သလိုပန်းပင်တချို့လည်းရှိတယ်
တနေ့လုံးစာကြည့်ခန်းထဲမှာအချိန်ကုန်တဲ့၀မ်ရိပေါ်ကညနေခင်းမှာနမ်ချိုင်မြို့ထဲကိုကားနဲ့သွားကြည့်ဖို့စိတ်ကူးရှိတယ်
ရေချိုးပြီးထွက်လာတဲ့၀မ်ရိပေါ်က
သူ့ကိုယ်ပိုင်ဂျစ်ကားကိုမောင်းလို့ထွက်လာခဲ့တယ်
နမ်ချိုုင်မြို့ရဲ့အစွန်ဘက်ခပ်ချောင်ကျကျနေရာထိအောင်ကားကိုခပ်ဖြည်းဖြည်းမောင်းလာခဲ့တယ်

မြို့အုပ်မင်းကမြို့လူဆိုးလေးကိုအုပ်လိုက်တယ်Where stories live. Discover now