Part 1

1.6K 60 2
                                    

ဆောင်းတွင်း ရဲ့ အအေးထက်က ထင်တာထက် ပို သည် ရေခဲမှတ်တောင် ကျော်မည့်အလား Zhang Hao လဲ Bus မှတ်တိုင်မှာ တယောက်ထဲထိုင်နေ‌သည်မှာတော်တော်ကြာနေပြီ သူရှေ့မှာ လျှောက်သွားနေတဲ့ လူတွေကိုလဲ ဂရုမစိုက်ဖြစ် အိမ်ကိုလည်း လမ်းလျှောက်ပြန်ဖို့ စိတ်ကူးထားသည် ဘာပဲဖြစ်ဖြစ် ခေါက်ဆွဲပြုတ်လေးတော့ ၀င်စားသွားပါအုံးမယ် ဆိုပြီး စတိုးဆိုင် တခု‌တွင် ၀င်ထိုင်ပြီး ခေါက်ဆွဲပြုတ်ကို အငမ်းမရသောက်သည် ရင်ထဲကို နွေးသွားတာပဲ

အိမ်ကို တယောက်တည်း အေးအေးလူလူ ပြန်ရတာ ဘလောက်ကောင်းလဲ နောက်နေ့တွေလဲ လမ်းလျှောက်ပြီး ပြန်မယ် ....

သူက တိုက်ခန်းမှာ နေတာမို့ တယောက်ထည်းဆိုတော့ လွပ်လွပ်လပ်လပ်ပဲ တခြား အခန်းက လူတွေနဲ့လဲ Zhang Hao က မဆက်ဆံတာမို့ နေရတာတော့ ကောင်းပါတယ် မနက်နိုးရင် ပြင်ဆင်ပြီး အလုပ်သွားမယ် သူလုပ်ရတဲ့အလုပ်က  စားသောက်ဆိုင်က  စာပွဲထိုးပါ ဒါပေမယ့် ဆိုင်ရှင် ဦးလေးကြီးက သားအရင်လိုသဘောထားရှာတယ် ပိုက်ဆံကိုလဲ မတန်တရာပေးတာမျိုး မရှိဘူး

အားလုံးက ခါတိုင်းလိုပဲ လည်ပတ်နေတယ် ဟော သူအတွေးလွန်ပြီးလမ်းလျှောက်လာတာ သူနေတဲ့ တိုက်ခန်းကိုတောင် ကျော်သွားပြီမို့ ပြန်လှည့်ရသည်

ဟင် ဘယ်ကကောင်လေး ငါ့အခန်းရှေ့မှာ ရပ်နေတာတုန်း သူခိုးလားမသိ အဲ သူခိုးဆိုရင် ၀င်ခိုးမှာပေါ့ ဟာ မသိတော့ဘူးဆိုပြီး အဲ့ကောင်လေးကို

""" ညီလေး ကျတော့်အခန်းရှေ့မှာ ဘာလုပ်တာလဲမသိ """"

""" အော်ဟုတ် ကျတော် အခုမှ ဒီတိုက်ခန်းကို ပြောင်းလာတဲ့ အနေနဲ့ ဒီကသူတွေနဲ့ ရင်းနှီးနေချင်တာကြောင့် ချောကလက်လေးတွေ လာပေးတာဗျ """"

အမယ် ရင်း‌နှီးချင်လို့တဲ့ ဘာပဲဖြစ်ဖြစ်ပါ သူလဲ ဒီနေ့ အချိုဓာတ်လေး နဲနဲတော့ ဗိုက်ထဲရောက်သွားတာပေါ့ အမယ် သူက ပြုံးလိုက်တော့ ချောသားဟ

"ဟို.."

ဟိုကောင်လေး ပြောမှ တွေးနေရာကနေ အသိစိတ်ပြန်၀င်လာသည်

""" ဟုတ် ကျေးဇူးပါ """"

""" ‌ကျတော့် နာမည် sung hanbin ပါဗျ နောက် အကူညီလိုရင် အခန်းခြင်း ကပ်ရပ်မို့ အချိန်မရွေးပြောပါဗျ နောက်လဲ ကူညီပေးပါအုံး"""

ကျန်းဟောင့် ခေါင်းသာ ငြိမ့်လိုက်သည်

" ဒါနဲ့ အကို နာမည်က ""

"" Zhang Haoပါ ""

" ကြည့်ရတာ ထိုင်းလူမျိုးထင်တယ်နော် ""

ကျန်းဟောင့် အံဪ သွားသည် ဒီလောက် နာမည်ပါ ရွတ်ပြနေတာကို ထိုင်းလူမျိုးလားတဲ့ တော်သေး India လူမျိုးလို့ မပြောလို့

" မဟုတ်ပါဘူး တရုတ်လူမျိုးပါ ""

" အော် ဟုတ်ကဲ့ "

သူပြောချင်ရာ ပြောပြီး ပြန်လှည့်ထွက်သွားသည်
ဘလိုဟာလဲဟ

Hanbin side///

ချောလိုက်တာ ငါ ရင်တွေခုန်သွားတာပဲ ဘလိုလုပ်ကြမလဲ ငါ ရင်ခုန်လို့ မဖြစ်ဘူး ဆောင်းဟန်ဘင်း ငါက အမျိုးသမီးကိုပဲ ယူရမယ်လေ
မဖြစ်ဘူး မဖြစ်ဘူး  တကယ်တော့ သူတယောက်ထဲကို ပေးခြင်းဖြစ်သည် လမ်းမှာတုန်းက သူကို့မြင်လိုက်သည်မို့ ချောကလက်သွား၀ယ်ကာ ပေးခြင်းဖြစ်သည် ကျန်တဲ့သူတွေတော့ စားခြင်ရင် ကိုယ့်ဘာကိုယ် ၀ယ်စားပေါ့ အတွေးတွေ ဆက်ပြီး နယ်မချဲ့တော့ပဲ အိပ်ဖို့သာ ပြင်လိုက်တော့သည်

ဒီလိုနဲ့ တိတ်ဆိတ်တဲ့ညလေး တည မှာ ကောင်လေးနှစ်ယောက်ဟာ မျက်လွှာလေးတွေချလို့

အရမ်းတိုသွားလားဟင် နောက်ခါ ရှည်ရှည်လေး ရေးပေးပါမယ် ㅠㅠ

Love ( S2 Complete)Where stories live. Discover now