Part 2

795 46 3
                                    

တကယ့်ကို ရှက်စရာ ကောင်းတယ် မဟုတ်ဘူး အဲ့ကောင်က ဘာမို့လို့ ငါ့ကို ဘလိုတွေကြည့်နေတာလဲ

မနေ့က ချောကလက်လာပေးတဲ့ ကောင်ပေါ့ ဒီနေ့ ‌Zhang Hao အချိန်ပိုင်းလုပ်တဲ့ စားသောက်ဆိုင်ကို
ရောက်လာတဲ့လေ
သူလဲ အံ‌ဪ သွားတာ ပါးစပ် ဆိုရင် ဆင်တောင် ၀င်လို့ရတယ် အဲ့အထိ အဆင်ပြေသေးတယ်

ဘာမှမဖြစ်သေးဘူး သူပြန်ခံနီးလေးမှာ အဲ့ခွေးကောင်လေး ပြောသွားတာလေ ဘာတဲ့

"ကုမဏ္ဏီ ၀န်ထမ်းထင်နေတာ" တဲ့ ကျန်းဟောင့်စိတ်တွေတအားကို ‌ဆွဲဆန့်ထားရသည်

သူကမြင့် အလုပ်မရှိ အကိုင်မရှိကို လို့ ပြောလိုက်ချင်သေးတယ် ဒီနေ့ စိတ်ရှုပ်ခြင်း နဲ့ နေ့တနေ့ ကို စတင်လိုက်ရပြီလေ အဲ့ကိုယ်တော်ချောကြောင့်

အဲ့ကတည်းက ကျန်းဟောင့် သိလိုက်သည် သူက ပေါင်းလို့ အဆင်ပြေမယ် လူမျိုးမဟုတ်ဘူးဆိုတာ

တနေ့တနေ့ ကုန်ဆုံးတာလဲ မြန်လိုက်တာ ကြည့်လေ အခုပဲ ‌ဆိုင်ဖွင့် အခုပဲ ဆိုင်ပိတ် ကျန်းဟောင့် မနေ့ ကလို လမ်းလျှောက်ပြန်ဖို့ပဲ စဉ်းစားလိုက်သည်

"ဟို အကို "

အသံကြားရာလှည့်ကြည့်လိုက်တော့ ဟိုဘက် အခန်းက ကောင်လေး သူလဲ ဘာမှဆက်မပြောချင်လို့ ‌မပြေးရုံ တမယ် မြန်မြန်လျှောက်လာခဲ့သည်ကို

ကိုယ်တော်ချောက လက်ကိုဆွဲလိုက်တာ သူ့ဘက်ကိုဆွဲပါသွားပြီး ရင်ဘက်ခြင်း ခေါင်းခြင်း ကပ်နေကြ... နှစ်ယောက်လုံး ရှက်ကိုးရှက်ကန်ဖြစ်နေပြီး ကျန်းဟောင့်က တွန်းထုတ်မိလိုက်သည်

" ဘာပြောစရာရှိလို့လဲ ရန်ဘင်း"

အဲ့ကောင်လေး အူတက်အောင်ရယ်သည် ကျန်းဟောင့်ကတော့ ကြောင်ကြည့်နေမိဆဲ

" ရန်ဘင်းမဟုတ်ဘူးဗျ ဟန်ဘင်းပါ"

အဲ့လိုပြောပြီး ထပ်ရယ်တော့ ကျန်းဟောင့်လဲ ရှက်သွားသည်

" ရန်ဘင်းဖြစ်ဖြစ် ဟန်ဘင်းဖြစ်ဖြစ် ဘာပြောစရာရှိလို့လဲ"

" ဒီတိုင်း တွေ့လို့ နှုတ်ဆက်လိုက်တာပါ "

" အင်း " ဟုပြောပြီး လှည့်ထွက်သွားသည် တော်တော်ချေတာပဲ ရုပ်ကလေးနဲ့ မလိုက်အောင်

ဘာပဲဖြစ်ဖြစ် ရင်ဘက်ခြင်းတော့ ထိသွားသေးတာပဲ နှမြောတာက နှုတ်ခမ်းခြင်းမထိသွားဘူး ㅠㅠ

ညလုံးပေါက်ထိ ကျန်းဟောင့် ရှက်မိသည် မဟုတ်သေးပါဘူး ယောင်္ကျားလေးခြင်းပဲလေ ဘာရှက်စရာလိုသေးလဲလို့ ဖြေတွေးနေပေမဲ့

မရ ဘလိုတွေဖြစ်နေလဲတော့မသိ အော် တယောမထိုးဖြစ်တာတောင် တော်တော်ကြာပြီပဲ

အပြင်ဘက်မှာ ဆိုင်တွေလဲ ပိတ်ကုန်ပြီ ဆိုတော့ လူလည်းမရှိလောက်တော့ဘူး ၁၂ နာရီကျော်ပြီလေ

ကျန်းဟောင့် အပြင်ဘက်ထွက်ပြီ မျက်လုံးလေးတွေကို မှိတ်ကာ တယောထိုး‌သည် အအေးဓာတ်ကိုလဲ

မဖြုံတော့ လှပတဲ့ ဂီတသံလေးက ညရဲ့ တိတ်ဆိတ် မှူကို ဖြိုခွင်းလိုက်သည် အဲ့လှပတဲ့တေးသံလေးမှာ

ဟန်ဘင်း‌လေကတော့ မျက်လုံးမှိတ်ပြီး နားထောင်လျှက် .......

အခုတခေါက်လဲ တိုတိုလေးပါပဲ ㅠㅠ မီကတော့ မီ့အရေးသားကို အားမရလို့ ကောင်းလား‌မကောင်းလားဆိုတာ ပြောပေးသွားပါအုံး 😭😭 သိပ်အားမရသေးတာမို့ အပိုင်းက ရှည်ချင်ရှည်နိုင်ပါတယ် တခြားတပုဒ်လဲ ရေးဖို့စိတ်ကူးထားပါတယ် နေ့တိုင်း up နိုင် ဖို့လဲ ကြိုးစားနေပါတယ်လို့💕 အခုတော့ ဘိုင့်ဘိုင့်ပါ😘

Love ( S2 Complete)Where stories live. Discover now