S2 P1

392 22 0
                                    

" တီတီတီတီ "

ဟာအို နှိုးစက် လေးကို အထပ်ထပ်အခါခါ ကျေးဇူးတင်မိသည် မဟုတ်ရင် ဒီ အိမ်မက်လိုလို

အတိတ်ဘ၀ က အဖြစ်ပျက်လိုလို ဟာကြီးထဲမှာ မျက်ရည်တွေ အထပ်ထပ်ခါခါ ကျရအုံးမည်လေ ထူးဆန်းသည်

တကယ်လို့ အဲ့ အချိန်ကို ပြင်ဆင်ခွင့်သာ ရခဲ့ရင်.... ‌ဒါမှမဟုတ် ဒါက အတိတ်လား ? ပစ္စုပန် လား အနာဂါတ် လား ?

ဒါမှမဟုတ် ဒီတိုင်း စိတ်ကူးလေး တခုပဲလား ?...... အတိတ် ဆိုရင် သေချာပေါက် နာကျင်ခဲ့ရမည် ပစ္စုပန် ဆိုလဲ မရင်ဆိုင်ရဲပါ အနာဂါတ်ဆိုရင်တော့ ဒီတိုင်းလေးပဲ သေခဲ့သွားချင်သည်....

အင်းလေ ဖြစ်မှ မဖြစ်ချင်တာ အဲ့ အိမ်မက်ထဲက ဆောင်းဟန်ဘင်း ဆိုတဲ့ ကောင်လေးကကော အပြင်မှ တကယ်ရော ရှိပါ့မလားမသိ

အဲ့ အိမ်မက်ကို မက်နေသည်မှာ ၁ လ လောက်ရှိပြီလေ ‌အခုတော့ သူ အဖြေကို ရအောင် ရှာရမည် အကုန်လုံးကို ပြင်ဆင်မည် အတိတ်ဆိုရင် ပြင်ဆင်လို့ မရတော့ဘူး သူတယောက်ထဲတင် ရှုပ်နေတာမို့ အတွေးကို ဖျောက်ကာ

ရေချိုးခန်းထဲ ၀င်တော့သည် ဒီနေ့လဲ ကော်ဖီဆိုင် အရောင်းပါးနေသည် သူတယောက်ထဲပဲ ရှိသည် အရောင်းပါးလဲ ဘာမှမဖြစ်ပါ သူ့ သူငယ်ချင်းဆိုင်ပဲလေ ဟဲဟဲ

ဟင် ကော်ဖီ ကော်ဖီ ဆိုင်ထဲကို ၀င်လာတဲ့ တယောက် အသက်က ၁၆ လောက်ပဲ ရှိမယ် သူ့မျက်လုံးထဲမှာ အရောင်တွေ ‌လက်နေခဲ့သည်

သူတို့ နှစ်ယောက် မျက်လုံးချင်း ဆုံတဲ့ အခါမှတော့ နှစ်ယောက်လုံးရဲ့ အချိန်တွေဟာ ခန ရပ်သွားသလိုပင်

_________

" ယူဂျင်းနီး"

ကျန်းဟောက် အခု ဘယ်ရောက်နေတာပါလိမ့် အိမ် အကြီးကြီးတလုံးထဲမှာ ပြီးတော့ သူ့ပါးစပ် ကလဲ အလိုလို " ယူဂျင်း ယူဂျင်း " ဆိုပြီး အော်ခေါ်မိနေသည် ထို့နောက် ဟို ကောင်လေး ကော်ဖီဆိုင်က ကောင်လေးက

" ဟုတ် သခင်လေး ယူဂျင်း လာပါပြီ"

ထိုကောင်လေးက ငါ့ကို သခင်လေး လို့ ခေါ်လိုက်တာလား

" ဟာ ယူဂျင်းလေးကလဲ ဘသူမှ မရှိတော့ဘူးပဲ ဒီတိုင်းခေါ်လို့ရပါတယ် "

" ဟုတ် ကိုကို "

ကျန်းဟောင့် အသိစိတ်ရှိနေပေမယ့် သူ ပါးစပ် က အလိုလိုထွက်သွားသည့် စကားတွေ

" ဒါမှပေါ့ ကိုကို မင်းကို အမြန်ဆုံး မေမေတို့ လက်ခံအောင် လုပ်ပေးမယ် "

" ဟုတ် ကိုကို ဂယူဘင်း "

ဟင် ငါက ကျန်းဟောက်လေ ဘာလို့ ဂယူဘင်း လို့ ခေါ်နေတာပါလိမ့် ထိုကောင်လေးက ငါ့ ရင်ခွင်ထဲ ၀င်လိုက်တယ် ဒါ နောက် ဘ၀ တခုလား။ ဘလိုတွေလဲ

" ကိုကို စီးကရက် ‌တွေ သောက်နေပြန်ပြီလားဟင် "

" နဲနဲပါ ယူဂျင်း ရဲ့ "

" ယူဂျင်း မကြိုက်ဘူးလို့ မသောက်နဲ့နော် "

" ဟန် ယူ ဂျင်း! မင်း ကိုယ့် သခင်လေး ကို ပြန်‌ပြောနေတာလား "

" ဟင်.."

" စတာပါ ယူဂျင်း ရဲ့ နောက်ခါ မသောက်တော့ဘူးနော်"

ဟင် ငါက ငါမုန်းတဲ့ စီးကရက်‌တွေ သောက်နေတာလား
ဟင်

" တော်ပြီ ကိုကိုကို့ မခေါ်တော့ဘူး "

" လိမ္မာတယ် နော် ကိုကို က ဆိုးတဲ့ ကလေးတွေကို မချစ်ဘူး စတာပါဆို "

ထို့နောက်

" ဂွမ် ဂွမ် ဂွမ် "

‌ခွက်တွေ ပလုံတွေ ကျကွဲသွားသော အသံ ပြီးတော့ အရှေ့မှာ ဟင် မိန်းမကြီး တယောက်

" မေမေ "

" ဒါ ဘာလဲ ပြောလေ ဂယူဘင်း !"

ထို့နောက် ယူဂျင်း ထံသို့ ရောက်လာသော လက်ဝါး

" တောင်းပန်ပါတယ် သခင်မ"

ထို့နောက် ကျန်းဟောင့် နားတွေ အူထွက်သွားသည့် ဘာမှမကြားတော့ ယူဂျင်း ငိုနေသည် သူလဲ ငိုနေရသည်
ပြီးတော့ ကျန်းဟောက် အရဲတင်းပြီး ပြောလိုက်တာက

" ဟုတိတယ် သား ယူဂျင်းကို ချစ်တယ် သဘာ၀ကို လွန်ဆန် တာဆိုလဲ ပျော်ပျော်ကြီး လွန်ဆန်ပေးမယ် သားဘသူ့မှလဲ ဂရုမစိုက်ဘူး သားကို သတ်ချင်သတ် အပြစ်ဘလောက်ပေးပေး သားရဲ့ အချစ်က ပြောင်းလဲမှာ မဟုတ်တာမို့ "
_____________

A/N : ဖတ်လို့ကောင်းရဲ့ လားတော့ မသိဘူးပေါ့နော် အစပိုင်းတော့ နဲနဲ ရှုပ်ထွေးခြင် ရှုပ်ထွေးနေလိမ့်မယ် နောက်ပိုင်းမှာတော့ အကုန်လုံးကို ရှင်းသွားမှာမို့ အဆုံးထိ ဖတ်ပေးကြပါအုံး။ ‌အော် ဒါနဲ့ အခုပုံစံက S1 နဲ့ အဆက်ပြတ် သွား သလို ဖြစ်ချင်ဖြစ်နေလိမ့်မယ်နော်
နောက်ခါ ရှည်ရှည်လေး ရေးပေးမယ်နော်

Love ( S2 Complete)Where stories live. Discover now