part 4-2(final)

697 33 2
                                    

Zhang Hao တို့ တ‌လျှောက်လုံး အဆင်ပြေနေပေမဲ့ ချစ်သူ သက်တမ်း တလပြည့်မှာတော့ ပြသနာ က စလာခဲ့သည်

" အကို ဒါဘာလုပ်တာလဲ "

" အကို ဘာလုပ်လို့လဲ "

ကျန်းဟောက် က ဘာမှမသိသလိုနဲ့ အခန်းထဲမှာ ၀င်လာကတည်းက ပြောဆိုနေတဲ့ ဟန်ဘင်းကို ကြောင်ကြည့်နေမိသည်

ဒါ ဘာလဲ

ဟန်ဘင်း က လက်ထဲက စာတစောင်ကို ပြသည်

" ဘာရီးလဲ "

" ‌ဒီမှာကြည့် မောင် ဖတ်ပြမယ်

ချစ်ရပါသော ငယ် ငါ မောင်ကို့ အရမ်းစိတ်ပျက်နေပြီ ယောင်္ကျားလေးချင်းလဲ မချစ်ချင်တော့ဘူး ငါမင်းဆီ လာခဲ့မယ် ငယ် ဒီနေ့ ည ၁၂နာရီ မှ ငါ့ကို ***** မှာ စောင့်နေပါ "

ကျန်းဟောက် ခေါင်းကို ပူထူသွားသည် ဘလိုဘလို ငါ ဘယ်တုန်းက ရေးခဲ့တာလဲ ဟူသည့် မျက်နှာဖြစ်သွားသဖြင့်

ဟန်ဘင်း က သူ အလုပ်ဖြစ်ပြီ ဆိုပြီးပျော်နေသည် တကယ်တော့ မနေ့ က april fool မှာ မစလိုက်ရလို့ အခုမှ စ‌လိုက်ခြင်းဖြစ်သည် အကိုကတော့လေ တုံးလိုက်တာ

ဟန်ဘင်းလဲ ဇာတ်ရှိန်တက်ချင်တာကြောင့်ကော ဗိုက်ဆာနေတာကြောင့်

" တော်ပြီ ဘာမှမကြားချင်ဘူး မောင်တို့လမ်းခွဲတဲ့ အနေနဲ့ မောင်တို့ ပထမဆုံး ဒိတ်ခဲ့တဲ့ ပဲခေါက်ဆွဲ ဆိုင်မှာပဲ သွားရှင်းကြတာပေါ့ "

" မောင် အထင်လွဲ နေပြီနော် "

ဟန်ဘင်းက ဘာမှမပြောပဲ သူ့ကို ပဲခေါက်ဆွဲဆိုင်ဆွဲခေါ်သွားသည်

နှစ်ယောက်လုံး တိတ်ဆိတ်နေကျ

" လမ်းခွဲကြရအောင် "

" မဟုတ်ဘူး "

" ငါ မင်းကို ဘယ်တော့မှ သစ္စာမဖောက်ဘူးလို့ ပြောခဲ့တဲ့လေကွာ "

" အဲ ခန  "

ခန ဆိုပြီး ကျန်းဟောက် ဆိုင်နဲ့ မျက်နှာခြင်းဆိုင် က မုန့်ဆိုင်လေးကို ထွက်သွားမှ ဟန်ဘင်း အော် ရယ်မိသည် တုံးတာလား တုံးချင်ယောင်ဆောင်နေတာလား

"ဟေး ငါ စ နေတယ်ဆိုတာ သိတယ်နော် "

မက်ဆေ့ လှန်းပို့သော အကို

"ဟုတ်ပါပြီ ဗျာ "

" ဟင့် မခေါ်တော့ဘူး "

မက်ဆေ့ကြည့်ပြီး ဟန်ဘင်း ရယ်မိသည် စိတ်ကောက်သွားတဲ့ အကိုပါပဲလေ

" ခေါ်စေချင်ရင် ဒီဘက်ကို လာခဲ့ "

ဟန်ဘင်းဟိုဘက် ကို ကြည့်လိုက်တော့ ဟိုဘက်လမ်းကနေ လက်လှမ်းပြနေသည့် အကို့ကိုတွေ့သည်

ဟန်ဘင်းလဲ မတုံ့မဆိုင်းပဲ ပဲခေါက်ဆွဲဆိုင်ကနေ ခုံပေါ်ကို ပိုက်ဆံထားခဲ့ပြီး ‌လမ်းလျှောက်ပြီး ဟိုကိုသွားသည်

ဟင် အကို့မျက်နှာဘာဖြစ်တာ ပါးစပ်ကလဲ တတွတ်တွတ် နဲ့ လက်ကလဲ နောက်ဆုတ်နောက်ဆုတ် ဆိုပြီး အချက်ပြနေသလို ၂စက္ကန့်လောက် ကြာတော့ ဒုန်းကနဲပဲ တခုတခုက ဟန်ဘင်း ခန္ခာကိုယ်ကို ၀င်စောင့် လိုက်သည် ပြီးတော့ ဟန်ဘင်း ခေါင်း‌မှာ သွေး သွေးတွေ ဟော အကိုလာပြီ မျက်လုံးဖွင့်ကြည့်လို့ မရပေမဲ့ မောင် မောင် နဲ့ အော်ပြီး ၀မ်းနည်းသံစွတ်နေတဲ့ အကိုအသံ ဟန်ဘင်း ဘာမှ ဆက်တွေးလို့ မရေတော့ဘူး အင်း အနားယူချိန် တန်ပြီပေါ့လေ

Zhang Hao/ Side ///

မောင် မောင် "ကား တိုက်ခံရတယ့် မောင့်ကို ကြည့်ရတာ ကမ္ဘာပျက်တော့မယ် မောင်သေပြီ မောင်သေပြီ ကျန်းဟောက် သူ့ပါးကိုသူ ၁၀ ခါလောက်ရိုက်မိသည် နာတယ် နာတယ် ဟာ အိမ်မက်မဟုတ်ဘူးတဲ့ မောင်ရဲ့

အခုဆို မောင်ရဲ့ အလောင်းလေးပေါ်မှာ ငိုကြွေးနေတာ ၃၀ မိနစ်လောက် ရှိပြီ ... တခြားသူတွေက ပြောနေကြတာတွေလဲ မကြားတော့ဘူး

ပျော်ရွှင်နေတယ်ထင်ပေမယ့်နာကျင်နေတယ်
ပြုံးနေပေမယ့်ငိုနေတယ်
သာယာနေတယ်ထင်ပေမယ့်ခြောက်သွေ့နေတယ်
ဦးဆောင်နိုင်တယ်ထင်ပေမယ့်လမ်းပျောက်နေတယ်
ရှင်နေပေမယ့်သေနေတယ်
ရူးသွပ်သွားချင်ပေမယ့်မကျေသေးတဲ့တာဝန်တွေကြောင့်
မနေချင်လည်းနေ နေရတယ်
အားလုံးပြီးဆုံးသွားတဲ့တနေ့
သွပ်သွပ်ခါအောင်ရူးသွပ်သွားချင်တယ်
ဒါမှငါရှင်သန်နိုင်လိမ့်မယ်
ဒါမှမဟုတ်သူ့ကိုတွေ့နိုင်မယ်ဆို
သူနဲ့နေနိုင်မယ်ဆိုငါ့ကိုလာခေါ်ပေးပါ
သေမင်းရယ်....

ကျန်းဟောက်လဲ မျက်လုံးလေးတွေ မှိတ်သွားကာ .... အပြစ်ကင်းစွာ အိပ်စက် နေသည်

ကားလမ်းမပေါ်မှာ ချစ်သူနှစ်ယောက်ရဲ့ အချစ်ဝိညာဉ်လေးနှစ်ခုကတော့ ပျော်ရွှင်စွာ နေ့တိုင်းဆော့ကစားနေကြသည်....

End _____

ကဲ ပြီးသွားပြီ 😭😭😭

Feedback လေးတွေ လိုချင်ပါတယ် ထပ်ရေးရမလား ပြောပေးပါအုံး  ဂယူဂျင်းကတော့ ဒီနေ့ အပိုင်းတစ် လာပါမယ် ‌နောက်ဆုံး တော့ Love fic လေးက ပြီးသွားပါပြီနော် တာ့တာပါ ။

Love ( S2 Complete)Where stories live. Discover now