S2 Episode 3

237 17 0
                                    

" ကိုကို?"

" ပြောလေ ယူဂျင်း ရဲ့ ?"

" ယူဂျင်း ပြောမဲ့ စကားကို သေချာ နားထောင် ပေးပါ .. "

" ဟုတ်ပါပြီ ပြောလေ "

" တကယ်တော့ ယူဂျင်း ကိုကို့ ကို မချစ်ခဲ့ဘူး ဘယ်လိုမှာ ကိုကို လို့ မြင်လို့မရဘူး အခုက နေရတာလဲ အရမ်း သက်တောင့်သက်သာ ဖြစ်နေတာ မဟုတ်ဘူး "

" အဲ့တော့ ဘာလုပ်ချင်တာလဲ ဟန် ယူ ဂျင်း !"

" လမ်းခွဲမယ် !"

" ဘလို အဟား ရတယ်လေ မင်း က ဒီရုပ်လေး ပြောင်းသွာရုံနဲ့ အဲ့လို လုပ်တယ်ပေါ့? မင်းက အပေါ်ယံ သမားပဲ !"

" ဘာပဲဖြစ်ဖြစ် ခင်ဗျားကို ဆက်မပတ်သက်ချင်တာမို့ လမ်းခွဲမယ်လို့ !"

" အင်းပါ ရတယ်လေ မင်းရဲ့ ဆုံးဖြတ်ပိုင်ခွင့်ပဲ ငါက လိုသုံးပါပဲ။"

" အာ့ဆိုလဲ ပြီးတာပဲလေ !"

_____________

ယူဂျင်း နာကျင်ရပါသည် ဒါပေမဲ့ ဒီ ဆုံးဖြတ်ချက်ကို ယူဂျင်း မှန်တယ်လို့ ထင်သည် ဘာပဲဖြစ်ဖြစ် ဟန်ယူဂျင်း က ကင်မ်ဂယူဘင်း ကို ဆက်ချစ်နေတုန်းပဲ မဟုတ်ဘူး တသက်လုံး ချစ်သွားမှာ ဆိုတာကို ယူဂျင်း။တယောက်ထဲပဲ သိနိုင်မည်လား

____________

" လာခဲ့ပါ ဟန်ဘင်း လာခဲ့ပါတော့ "

" မဟုတ်ဘူး မဟုတ်ဘူး !"

" လာခဲ့ပါ .."

" အားးးးးး"

ဟန်ဘင်း လန့်နိုးလာခဲ့သည် သူ ဒီနေ့ ထူးထူးဆန်းဆန်း ဟို အိမ်မက် အစား သူ တခြားအိမ်မက်ကို မက်သည် အိမ်မက်ထဲမှာ ကျန်းဟာအို လို့ အမည်ရတဲ့ ကောင်လေးက သူ့ကို ခေါ်နေသည်တဲ့လေ ။
နာရီကို ကြည့်လိုက်တော့ မနက် ၁၁ နာရီပဲ ရှိသေးသည်မို့ ပြန်အိပ်ဖို့ စိတ်ကူး ... ဟင် ၁၁ နာရီ ! ခနနေပါအုံး ငါ အဲ့လောက်ကြီးထိ အိပ်ပျော်သွားတာလား သွားပါပြီ ငါရဲ့ မျက်နှာလေးတော့ အစ်အစ်ကြီး ဖြစ်နေတော့မယ်  ဘေးက Matthew ကလဲ ဒီအချိန်ဆို Company ကို သွားလောက်ပြီပေါ့ ဒီနေ့ အချိန်ပိုင်း အလုပ် တွေက ပိတ်လို့ တော်သေးတာပေါ့ Matthew တို့ ကတော့ ဘယ် အချိန် နားလဲ ဆိုတာ မသိ သူလဲ မမေးကြည့်ဘူးပါ သိတော့ ဘာလုပ်ရမှာ မို့လို့လဲ ဟန်ဘင်း စိတ်ပျက်လက်ပျက် နဲ့ မျက်နှာသွားသစ်ရမည် ပြီးရင် နောက် ၂ နာရီ လောက်ကျမှ မနက်စာ နဲ့ နေ့လည်စာ ပေါင်းစားလိုက်တော့မည် အခု တလော သူ့စိတ်ထဲမှာ ဘာမှ သိပ်မရှိတော့တာကြောင့် Korea ပြန်သွားရင် ကောင်းမလား လို့တောင် စဉ်းစားမိသည် နောက်မှ ပေါ့လေ ... ဒီနေ့တော့ ပျင်းစရာအချိန်တွေနဲ့ပဲ နေ့တနေ့ ကုန်ဆုံးရအုံးမည်

Love ( S2 Complete)Where stories live. Discover now