|| 4 ||

1K 99 1
                                    

* Unicode*

ထယ်ယောင်း တစ်ယောက် whiteboard ရှေ့ ပူ‌လိုက်အေးလိုက်နဲ့ အဖျားတက်နေသလိုပင် ။ အစကတည်းက ပုစ္ဆာက စဉ်းစားရလွန်းလို့ ခေါင်းမွှေး ပြောင်နေပါပြီ ဆိုမှ crush က ကြည့်နေတယ် ဆိုတဲ့ အသိကြောင့် လူက ခြေမကိုင်မိလက်မကိုင်မိတွေ ဖြစ်ကုန်ပြီ ။ တစ်ခါတလေ ထယ်ယောင်း စဉ်းစားမိတယ် ......crush နဲ့ တွေ့တာတောင် ဒီလောက် စိတ်လှုပ်ရှားနေတာ ရည်းစားမြန်း ဖြစ်ရင် ထယ်ယောင်းတစ်ယောက် နှလုံးခုန်ရပ် သေသွားမလား တွေးမိတယ် ။

ပူထူထူနဲ့တွက်သာတွက်နေတာ ပုစ္ဆာကလည်း စဉ်းစားထားတာ ဒါမိုင်ကုန်ဘဲ!!......အဖြေတော့ထွက်နေပြီ......မှန်၊မမှန်တော့ မသိဘူး ။ ဟူးးးးး။

"ပြီးပြီလား ......ထယ်ယောင်း "

"ဟုတ် ...ပြီးပြီ "

"ကဲ....ဂျောင်ဂု ထယ်ယောင်းတွက်ထားတာ မှန်လား ?"

"ဟိုဟာ မှားနေတယ် ဆရာ ....အနုတ်ကျန်ခဲ့တယ် "

"ကဲ....လာ အနုတ်ကျန်ခဲ့တယ်တဲ့ !"

'ဗြောင်း ' ဆိုတဲ့ အသံနဲ့ အတူ ‌ထယ်ယောင်း ကျောကော့သွားသည် ။ ရိုက်တာက မနာပင်မဲ့ ရှက်စိတ်ကြောင့် လူက ပူထူပြီး ငိုချင်လာသည် ။ စိတ်ထဲတွင်လည်း ဂျောင်ဂုကို ကြိမ်းဆဲမိသည် ( သူတောင်းစား crush စောက်ကောင်းကျိုးကို မပေးဘူး!! သူ့ကြောင့် အရိုက်ခံလိုက်ရတာ 😭 !! စိတ်‌ထဲတွင်လည်း တေးမှတ်ထားသည် ရည်းစားဖြစ်တဲ့ အချိန်ကျရင် အတိုးနဲ့ ပေါင်းပြီး ရစ်ပြမယ်လို့ )

---------------------------------------------------------

💢 Break 30 min 💢

break ချိန် ပေးတာမို့ ထယ်ယောင်း တို့ မုန့် စားဖို့ ကန်တင်းဘက်ကို လာခဲ့သည် ။ အရင်လို ဆိုရင်တော့ မုန်းစားမဆင်းဘဲ မစားရတဲ့ crush ကျောပြင်ကြီးသာ နောက်ကနေ ငေးနေမှာ ......အခုတော့ ဒီတစ်နေ့တရက် crush ကို စိတ်ကောက်မယ် .... special ကြီးကို ကောက်မှာ!!....ဧရာမကြီးလို ကောက်ပစ်မှာ !!! ။

AT canteen...... ,

ထယ်ယောင်း တစ်ယောက် crush ကို စိတ်ဆိုးနေ၍ မုန့်စားဖို့ ကန်တင်းကိုသာ လာခဲ့သည် ။ အဲ့ဒီမှာ မုန့်စားဖို့ မုန့်ရွေးနေတုန်း မတွေ့ချင်၊ မမြင်ချင်ဘူး ဆိုမှ တည့်တည့် လာတိုးတဲ့ crush ကြီး ။ သူ့ဘေးနား လာရပ်တဲ့ crush ကို လူက လုံးဝမကြည် ။ မုန့်ရွေးရင်း အကြည့်ချင်း ဆုံမိတော့ ထယ်ယောင်း အကြည့်ကို လွှဲကာ မျက်စောင်းထိုးပစ်ခဲ့သည် ။ အဲ့လိုဘဲ ထယ်ယောင်းတစ်ယောက် အဲ့ဒီတစ်နေ့လုံး ဂျောင်ဂုကို မတော်တဆ လမ်းမှာ တွေ့ရင်လည်း မျက်စောင်းထိုး ၊ စာကျက်နေရင်း မတော်တဆ အကြည့်ချင်း ဆုံမိရင်လည်း မျက်စောင်းထိုးနဲ့ ထယ်ယောင်းသာ နဂါးဆို ဂျောင်ဂု အဲ့နေ့က ပြာကျလောက်သည် ။

• dear crush • /✓/Wo Geschichten leben. Entdecke jetzt