Final

1.2K 90 10
                                    

ထယ်ယောင်း၏ ရင်ခုန်သံများသည် ချယ်ရီတွေနဲ့အတူ ကြွေကျကာ ခုန်မြူးနေ၏ ။ အဲ့ကတည်း က တွယ်ငြိလာတဲ့ ချစ်ခြင်းတရားဟာ ယနေ့ထိတိုင် မွေးပျံ့သင်းကြိုင်နေပါသည် ။

ထယ်ယောင်း မြေးလေး ကို ပြောပြတော့ မြေးလေးဂုဂုက စိတ်ဝင်တစား နားထောင်ရှာသား ။ မြေးလေးကို ပြောပြတော့မှ ကိုယ့်ရဲ့ အချစ် crush ခရီးစဉ်ကြီးဟာ လွဲ ချော်ခြင်းများစွားနဲ့ ဖြစ်တည်လာတဲ့ အချစ်မှန်း သဘောပေါက်လာ၏ ။

" ဒါဆို ဖိုးထယ်က ဖိုးဂျွန်ကို လိုက်ခဲ့တာပေါ့ နော် "

" ဒါပေါ့ "

ကလေး၏ အမေးကို ထယ်ယောင်း ပြန်ဖြေမည့် ဆဲဆဲ ဘယ်ကနေ ဘယ်လို အနား ရောက်လာမှန်း မသိတဲ့ ကိုကိုဂျွန်က ဝင်ဖြေပါလေရော ။ မျက်နှာမှာလည်း ဂုဏ်ယူဝင့်ကြွားသည့် အထာ ဖြင့် ထယ်ယောင်းက သူ့ကို စ စိတ်ဝင်စားပြီး စ ဖွင့်ပြောခဲ့ခြင်းကို ဒင်းက အသက်တွေ ဘယ်လောက် ကြီးကြီး ၊ နှစ်တွေ ဘယ်လောက်ကြာကြာ သူ့မှာ ပြောလို့ မဆုံး တကုံးကုံး ဖြစ်နေတာပါလေ ။

" မင်း ဖိုးထယ် က ဟောဒီ့က ဖိုးဂျွန် ရဲ့ အကြည့်တွေအောက် ကြွေကျ မြေခ ခဲ့ရတာလေ "

" ဟားး. . . ငါကလား . . . ဘယ်တုန်းက !? "

ကလေး ရှေ့မှာမို့ ထယ်ယောင်း ရှက်ရှက် နဲ့ ထငြင်းသည်ကို ဒင်းက သဘောကျပြီး ထပ် စ ပြန်သည်။

"နောက်ပြီး ဖိုးထယ်ကလေ ဖိုးဂျွန်ကို အဖြေတောင်းတုန်းက လည်း အော်ခဲ့သေးတာ ငါ့မြေးရ "

"ဟုတ်တယ် ၊ ဘာဖြစ်လဲ ?? ဒီဖိုးကြီး အသက်ကြီးမှ ငယ်မူ‌ပြန်ချင်နေတာ ၊ မင်းကတော့ မင်းအမေ အဖြေ ပေးခိုင်းလို့ လိုက်ပေးတာ မလား ?? မသိရင် ခက်မယ် !! "

"ဟားဟား "

ထယ်ယောင်း ပြောတော့ ရယ်နေလေရဲ့ အားနေ ဒါ‌နဲ့ပဲ လိုက်စ နေတာ ဒင်းကတော့လေ ။

" ဘယ်ရသာ ၊ ကိုယ့်ကသာ ထယ့်ကို အရင် ချစ်ခဲ့တာ ပါနော် "

' ဟင် ! ' ' ဟင် ! ' ဆိုပြီး ပြိုင်တူ အသံ ထွက်လာသည်မှာ မြေးဂုဂု နဲ့ ထယ် တို့သာ ဖြစ်သည် ။

" ဟုတ်တယ် ၊ ကိုယ့်ဘက်က စကြိုက် ခဲ့ရတာ ထယ့်ကို ထယ့်ကသာ မသိတာ ပါလေ ။
ထယ် ကျောင်းစ လာအပ် ထဲက ကိုယ့်မှာ ညိုမျက်ဝန်းလေးတွေကို မျက်လုံးထဲက ထုတ်မရနိုင်ခဲ့ဘူး အဲ့တုန်းက ကိုယ့်မှာ ညိုလုံးလေး ထယ်အား မျက်တောင်မခတ် လိုက်ကြည့်နေမိတာပါလေ ။ ‌
နောက်တော့ မကြာပါဘူး ကိုယ် ခိုးငေးခဲ့မိတဲ့ ‌ညိုလုံးလေးက ကိုယ်နဲ့ အတန်းတူတူပဲ ဆိုတာ သိလိုက်ရတော့ ရင်ထဲ အမျိုးအမည် မသိတဲ့ ကျေနပ်မှုတွေ ဝင်လာတယ် ။
ပထမဆုံး ထယ် နဲ့ မျက်လုံးချင်း အကြည့်ချင်း ဆုံမိတုန်းကဆို ကိုယ့်မှာ အသက်ရှုဖို့တောင် မေ့သွားရတယ် မျက်ဝန်းညိုညိုတွေက ကိုယ့်ကို ဖမ်းစားထားလို့လေ ။
ကိုယ့်ခြေထောက်ကို ထယ် လေး ခလုတ် တိုက်တဲ့ နေ့ကဆို ကိုယ့်မှာ စိုးရိမ်လို့ ထယ့်ကို လာမေးပင်မဲ့ ထယ်က အူကြောင်ကြောင်နဲ့ အခုတောင် တာဝေး ပြေးနိုင်တယ် ဆိုပြီး ထွက်သွား‌ေတာ့ ကိုယ့်မှာ ရယ်ရခက် ၊ ငိုရခက် ဖြစ်ရသေးတယ်။
နောက်ပြီး ဆရာက ထယ့်ကို စာမေးတော့ ကိုယ် စာစစ်ပေးခဲ့တယ်လေ အဲ့တုန်းက ထယ်‌ကိုယ့်ကြောင့် အရိုက်ခံရလို့ ကိုယ် စိတ်မကောင်းလို့ ထယ့်ကို လိုက်ကြည့်ပင်မဲ့ မျက်စောင်းကြီးပဲ လိမ့်ထိုးခံရတော့ ကိုယ့်မှာ ပြာကျ တော့မလို့ ‌ပဲ ။
နောက်ပြီး ကိုယ် မှတ်မိနေပါသေးတယ် ကိုယ့်အဖြေလွှာရဲ့ စာစစ်သူ နေရာမှာ ကင်မ်ထယ်ယောင်း ဆိုတဲ့ အမည် နာမလေး ပါ‌လာတော့ ဒါဘယ်လို ‌တိုက်ဆိုင်မှုကြီးလဲ ဆိုပြီး သဘောကျလွန်းလို့ ကိုယ့်မှာ အခုထိ အဲ့အဖြေလွှာလေးကို သိမ်းထားမိတုန်း ။
ပထမဦးဆုံး ကိုယ်တို့ တိုက်မိခဲ့ တဲ့အချိန်တွေ ၊ ဘောပင် ကျန်ခဲ့လို့ ပြန်ယူတာ ထယ်က ကိုယ့်နေရာမှာ ထိုင်နေတာ မြင်တော့ ကြိတ်ပျော်နေမိခဲ့တဲ့ အချိန်တွေ ၊ ထယ့် ဘက်က ကိုယ့်ကို စ ဖွင့်ပြောတဲ့ အချိန်တွေ ၊ ကိုယ်အတွက် ဒီအရာတွေဟာ မေ့ဖျောက်လို့ မရနိုင်တဲ့ ကိုယ့်ကြိတ်သဘောကျရတဲ့ အခိုက်အတန့်တွေကြီးပဲ ။

• dear crush • /✓/Where stories live. Discover now