∞ unicode ∞
*Break 30 min!!!!!*
ထယ်ယောင်း ဒီနေ့တော့ မုန့်ထွက်မစားဖြစ်တော့ပေ......သချာ်တွက်ရင်း crush ကျောပြင်ကြီးသာ ငေးရင်း ကြည့်နေမိတယ် ။ ကျောပြင် အစ ကြည့်ကောင်းနေတဲ့ crush ကြောင့် ထယ်ယောင်းတို့ နောက်ကနေ ငေးဆဲငေးမြဲပင် ။ ဘယ်ဘဝက ရေစက်တွေကြောင့် ဒီလို ဆုံတွေ့ရပြီး ဘယ်ဘဝကကုသိုလ်တွေကြောင့် ဒီလောက်ချောမောနေရတာလဲ?? သူက ကုသိုလ်ကံကောင်းပြီး ချောမောခံညား နေတာ မှန်ပင်မဲ့ ကိုယ်က စိတ်မချနိုင် ဖြစ်နေရသည်။
ဒါပင်မဲ့လည်း ကျုပ်ရဲ့ crushကြီး က အနေအေးတဲ့ ရေခဲတုံးကြီးဗျ ။ သူပေါင်းတာသင်းတာ ဆိုလို့ သူ့ဘေးနားက ဖြူဖြူစွတ်စွတ်နဲ့ ဟိုသကြားတုံးသာ ရှိသည် ။ ဂျီမင်းလည်း အခုရက်ပိုင်း အဲ့သကြားတုံးအကြောင်းကိုဘဲ ထည့်ထည့်ေပြာလိုက် ၊ ရယ်လိုက်နဲ့ မသိရင် မကြာခင် သူ့ပါးစပ်ထဲရောက်တော့မဲ့ မုန့်လို ကြည့်ကြည့်နေတာ ထယ်ယောင်း သတိထားမိသည် ။
ထယ်ယောင်းတစ်ယောက် အတွေးလွန်နေတုန်း ဂျောင်ဂုနား ကောင်လေးတစ်ယောက် စာအုပ်လေးကိုင်ပြီး လာထိုင်နေတာကြောင့် လူက စိတ်အခြေအနေ မကောင်းတော့ပေ ။ ထိုကောင်လေးက ဂျောင်ဂုအား စာမေးရင်း တခါတခါ ဘာတွေ ပြောပြီး ထ , ထ ရီနေတာလဲ? ......မသိပါဘူး ။
လူက ကြည့်ရင်းကြည့်ရင်းနဲ့ သဝန်တွေ တိုလာပြီး
J ကိုက်နေတာကြောင့် လက်ထဲက ဘောပင်သာ ခပ်တင်းတင်း ဆုပ်မိတယ် ။ ကြည့်နေရင်းနဲ့ လူက အီမိုလာတာမို့ အကြည့်ကို လွှဲပြီး ခေါင်းငုံ့ကာ အီမို နေတော့သည် ။ မကြိုက်ဘူး.......ဘယ်လိုမှလည်း
မခံစားနိုင်ဘူး !!!ကိုယ်မဟုတ်တဲ့ တခြားတစ်
ယောက်ေကြာင့် သူပါအတူရယ်မောနေတာ ၊ သူပါအတူ ပျော်နေတာကို ထယ်ယောင်းမကြည့်နိုင်ပါ ။ ဝမ်းနည်းမိသည် ၊ သိမ်ငယ်မိသည် ၊ သူတို့နေရာမှာ ငါသာဆို ရင် ဆိုတဲ့စိတ်ကြောင့် လူကဝမ်းနည်း ပက်လက် ဖြစ်ခဲ့ရသည် ။ဪ....တစ်ဖက်သတ် အချစ်က ခါးသက်လိုက်တာ...လူတွေရယ် ။ အမြဲတမ်း တစ်ဖက်တည်းကသာ တွေးပူ ၊ စိတ်ပူ ၊ စိတ်ကောက် ၊ စိတ်ဆိုး ၊ ဝမ်နည်း နေပင်မဲ့ သက်ဆိုင်သူကတော့ မသိနိုင်ရှာဘူး
။ တစ်ခါတလေတော့ သူ့ကို ချစ်ရတာ ပင်ပန်းလာတယ် ။ ကိုယ်သူ့အပေါ် ဘယ်လောက်ချစ်ချစ်
ထုတ်ဖော် မပြနိုင်ခဲ့ရတဲ့ အချစ်တွေနဲ့ အဝေးကသာ လှမ်းငေးနေတာ ကြာတော့ လူက သိမ်ငယ်လာတယ် ၊ ဝမ်းနည်းလာတယ် ။
YOU ARE READING
• dear crush • /✓/
FanfictionStart : March 25 , 2023 End : December 21, 2023 @ 𝙃🍎𝙣𝙚𝙮 𝙆𝙞𝙢