ထယ်ယောင်း အိမ်ပြန်ရောက်ကတည်းက လူက တစ်ငူငူ တစ်ငိုင်ငိုင်ဖြင့် စိတ်ကတော့ ဟို Crush ကြီးဆီ ပါလို့ သွားလေ၏ ။ ထယ်ယောင်းတို့ စာမေးပွဲလည်း ဖြေပြီးပြီမို့ အခုဆို အိမ်မှာ အိပ်လိုက် ၊ စားလိုက်ဖြင့် အောင်စာရင်းကို စောင့်နေတာ ဖြစ်သည် ။ ဂျီမင်နဲ့တော့ အဆက်အသွယ် ရပင်မဲ့ တစ်ခါတလေ ကိုယ့်Crush ကြီးကို လွမ်းမိသား ။ အချိန်တွေကို အကျိုးရှိရှိ အသုံးချသင့်ပင်မဲ့ ထယ်ယောင်းကတော့ သူ့ကို လွမ်းရင်းသာ ကုန်ဆုံးခဲ့တဲ့ အချိန်တွေမှ အများကြီးပါလေ ။ အိမ်မှာတော့ လွတ်လွတ်လပ်လပ် အမေတို့ကလည်း ထယ်ယောင်းကို လွတ်လပ်ခွင့် အပြည့် ပေးထားသည် ။
တစ်နေ့တော့ ဂျီမင် ဆီက ဖုန်းလာခဲ့သည်...ထယ်ယောင်းလည်း အပြေးအလွှား သွားကိုင်ခဲ့တာပေါ့ ။ သူပြောတာကတော့ သူက သူ့Crush ကြီးကို ဖွင့်ပြောလိုက်ပြီတဲ့....သူ့ Crush ကလည်း သူ့ကို သဘောကျကြောင်း အဖြေ ပြန်ပေးလိုက်ပါပြီတဲ့လေ ။ အဲ့ဒါ သူတို့ ဒီတစ်ပတ် ချိန်းတွေ့ မှာမို့ သူနဲ့အတူ လိုက်ခဲ့ဖို့ ထယ်ယောင်းကို ပြောခြင်း ဖြစ်သည် ။
နောက်ပြီး သူ့ရည်းစား သကြားခဲကိုလည်း ဂျောင်ဂုကိုပါ ခေါ်လာခဲ့ဖို့ သူက မှာလိုက်သေးသည်တဲ့ ။ အစတုန်းကတော့ လိုက်သင့် ၊ မလိုက်သင့် တွေဝေ နေပင်မဲ့ ဂျီမင် ဆက်ပြောတဲ့ စကားကြောင့် လူက အခု သွားချင်နေပြီဖြစ်သည် ။ အဲ့လိုနဲ့ပဲ ထယ်ယောင်းလည်း အထုပ်ပြင် သူငယ်ချင်း ဂျီမင်လေး ရည်းစားနဲ့ ချိန်းတွေ့မှာကို နောက်ကနေ လိုက်ပေးဖို့ ဘူဆန် ကို ချီတက်ခဲ့သည် ။
.
.
.
.
.
.
.
.
.
.
.
.
.Dear Crush
ဘူဆန်ရောက်တော့ ယောင်လည် ယောင်လည်ပေါ့ ။ သူငယ်ချင်းဆီ သွားလည် ချင်တယ် ပြောတော့ အစက အမေက မသွားဖို့ ပြောပင်မဲ့ ထယ်ယောင်းရဲ့ မျက်နှာငယ်လေးကို သနားပြီး နောက်ဆုံးတော့ ပေးလွှတ်ခဲ့သည် ။ ဘူဆန်ရောက်တော့ ဂျီမင့် ကို ဖုန်းခေါ်လိုက်သည်မို့ ထယ်ယောင်းကို လာခေါ်သည် ။
ထယ်ယောင်းလည်း ဂျီမင်နဲ့အတူ သူ့ရည်းစားနဲ့ ချိန်းတွေ့မှာကို လိုက်ခဲ့ရသည် ။ ထယ်ယောင်းလည်း မတွေ့ရတာ ၄/၅ လ ကြာနေပြီ ဖြစ်တဲ့ Crush လေးရဲ့ မျက်နှာကို ပြန်မြင်ယောင်ရင်း ဟိုသကြားခဲတုံးကြီးကိုသာ စောင့်နေလိုက်၏ ။
YOU ARE READING
• dear crush • /✓/
FanfictionStart : March 25 , 2023 End : December 21, 2023 @ 𝙃🍎𝙣𝙚𝙮 𝙆𝙞𝙢