U N I C O D E
ပျော်ပွဲစားနေ့ ရောက်တော့ ဆရာက လွတ်လွတ်လပ်လပ် ပေးနေ၏ ။ ဒီနေ့ ပျော်ပွဲရွှင်ပွဲ ပြီးရင် စာ လုပ်ရတော့မည်မို့ ကလေးတိုင်း ဒီနေ့ အပြတ်အသတ် ပျော်နေကြ၏ ။ ထယ်ယောင်းလည်း ထိုနည်းတူ အိမ်က ပါတဲ့ ဂျင်း ဝတ်စုံလေးကို ထုတ်ကာ ဝတ်ထားလိုက်၏ ။ သူလည်း ဒီနေ့တော့ crush ကြီးကို အပြတ်ကြွေ အောင် ခြွေပြမယ်လို့ တွေးထား၏ ။ အဲ့လိုနဲ့ နေဝင်သည်နှင့် ဆရာကန်တော့ဖို့ ပြင်လေ၏ ။ နေသာ ဝင်သွားပြီး ဆရာကန်တော့ဖို့ အကြောင်းဖန်လာပင်မဲ့ သူ့ရဲ့ တစ်ဦးတည်းသော crush ကတော့ အခုထိ အစတောင် မတွေ့ရသေးပေ ။ ထယ်ယောင်း အဲ့ညက သူ့ကို မျှော်နေတာ ၊ နောက်ကျနေလို့လား ဘာလား ဆိုပြီး ဖြည့်တွေးပြီး စောင့်နေပင်မဲ့ သူကတော့ ရောက်မလာခဲ့ပေ ။
ထယ်ယောင်းတို့ ဆရာတွေကို ကန်တော့ ပြီးတော့ ဒီနေ့ ပျော်ပွဲစား အတွက် ဒံ့ပေါက် အိမ်ချက်ကို ကျွေးမွေးလေ၏ ။ ထယ်ယောင်းတို့လည်း ညာသံ ပေးကာ ကြက်သား ဒံ့ပေါက်ကို ရှယ်ကိုင်လိုက်၏ ။ အားလုံးလည်း စားပြီးသောက်ပြီး သွားပြီးမို့ ဆရာက ထယ်ယောင်းတို့ကို အကြိုက် ပျော်ပျော်နေဖို့ သီချင်းတွေ ဖွင့် ပြီး ကခိုင်း၏ ။ ထယ်ယောင်းတို့လည်း အစက တောသားလေးတွေ ဆိုတော့ ရှက်ပင်မဲ့ နောက်ကျတော့ မျှော်နေတဲ့ သူတောင်းစား Crush က မလာတော့ စိတ်ညစ်ညစ် DJ နဲ့အတူ စီးမျော လိုက်သည်။ အဲ့ညက ထယ်ယောင်းတို့ ၁၂ နာရီ ကျော်တဲ့အထိ အပြတ် ခုန်ပေါက်ပြီး ကဲ ခဲ့ကြသည် ။
.
.
.
.
.
.
.
.
.
.
.
.
.Dear Crush!!
မနက်ရောက်တော့ ထယ်ယောင်းမှာ တော်တော်နဲ့ မထ နိုင်ပေ ။ ညကလည်း ညည့်နက်ထားတာမို့ အိပ်ရတာ မဝပေ....ဒါတောင် ဆရာက ၉ နာရီမှ အတန်းချိန် စ မယ်လို့ ပြောလို့ တော်ပါသေးရဲ့။ ထယ်ယောင်းတို့ အကုန်လုံး အတန်းတက်ဖို့ အသီးသီး ပြင်ဆင်နေကြသည် ။ ထယ်ယောင်းလည်း မျက်နှာသစ် ၊ သွားတိုက် ၊ ကိုယ်လက် သန့်စင်ပြီး အတန်းသွားတက်ဖို့ ပြင်လိုက်သည် ။ ဟိုရောက်တော့ တွေ့ပါပြီ စောက်မြင်ကတ်စရာ ကောင်းတဲ့ ကျောပြင်ကြီး ....တကယ်ပါ ဒီတစ်ခါတော့ အဲ့ဒီ့ ကျောပြင်ကြီးကို ကုတ်ဖဲ့ပစ်ချင်တယ် ။ ထယ်ယောင်းမှာတော့ သူ့ကို လည်တစ်မျှော်မျှော်နဲ့ စောင့်လိုက်ရတာ သူကတော့ အရှင်းမှ ပေါ်မလာဘူး ....သူတောင်း စား Crush မျက်နှာလေး မြင်ရဖို့ အဲ့လောက်တောင် ခက်ခဲရသလား ??
YOU ARE READING
• dear crush • /✓/
FanfictionStart : March 25 , 2023 End : December 21, 2023 @ 𝙃🍎𝙣𝙚𝙮 𝙆𝙞𝙢