၁၅၇၁ - ၁၅၇၅

472 49 0
                                    


အပိုင်း (၁၅၇၁) အစွမ်းကုန်ထုတ်ခြင်း

       ထိုစကားလုံးများနှင့်အတူ ကျင့်ကြံသူများသည် ချက်ချင်းပင် ချင်နန်ကို အာရုံစိုက်လိုက်ကြသည်။

      သူတို့သည် ချင်နန် မည်သူဖြစ်ကြောင်းကို သိချင်နေကြောင်း ထင်ရှားသည်။
     အထူးသဖြင့် မြေအောက်မင်းသားနှင့် ဓားနတ်ဘုရားဝူဟန်တို့နှစ်ဦးလုံးမှာ ထိုလူသည် ကျီဟူဟု တစ်ထစ်ချ ယူဆခဲ့ကြသည်။

       “ကျုပ်က အညတရတစ်ယောက်ပါ"
     ချင်နန် အမှန်တရားကိုပြောလိုက်သည်။
     ရှန်ရှင်ထျန်အင်‌မော််တယ်ဘုံတွင် သူသည် အညတရတစ်ယောက်ဆိုသည်မှာ အမှန်ပင်ဖြစ်သည်။

      “ခစ်…ခစ်…အညတရဟုတ်လား…ကျွန်မ ရှန်ရှင်ထျန်အင်မော််ဘုံမှာ ရှင့်လို နာမည်မကြီးတဲ့ ကျင့်ကြံသူတွေ အများကြီးရှိမယ်လို့မထင်ပါဘူး"
     ကျီဟူသည် ခေါင်းလောင်းလေးတီးခတ်သည့်အလား သာယာစွာရယ်လိုက်သည်။
      “ဒါပေမဲ့ အညတရမှာ နာမည်တော့ရှိတယ်မလား"
      “ရှင်ကျွန်မတို့ကို ရှင့်ရဲ့နာမည်ပြောပြလို့ရမလား"
    သူမအပြင်ထိုကဲ့သို့စွမ်းရည်ရှိသော ကျင့်ကြံသူသည် အညတရတစ်ယောက်ဟု မည်သူမှ ယုံလိမ့်မည်မဟုတ်ပေ။

      “ချင်နန်"
     ချင်နန် တုံ့ဆိုင်းခြင်းမရှိဘဲ သူ့နာမည်ကို ပြောပြလိုက်သည်။
     သူသည် ရှန်ရှင်ထျန်အင်မော််ဘုံကို မကြာသေးခင်က ရောက်လာခဲ့ခြင်းဖြစ်သော်လည်း ဖမ်းအင်ပါယာလေးနှင့် လုံရွှမ်လင်ကို အပြစ်ပြုပြီးသွားပြီဖြစ်သည်။ သူ နောက်ထပ် လူအနည်းငယ်ကိုလည်း အပြစ်ထပ်ပြုလို့လည်း ဘာမျှမဖြစ်ပေ။

       “ချင်…နန်…"
     ထိုအချိန်၌ ကျီဟူ၊ မြေအောက်မင်းသား၊ ဓားနတ်ဘုရားဝူဟန်နှင့် အနီးက အခြားကျင့်ကြံသူများ ကြက်သေ သေသွားသည်။
     သူတို့သည် ချင်နန်ဟူသည့် နာမည်နှင့် အကျွမ်းတ၀င်ရှိကြောင်းပြောစရာမလိုပေ။
     ချင်နန်သည် တစ်ခါက ဖမ်းအင်ပါယာလေး၀မ်ရှောင်ကိုအပြစ်ပြုခဲ့ပြီး မကြာသေးခင်က ဒိုဂျိုတွင် အဓိပတိတာအိုအင်အာစုများ၏ တပည့်များနှင့် စကားအချေအတင်ဖြစ်ခဲ့သည်။ မြေအောက်မင်းသားပင် ချင်နန်နှင့် ပဋိပက္ခအချို့ရှိခဲ့သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now