အပိုင်း (၁၃၅၁) ကျားပါးစပ်ထဲမှအစာကို လုခြင်းသိုင်းဘုရင်သုံးယောက်ထဲမှ နှစ်ယောက်မှာ သေလွန်ဝိညာဉ်မျိုးနွယ်စုမှဖြစ်ပြီး သူတို့၏ ကျင့်ကြံမှုမှာ သိုင်းဘုရင်အဆင့်ရှစ်သို့ ရောက်နေပြီဖြစ်သည်။
နောက်ဆုံးတစ်ယောက်မှာ ပင်လယ်မျိုးနွယ်စုမှဖြစ်ပြီး သိုင်းဘုရင်အဆင့်ခုနှစ်ဖြစ်သည်။
အခြားတစ်ဖက်၌ မိုးကြိုးမျောက်ဝံမှာ ပို၍ပင်ထူးခြားသည်။ သူ၏ စွမ်းအားသည် သိုင်းဘုရင်အဆင့်ကိုးနှင့် ညီမျှသည်။ထို့ပြင် ချင်နန်သည် ချောက်၏ ဆယ်လီကျော်အဝေးတွင် ပုန်းကွယ်နေသည့် သိုင်းဘုရင်အဆင့်ငါး လေးယောက်၊ သိုင်းဘုရင်အဆင့်လေး သုံးယောက်၊ သိုင်းဘုရင်အဆင့်တစ်နှင့် အဆင့်နှစ် ခြောက်ယောက်ကို မြင်နိုင်သည်။
“ဟမ်"
တစ်စုံတစ်ခုကိုသတိထားမိသောအခါ ချင်နန် ရုတ်တရက် ခေါင်းငုံ့ကာ ကြည့်လိုက်သည်။ချောက်ထဲက တွင်းနက်ကြီးတစ်ခုထဲတွင် ခရမ်းရောင်အလင်းများ ဖုံးလွှမ်းနေကြောင်းကို တွေ့လိုက်ရသည်။ ခရမ်းရောင်အလင်းများ၏ အောက်၌ အမျိုးမျိုးသော ရှေးဟောင်းပစ္စည်းများနှင့် ကောင်းကင်ပြတ်နဂါးလက်သည်းများရှိသည်။
“ကောင်းကင်ပြတ်နဂါးလက်သည်းသုံးဆယ့်ခုနှစ်ခုလား"
ချင်နန် တုန်လှုပ်သွားသည်။သိုင်းဘုရင်သုံးယောက် မိုးကြိုးမျောက်ဝံကို အတူပူးပေါင်းပြီး ရင်ဆိုင်နေခြင်းမှာ အံ့ဩစရာမဟုတ်တော့ပေ။
ကောင်းကင်ပြတ်နဂါးလက်သည်းသုံးဆယ့်ခုနှစ်မှာ တကယ်ကိုများပြားသော ပမာဏဖြစ်သည်။
“ကြည့်ရတာ ပုန်းနေတဲ့ သိုင်းဘုရင်ဆယ့်သုံးယောက်က သိုင်းဘုရင်သုံးယောက်နဲ့ မိုးကြိုးမျောက်ဝံ နှစ်ဖက်လုံး ဒဏ်ရာရတဲ့အချိန်ကိုစောင့်နေတဲ့ပုံပဲ"
“ဒီလိုဆို ငါလည်း ပုန်းနေရမယ်…ဘယ်လိုပဲဖြစ်ဖြစ် သူတို့ရဲ့ မျက်လုံးထဲမှာ ငါက သိုင်းဘီဘင်တစ်ယောက်ပဲ…သူတို့ငါ့ကို အများကြီးအာရုံစိုက်မှာမဟုတ်ဘူး"
“အခွင့်အရေးရတာနဲ့ ငါလှုပ်ရှားမယ်"
ချင်နန် အနည်းငယ်စဥ်းစားပြီးနောက် ဆုံးဖြတ်ချက်ချလိုက်သည်။
KAMU SEDANG MEMBACA
အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီး
Acakလန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ့်ဆုံးဖြစ်နေခဲ့ပါတယ်။ အဆင့်နိမ့် သိုင်းဝိညာဉ်ကြောင့် နံပါတ်တစ်ဂျီးနီးယပ် တစ်ယောက်အဖြစ်ကနေ အသုံးမကျတ...