၁၀၅၆ - ၁၀၆၀

605 53 0
                                    


အပိုင်း (၁၀၅၆) ရွှေရောင်အကြေးခံများအပေါ်တက်ခြင်း

     လေထဲမှာ အကြေးခွံများကိုကြည့်ကာ ချင်နန်၏ မျက်လုံးများ အရောင်လက်သွားသည်။
    သိုင်းဘုရင်ငါး၏ အော်ရာသည် သူ့အား စိတ်နှင့်ကိုယ်နှင့် ကင်းကွာသွားစေလိမ့်မည်ဟု သူလုံး၀မထင်ခဲ့ပေ။
     သိုင်းဘုရင်ငါး၏ စွမ်းအားသည် သူ၏ မျှော်မှန်းချက်များထက် လုံး၀ကျော်နေပုံရသည်။

     အခြားသူများ၏ မျက်လုံးများထဲ၌ ကြောက်ရွံမှုအငွေ့အသက်များရှိနေသည်။

      “မင်းတို့အားလုံး သိုင်းဘုရင်ငါးပေါ်တက်ဖို့ အစွမ်းကုန်ထုတ်သုံးကြ"
    ကိုးမြီးသိုင်းဘုရင်သားရဲ တဖန်ပြန်ပြောလိုက်သည်။

     “ငါတက်တော့မယ်"

     “နဂါးမီးလျှံခြုံထည်"

    ဂျီးနီးယပ်များသည် သူတို့၏ အတွေးများကိုစုစည်းလိုက်ပြီးနောက် သိုင်းသစ်ပင်များ၊ သိုင်းဝိညာဉ်များ၊ အစွမ်းထက်ပစ္စည်းများ၊ အဆောင်များ…အစရှိသည်တို့ ထုတ်‌ဖော်၍ အစိမ်းရောင်‌အကြေးခွံများ၊ အပြာရောင်‌အကြေးခွံများနှင့် ခရမ်းရောင်အကြေးခွံများဆီသို့ ပြေးတက်သွားသည်။

     အောက်တုံဖန်း လက်သီးကျစ်ကျစ်ဆုပ်၍ ချင်နန်ကို လှည့်ကြည့်လိုက်သည်။
     “ချင်နန်..ဘယ်သူ ခရမ်းရောင်နယ်မြေအပေါ် ပထမဆုံးရောက်မလဲဆိုတာ ပြိုင်မလား"

     ဟွာကျိဝူတောက်၊ စုချင်းချင်းနှင့် အန်လင်းတို့ စိတ်၀င်စားသွားသည်။  သူတို့သည်လည်း ချင်နန်နှင့် ယှဉ်ပြိုင်လိုကြောင်း သိသာထင်ရှားသည်။

     “ငါစိတ်မ၀င်စားဘူး"
    ချင်နန် အပြုံးတစ်ခုဖြင့်ပခုံးတွန့်လိုက်သည်။

     စိတ်မ၀င်စားဘူး…
    အောက်တုံဖန်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။

     ဟွာကျိဝူတောက်နှင့် အခြားသူများ အံ့အားသင့်သွားသည်။

    ချင်နန်သည် တစ်ချိန်လုံးတည်ငြိမ်နေပုံရသော်လည်း သူတို့၏ စိန်ခေါ်မှုကို တိုက်ရိုက်ကြီးငြင်းပယ်လိမ့်မည်ဟု သူတို့မထင်ထားခဲ့ပေ။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးDonde viven las historias. Descúbrelo ahora