အပိုင်း (၁၁၈၁) ကောင်းကင်ဆန့်ကျင်မဟာမိတ်ကလူဒါဘာလဲဟ...
“ဒီလိုကြောက်ဖို့ကောင်းတဲ့အစွမ်း…ဒါထိပ်ဆုံးထပ်ကလာတာပဲ...."
“ထိပ်ဆုံးထပ်မှာ တိုက်ပွဲမျိုးနွယ်စုက တပည့်၊ အင်မော်တယ်မျိုးနွယ်စုက တပည့်နဲ့ မိုးကြိုးမျိုးနွယ်စုက တပည့်နဲ့ သခင်လေးတုံတို့က အတိုအထွာအလောင်းအစားလုပ်နေတယ်လို့ ငါအစေခံတွေဆီက ကြားတယ်"“အတိုအထွာတစ်ခုဆီက အရမ်းအဖိုးတန်တဲ့ရတနာတစ်ခုပေါ်လာတာလား…ဒီရတနာက ဘယ်လောက်အစွမ်းထက်လိုက်မလဲ"
ရွှေပျံနန်းတော်၌ မြေပုံအလောင်းအစား၊ အတိုအထွာအလောင်းအစားနှင့် ကျောက်အလောင်းအစားလုပ်နေကြသော ကျင့်ကြံသူများ အလွန်အံ့ဩတုန်လှုပ်သွားသည်။
သူတို့၀င်ခွင့်ရှိပါက သူတို့သည် ရွှေပျံနန်းတော်၏ အပေါ်ဆုံးထပ်သို့ ပြေးတက်သွားပြီဖြစ်သည်။ထိုစဉ်အတောအတွင်း…
သတ္တမထပ်၏ အခန်း၌…
ဆရာရီဖုန်၊ တုံကော်၊ အင်မော်တယ်မျိုးနွယ်စုမှ အမျိုးသမီး၊ မိုးကြိုးမျိုးနွယ်စုမှ အမျိုးသားနှင့် ကျန်းရှောင်ရှန်တို့ မိစ္ဆာဆယ်ကောင်ကို မျက်လုံးအပြူးသားဖြင့် ကြည့်နေကြသည်။
ယခင်ဟစ်ကြွေးသံများသည် သူတို့၏ စိတ်ဝိညာဉ်များကို ထိုးဖောက်သွားသလို ခံစားရသည်။
အကြောင်းမှာ သူတို့ရှေ့မှ မြင်ကွင်းသည် အလွန်မယုံနိုင်စရာကောင်းနေသောကြောင့်ဖြစ်သည်။
“ဒီမိစ္ဆာဆယ်ကောင်နဲ့ဆိုရင် ဒီအတိုအထွာတစ်ခုတည်းကတင် အနည်းဆုံး နတ်ဘုရားကျောက်တုံးနှစ်သိန်းခွဲတန်ပြီမလား"
ချင်နန် တုံကော်ကိုကြည့်လိုက်ပြီး သူ၏ အော်ရာသည် ချက်ချင်းပင် ဓားတစ်စင်းနှယ် ထက်ရှသွားသည်။
မင်းတုံကော်က ကိုယ့်ရဲ့ အခွင့်အာဏာကိုသုံးပြီး လူတွေကို အနိုင်ကျင့်ရတာ ကြိုက်တယ်မလား…ဒီလိုဆိုဆက်လုပ်လေ....“မဟုတ်ဘူး"
ဆရာရီဖုန် သူ၏ အတွေးများကို စုစည်းလိုက်ပြီး သူ၏ မျက်လုံးများတောက်ပသွားသည်။
“မိစ္ဆာဆယ်ကောင်က နတ်ဘုရားအဆင့်ရဲ့ ထိပ်ဆုံးနှစ်ရာထဲက သိုင်းဘုရင်တစ်ယောက်နဲ့ ဆက်စပ်နေတယ်…ဒါကို နတ်ဘုရားကျောက်တုံးသုံးသိန်းနဲ့၀ယ်ကြလိမ့်မယ်"
ESTÁS LEYENDO
အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီး
De Todoလန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ့်ဆုံးဖြစ်နေခဲ့ပါတယ်။ အဆင့်နိမ့် သိုင်းဝိညာဉ်ကြောင့် နံပါတ်တစ်ဂျီးနီးယပ် တစ်ယောက်အဖြစ်ကနေ အသုံးမကျတ...