အပိုင်း (၁၉၂၆)
ရှဟွမ်ဟွမ်၏ နောက်တွင် ရှည်လျားသော ဆံပင်များကို စည်းနှောင်ထားသည့် မျက်ခုံးချွန်ချွန်နှင့် အဖြူရောင်အ၀တ်အစား၀တ် လူငယ်တစ်ယောက်ရှိသည်။
သူ၏ မျက်နှာက ဓားတစ်ချောင်းဖြင့် ထွင်းထားသည့်အလား ပိရိပြတ်သားသည်။
လူငယ်၏ ကျင့်ကြံမှုသည် ကောင်းကင်အင်မော်တယ်အဆင့်တစ်သာဖြစ်သည်။“ဒါရှဟွမ်ဟွမ်ပဲ"
“သူက ဘယ်သူလဲ…ဘာလို့ ရှဟွမ်ဟွမ်က သူ့ကို သဘောကျရတာလဲ"
အနီးက ကျင့်ကြံသူများ သူ့ကို ကြည့်လိုက်ကြသည်။
လူများစွာသည် လူငယ်ကို ကြည့်၍ မနာလိုမှုများဖြစ်နေကြသည်။လူငယ်၏ မျက်နှာထက်တွင်လည်း အံ့အားသင့်မှုအပြည့်ရှိသည်။
သူ ရှဟွမ်ဟွမ်၏ အိမ်မွေးယောက်ျားဖြစ်ချင်သည်။ထိုအချိန်၌ ချင်နန် ထိန်းမနိုင်လောက်အောင် မျက်နှာရှုံ့မဲ့သွားသည်။
သူသည် ပဉ္စမအင်မော်တယ်၏ ဆက်ခံသူ၊ လက်ရှိ၌ အသန်မာဆုံးအင်မော်တယ်ဖြစ်ကာ သူ၏ အမူအကျင့်ကိုပင် ပြောင်းလဲ၍ အမျိုးသမီးတစ်ယောက်ကို သွေးဆောင်ခဲ့သော်လည်း…“ဟား…ဟား…ဟား…"
ကောင်းကင်ပြုပြင်ခြင်းအိုးထဲက ပျက်ကိန်းသည် ဝါးလုံးကွဲ ထရယ်လိုက်သည်။ ၎င်းမှာ တကယ်ကို ပြင်းထန်သော ထိုးနှက်ချက်ဖြစ်သည်။
ရှဟွမ်ဟွမ်က အရမ်းရက်စက်လွန်းသည်။“ပျက်ကိန်း ခင်ဗျား နောက်အသံတစ်သံထွက်တာနဲ့ ကျုပ်အခုချက်ချင်းရှေးဟောင်းဘုရားကျောင်းကို သွားပြီး ခင်ဗျားကို ဗုဒ္ဓကန်ထဲ ပစ်ထည့် လိုက်မယ်"
ချင်နန် အံကြိတ်ကာ ပြောလိုက်သည်။“ဟား…ဟား…ဟား…"
သူ့အား အံ့အားသင့်စွာပင် ပျက်ကိန်း၏ ရယ်သံက ပို၍တောင်ကျယ်လာသည်။ချင်နန်၏ မျက်နှာတစ်ဖန်ရှုံ့မဲ့သွားသည်။ သူသည် ရယ်သံကို လျစ်လျုရှုကာ အသက်ပြင်းပြင်းရှိုက်ပြီး သူ၏ အတွေးများကို စုစည်းလိုက်သည်။
“ငါသူ့ကို ချမ်းသာပေးလို့ရတယ်…ဒါပေမဲ့ နင် ငါ့နောက်လိုက်ခဲ့ရမယ်"
စကားဆုံးသည့်နောက် ချင်နန် ချက်ချင်းလှုပ်ရှားလိုက်သည်။
YOU ARE READING
အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီး
Randomလန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ့်ဆုံးဖြစ်နေခဲ့ပါတယ်။ အဆင့်နိမ့် သိုင်းဝိညာဉ်ကြောင့် နံပါတ်တစ်ဂျီးနီးယပ် တစ်ယောက်အဖြစ်ကနေ အသုံးမကျတ...