part - 1

2.6K 175 14
                                    

Unicode

" နောက်ဧည့်သည်က ညနေ 2 နာရီမှလာတော့မှာ အစ်ကိုခဏနားလိုက်လေ "

ကွန်ပြူတာပေါက tattoo ဒိဇိုင်းကိုကြည့်နေရင်း seokjin ဆိုင်ခန်းရဲ့အရှေ့ကောင်တာက အာပြဲနဲ့အော်နေသည့် hoseok ဆီခေါင်းထောင်ရင်းလှမ်းကြည့်လိုက်လေသည် ။ ပီးမှ စားပွဲခုံကိုလက်ထိပ်နဲ့ခေါက်နေရင်း ခေါင်းညိမ့်ပြကာ ကြမ်းပြင်ပေါဖြစ်သလိုချထားသည့် အနက်ရောင်လွယ်အိတ်ကိုကုန်းယူလိုက်သည်။

လွယ်အိတ်ကိုပခုံးတစ်ဖက်ပေါတင်ရင်း ဝတ်ထားသည့် ဂျင်းဘောင်းဘီအိပ်ထဲက vape ကိုထုတ်ယူ၏ ။ အခုတစ်လောချောင်းဆိုးလာသည်မို့ ဆေးလိပ်ခဏရှောင်ထားလေသည် ။ ဒါကြောင့်ဘယ်သွားသွား vape ကိုသာယူယူသွားရ၏ ။ မကြာခင်တော့ပြန်သောက်ဖြစ်မှာပါလေ ..

နေသာသည့်နေ့တစ်နေမို့ ဆိုင်ပေါက်ဝထွက်ရင်း မျက်နှာကိုလာလာထိနေသည်မို့ကလစ်နဲ့ညပ်တင်ထားသည့် ဆံပင်နက်နက်တွေကိုဆွဲဖွလိုက်လေသည် ။ ဖိနပ်ထိပ်နဲ့ကြမ်းပြင်ပေါကရေဘူးအလွှတ်ကိုထောင့်တစ်ထောင့်ဆီကန်ထည့်လိုက်ရင်း
" ငါအပြင်ခဏသွားအုန်းမယ် "

ဒိနေ့ သူအရမ်းကြိုက်သည့် jazz အဆိုတော်ရဲ့ရှိုးပွဲက တိုက်တိုက်ဆိုင်ဆိုင်လက်မှတ်ရထားသည်မို့ seokjin အုမြူးနေ၏ ။ အေးစက်စက်မျက်နှာမှာမပေါပေမဲ့ ကွေးကွေးတက်သွားတဲ့နှုတ်ခမ်းရဲရဲတွေကတော့ သူဘယ်လောက်စိတ်လှုပ်ရှားနေကြောင်းပြနေလေသည် ။

ပါကင်မှထိုးရပ်ထားသည့်အနက်ရောင်ဆိုင်ကယ်ပေါခွတက်ထားရင်း vape ကိုတစ်ဖွမျှရှုလိုက်ကာ ဘောင်းဘီထဲပြန်ထိုးထည့်လိုက်၏ ။ ပြပွဲကအတိအကျဘယ်မှာမှန်းမသိလို့ဖုန်းထုတ်ကာကြည့်ရသေးလေသည် ။ လက်ကိုင်ကဆိုင်ကယ်ဦးထုတ်ကိုယူကာဆောင်းရင်း မှေးကျဥ်းထားသည့်မျက်ဝန်းရှည်ရှည်တွေက မျက်တောင်ရှည်တွေလှုပ်ခတ်သွား၏ ။

အမြန်နှုန်းနဲ့သွားနေတဲ့ ဆိုင်ကယ်ကဖန်သားတွေနဲ့ဆောက်လုပ်ထားတဲ့အဆင့်မြင့် Club တစ်ခုအရှေ့မှာရပ်သွားလေသည် ။ သူကခုနကလိုဘဲ vape ကိုထုတ်ကာရှပီး ဆိုင်ကယ်ပေါကဆင်းလိုက်၏ ။ jean ဘောင်းဘီနဲ့အတူချပ်ရပ်ကပ်နေသည့် ခြေတံရှည်တွေက ဆိုင်ကယ်ပေါကခြေချလိုက်သည်နဲ့ မိန်းကလေးတွေ၏အမြင်ကိုဆွဲဆောင်သွားလေတယ် ..

TATTOO | jinkook | MMWhere stories live. Discover now