part - 2

1K 120 12
                                    

Unicode

seokjin ရဲ့ဘဝမှာ သူအလေးထားတဲ့အရာဆိုလို့သိပ်များများစားစားမရှိချေ ၊ tattoo ထိုးနေရတဲ့အချိန်နဲ့ ထိုစက်တွေကိုတွယ်တာနေသည့်စိတ်တွေကသာတန်ဖိုးရှိသောအရာတွေဖြစ်၏ ။

အထက်တန်းမအောင်ဘဲ မူးယစ်ဆေးဖြတ်တဲ့အကျဥ်းထောင်ရောက်သွားပီး သူ့မှာကျန်တာဆိုလို့ စိတ်ဝင်တစ်စားလေ့လာခဲ့သည့်အနုစိတ်လှသည့် tattoo ပန်းချီတွေနဲ့ tattoo ဆိုင်လေးဘဲရှိလေသည် ။ Rider ဆိုလျှင် tattoo လောကမှာမသိသူမရှိပေမဲ့ သူ့မျက်နှာကိုတော့မြင်ဖူးတဲ့သူနည်းပါးလှလေသည် ။

ဆိုင်ကိုလာကာထိုးတဲ့သူလောက်သာလျှင် သူ့ကိုသိကြ၏ ။

လင်းထိန်နေတဲ့မီးတွေထွန်းထားသည့် လေးထောင့်အခန်းမှာ တစ်ဝှီးဝှီးနဲ့စက်သံတွေဆူညံနေလေသည် ။ ဗလာကျင်းနေတဲ့ကျောပြင်မှာ ပျံသန်းနေတဲ့လင်းယုန်ပုံကိုဆွဲနေရတာမို့ seokjin ရဲ့မျက်ခုံးတွေကအာရုံစူးစိုက်မှု့နဲ့အတူကျုံဝင်နေကာ ခါးကမတ်မတ်ဖြစ်နေ၏ ။ သူကပုံရေးလိုက်ပုံဖော်လိုက်နဲ့ မနက်တည်းကစဆွဲနေတာ ညနေစောင်းထိဖြစ်နေလေပီ ..

Tattoo ထိုးချိန်တွေဆိုထမင်းမေ့ဟင်းမေ့ဖြစ်နေတက်တာမို့ ဗှိုက်ဆာသလိုလိုရှိနေပေမဲ့ seokjin မစားမိ .. အဲ့ဒါကလည်း နှုတ်ခမ်းမှာဘောပင်ကိုက်ထားတဲ့ကောင်လေးတစ်ယောက် အခန်းတံခါးဖွင့်ကာဝင်မလာတဲ့အထိသာဖြစ်လေသည် ။

ထိုကောင်လေးက ပါးစပ်ထဲကဘောပင်ကို အခန်းထဲကတစ်ခုတည်းသောဆိုဗာအဝါပေါပစ်ချရင်း " အစ်ကို နေ့လည်စာမေ့နေပြန်ပီလား ? "

ပြန်ဖြေသံမကြားပေမဲ့ တစ်ညလုံး game ဆော့ထားတာကြောင့်ညိုနေတဲ့မျက်ဝန်းတွေနဲ့ ကောင်လေးက seokjin ထိုင်နေသည့်ခုံနောက်ရပ်ရင်းကုတင်ပေါခြေဆင်းကာထိုင်နေသည့် လာထိုးတဲ့သူရဲ့ကျောပြင်ကိုကြည့်ပီး ထပ်ပြောလိုက်ပြန်၏ ။
" စုတ်ချက်တွေကတော့ perfect ဖြစ်နေပီဘဲ ကျွန်တော်ဆက်ထိုးလိုက်ရမလား ?"

" မလိုဘူး ငါပီးတော့မယ် " ခေါင်းကုတ်ကာတစ်ဝါးဝါးသမ်းနေတဲ့ taehyung ကိုမျက်လုံးထောင့််ကကြည့်ရင်း seokjin နီညိုရောင်နံရံပေါကတိုင်ကတ်နာရီကိုပါလှမ်းကြည့်လိုက်၏ ။
ပီးမှ " ငါ 7 နာရီလောက်သွားစရာရှိတယ် ဧည့်သည်ထပ်လက်မခံနဲ့တော့ "

TATTOO | jinkook | MMWhere stories live. Discover now