part - 9

839 106 10
                                    

Unicode

" ကိုကို ကိုကိုထတော့ "

စူးလှတဲ့အသံကျယ်ကျယ်နဲ့ နှုတ်ခမ်းအိအိလေးက နားရွက်ကိုထိလာလျှင် တက်တူးဆရာလေးအိပ်ယာကနိုးသွားရလေသည် ။ရင်ဘတ်ပေါခွတက်ကာ လည်ပင်းမှာတိုးဝှေ့နေတဲ့ခွေးပေါက်လေးက မျက်လုံးကြည်ကြည်တွေနဲ့အရမ်းကိုစိတ်လှုပ်ရှားနေပုံပေါသည် ။ ဒိနေ့က jungkook ပြန်ရောက်မဲ့နေ့ဆိုတော့ ကောင်ကလေးမြူးကြွနေခြင်း ..

ကိုယ်အိအိလေးကိုပြန်ဖက်ရင်း seokjin ပါးဖောင်းဖောင်းတွေကိုနမ်းပစ်လိုက်ကာ
" ထပါပီဗျာ ကိုကို့ပေါက်စီလေးရဲ့"

ကလေးကိုဘေးချရင်း seokjin ထထိုင်တော့ ပေါက်စီလေးကအနောက်ကနေလက်တိုလေးတွေနဲ့သိုင်းဖက်ပီး ကျောပေါကုတ်တက်လာပြန်သည် ။
" သား လေယဥ်ပျံစီးချင်တယ် "

ပါးအိအိလေးတွေက မျက်နှာကိုဖိကပ်လာရင် တက်တူးဆရာလေးတို့အသည်းတွေယား ၊ ဒါ့ကြောင့် လက်နောက်ပြန်နဲ့ခြေတိုလေးကိုဆွဲဖမ်းကာ ရင်ခွင်ထဲထည့်ပီးဖက်ထားပစ်လိုက်သည် ။
" မစီးရပါဘူး ကိုကိုတို့ပြင်ရမယ် ဒိနေ့ပေါက်စီလေး daddy ပြန်လာမှာ "

အငြိမ်မနေတဲ့ပေါက်စီလေးကိုဖင်လေးပုတ်လိုက်ရင်း seokjin ရေချိုးခန်းထဲတန်းဝင်လိုက်တော့သည် ။ ကောင်ကလေးကိုဘေစင်ပေါတင်ရင်း သဝါနုနုလေးမှာရေစွတ်ပီးမျက်နှာကိုအရင်သုတ်ပေးလိုက်သည် ။ ပီးမှလက်တွေကိုသုတ်ပေးရင်း ပေါက်စီလေးသုံးနေကြသွားတိုက်တံမှာ သွားတိုက်ဆေးထည့်ကာသွားသေးသေးလေးတွေကိုဖြည်းဖြည်းလေးတိုက်ပေးလိုက်သည် ။

ပေါက်စီလေးက 5 နှစ်ပြည့်တော့မယ်ဆိုတော့သွားလေးတွေကတော့ပေါက်နေပီ ဒါပေမဲ့ jungkook ကအချိုအရမ်းကျွေးတော့ ရှိတဲ့သွားတွေကအပေါက်လေးတွေဖြစ််နေတာ ၊ သွားဆရာဝန်ကကြသွားနှုတ်ပေးလိုက်တော့ ကောင်ကလေးကလန့်ပီးမသွားချင်တော့ ..

မချီကာအောက်ချပေးလိုက်ရင်း ကောင်ကလေးကို seokjin အခန်းပြင်ထုတ်လိုက်၏ ။ တိုတိုလေးထွက်နေတဲ့မှုတ်ဆိတ်ရိတ်ရိတ်လေးတွေကို ရှင်းရင်းအနည်းငယ်ရှည်လာတဲ့ဆံပင်တွေကိုစုစည်းလိုက်သည် ။ jungkook မရှိပေမဲ့အိပ်ထဲမှာတော့သရေပင်တွေဆောင်ထားမိတုန်း ..

TATTOO | jinkook | MMWhere stories live. Discover now