Unicode
ပစ္စည်းတွေအထုတ်တွေနေရာချလို့ပီးတာနဲ့ ပင်ပန်းတဲ့အလုပ်တွေဆိုလက်ရှောင်တက်သည့် တက်တူးဆရာလေးမှာ ခန္တာကိုယ်တွေမလှုပ်နိုင်တော့ ၊ သူ့အခန်းထဲမကြာသေးခင်ကမှ jungkook နဲ့အတူဝယ်ထည့်ထားသည့် sofa ပေါခွေကျသွားရလေသည် ။
ချွေးတွေနဲ့စိုနေတဲ့ အိင်္ကျီကိုချွတ်ပစ်ရင်း ခြေတံရှည်တွေကိုကားကာ seokjin သက်တောင့်သက်သာဖြစ်စေမဲ့ အနေအထားကိုရှာရင်းဟိုဘက်ဒိဘက်လှိမ့်နေ၏ ။ ရှည်ကျနေတဲ့ဆံပင်တွေက sofa ပေါပြန့်ကျနေလျှင် လည်ပင်းယားလာသည်မို့ မျက်နှာမှုန်ကုတ်ကုတ်နဲ့ပြန်ထထိုင်ကာ ဘောင်းဘီထဲဆောင်လေ့ရှိသည့် သရေကွင်းကိုထုတ်ယူ၏ ။ ပီးမှ ဆံပင်ကိုစည်းပီးပြန်လှဲချကာလေပူတွေကိုမှုတ်ထုတ်လိုက်တော့သည် ။
သူ့ချစ်သူပစ္စည်းတွေကတကယ်တော့သိပ်မများ ၊ ဒါပေမဲ့လည်း ကပ်စေးနဲလေးက ပစ္စည်းတစ်ခုတောင်မချန်ဘဲအကုန်သယ်ယူနေသည်မို့ 4 ရက် 5 ရက်ကြာသွားရခြင်း ၊ ဒိနေ့မှ သူ့အခန်းမှာရှိနေသည့် jungkook ပစ္စည်းတွေကိုနေရာချပီး ပရိဘောဂအသစ်တွေဆင်နေတာကြောင့်တော်တော်လေးပင်ပန်းသွားရခြင်းသာ ..
ပေါက်စီလေးရဲ့ အခန်းကတော့အစက Store အခန်းထားထားသောအခန်းဖြစ်၏ ။ store ခန်းဆိုပေမဲ့ဘာမှသေသေချာချာမရှိ ၊ ဒါကြောင့်အခန်းပြန်ရှင်းပီးပေါက်စီလေးအတွက် အခန်းလေးလုပ်ပေးလိုက်ခြင်း ၊ ကားမို့ယာလေးကိုပေါက်စီလေးတွေ့တုန်းက အိပ်ယာပေါ်ကနေပြန်မဆင်းတော့သည်မို့ တက်တူးဆရာလေးအတင်းကိုဆွဲချရသေးသည် ။
ကလေးကြိုက်မဲ့ အဝါရောင်နံရံလေးကို jungkook ကဆေးသုတ်ပေးပီ taehyung ကအရုပ်တွေ ဝယ်ပေးထားကာ Hoseok ကတော့ကောင်ကလေးအတွက်ဆိုပီး အခန်းထဲအလင်းပျံ့ကြယ်လေးတွေဝယ်ကပ်ပေးထားသည်။ အရမ်းတွေသဘောကျနေသည့်ပေါက်စီလေးက အခန်းလေးကိုတွေ့တာနဲ့တစ်နေကုန်အခန်းထဲကနေပြန်မထွက် ၊ ကောင်ကလေးက အရုပ်ကိုထိလိုက် နံရံအရှေ့မှာခေါင်းလေးစောင်းကာရပ်ရင်း သူ့ daddy နံရံပေါဆွဲပေးထားတဲ့ပုံလေးတွေကိုတို့ထိရင်း တစ်ခစ်ခစ်ရယ်နေတက်သေးသည် ။
အခုလည်းပေါက်စီလေးကိုသွားသိပ်နေသည့် jungkook ကြောင့်တက်တူးဆရာလေးခဏနားရခြင်း ၊ ကောင်ကလေးက ဒိအိမ်ရောက်ထဲက တက်တူးဆရာလေးနားကပ်လွန်း၏ ။ သူ့ daddy ကိုတောင်ပလစ်ထားပီး seokjin နားရှိနေခြင်း ၊ တက်တူးထိုးနေတဲ့အချိန်များဆို ဘေးနားမှာတိတ်တိတ်လေးထိုင်ပီး seokjin ကိုကြည့်နေတက်၏ ။ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ကြည့်နေတက်ကာ တစ်ခါတစ်လေဆိုအနားမှာမတ်တပ်ရပ်ကာ မျက်တောင်မခပ်တန်းကြည့်နေတက်သေး၏ ။
YOU ARE READING
TATTOO | jinkook | MM
Fanfictionအိမ်ပြန်လမ်းတွေဟာ ကိုယ်တို့အတူရှိမှလှပနေမှာပါ အချစ်ရေ ~~