Normal fic collection..7.သူမအပေါ်ကျွန်တော့်ရဲ့တဖက်သတ်အချစ်
အပိုင်း(1)
ကျွန်တော် ရှစ်တန်းနှစ်လောက်က သူမနဲ့စတင်ဆုံတွေ့ခဲ့တယ်
လောကတခုလုံးက နေမင်းရဲ့အလင်းရောင်အောက်ရောက်နေလို့လားမသိ
နေပူထဲသူမလမ်းလျောက်လာတော့ တင်ပါးအောက် တံခေါက်ကွေးနားထိကျနေကာ လေနဲ့အတူယိမ်းနွဲ့နေတဲ့ဆံနွယ်တွေက သူမကိုပိုလှစေခဲ့တာလား သူ မသိ
ခါးသေးသေးလေးမှာ တင်ထားတဲ့ရင်ဖံုးကျောင်းဖြူလေးနဲ့ ထဘီအစိမ်းရောင်လေးဟာ သူမဟာလဲ ကျောင်းသူတစ်ဦးဆိုတာကိုသိလိုက်ရလေတယ်
သူမရဲ့အလှကြောင့်ဖမ်းစားခံလိုက်ရတဲ့သူဟာ ထိုင်နေတဲ့အုတ်ခုံလေးပေါ်မှာပဲ မရွှေ့နိုင်ခဲ့ဘူး
ဒီနေ့ကျောင်းပြေးတာ တန်သွားတယ်လို့တောင် ခံစားမိလိုက်တယ်
အဝေးက သိပ်မသိသာတဲ့ သူမရဲ့မျက်နှာဟာ အနီးကပ်လာတော့ ကလေးဆန်တဲ့အသွင်အပြင်တွေကရှိနေဆဲ ဖြူဖွေးတဲ့အသားအရေဟာနေရောင်ကြောင့် ပါးနှစ်ဖက်ဟာမွေးကင်းစကလေးလိုနီတာရဲနေလေတယ်
နှာတံချွန်ချွန်လေးထိပ်မှာချွေးစို့လို့
သူနှစ်သက်တဲ့ဆံပင်တွေကိုလဲ သူမကသိပ်သဘောကျဟန်မရ စိတ်ရှုပ်ထွေးနေတဲ့မျက်နှာထားနဲ့ ကျောနောက်ကိုခနခနပို့ကာ ကားရပ်စောင့်နေတာကိုပဲတွေ့ေနရတယ်
သူမရဲ့ မျက်ဝန်းထောင့်လေးတွေက ဖရဲစေ့လို ချွန်ချွန်လေး နှုတ်ခမ်းများက ဖရဲသီးအတွင်းသားလိုရဲလို့နေတယ် ကားပေါ်တက်သွားတဲ့အချိန် လှစ်ခနဲမြင်လိုက်ရတဲ့ နီနီရဲရဲဖနောင့်
လေးက သူ့ရင်ကိုခုန်စေဖို့လုံလောက်ခဲ့တယ်ဒါက သူမကိုသူစတွေ့လိုက်ရတဲ့အခိုက်အတန့်လေးပါပဲ
ဒါပေမဲ့ သူမကတော့ လုံးဝမသိခဲ့ပါဘူး
အပိုင်း(2)
နောက်တကြိမ် သူမကိုပြန်တွေ့တော့ သူတို့ရပ်ကွက်ထဲမှာပဲ ဘာလို့များ သူတို့ရပ်ကွက်ထဲမှာ နတ်သမီးလေးရှိနေတာကို မသိခဲ့ရတာလဲ
YOU ARE READING
one short stories collection (Only Normal)
General Fictionown creation one short stories collection ရသအစုံပါအောင်ရေးပါမယ် Timetravel . rebirth. revenge. drama . romance အမျိုးအစားတွေကိုဦးစားပေးရေးမှာဖြစ်ပြီး normal . အစုံရေးမှာပါ 🔞🔞🔞ပါတာတွေလဲရှိသလို မပါတာတွေလဲရှိနိုင်ပါတယ် စိတ်ကူးယဉ် one short stor...