One short stories collection
Story.2.
Part.2.
ကတိဆိုသော........
စကား၏တန်ရာတန်ကြေးone shot story
Normal fiction
rebirth
own creation
writer....alinkar nangအခန်း(၁)
သူမ နာမည်က သံယောဇဉ်မိုး ။
ဒါပေမဲ့ သူမရဲ့နာမည်ဟာ သူမရဲ့ဘဝနဲ့တော့တခြားစီဖြစ်ခဲ့တယ်သူမသိတတ်စအရွယ်ထဲက အမေကိုပစ်သွားတဲ့ဖခင်အကြောင်းကိုလဲမသိခဲ့ သမီးကိုပစ်ခဲ့ပြန်တဲ့အမေအကြောင်းကိုလဲမသိခဲ့ပါဘူး
ခါးကိုင်းကိုင်းနဲ့ပိန်ပိန်ပါးပါး ဆေးလိပ်ဖွာကာ ဝက်သားကြိုက်တတ်တဲ့ အဘွားရဲ့ကျောပေါ်မှာပဲကြီးပြင်းလာခဲ့တာမို့ ငယ်ဘဝကတော့ သိပ်မဆိုးခဲ့
ငယ်ရွယ်သူမို့ စိတ်ထဲလဲသိပ်မထားတတ်ခဲ့ပဲ အဘွားဖြစ်သူရဲ့
"မြေးမလေးကိုအဘွားမသေသရွေ့ကာကွယ်ပေးမှာပါကွယ်" ဆိုတဲ့ကတိစကားကိုယုံကာ သာယာစွာဖြတ်သန်းခဲ့ရတာပေါ့
ဒါပေမဲ့ သူမရဲ့ဘဝဟာအစထဲကကံမကောင်းခဲ့သလို ဘယ်တော့မှလဲ ကောင်းလာတော့မယ်မဟုတ်ဘူးထင်ပါရဲ့
အမြဲကာကွယ်ပေးမယ်ဆိုတဲ့အဘွားက ဆီးချိုရောဂါနဲ့ဆုံးပါးခဲ့ပြီး သိတတ်စအရွယ်ထဲကတခါမှမမြင်ဖူးတဲ့ မိန်းမတစ်ယောက်ကတော့ သူမရှေ့ကိုလာကာ သူ့ကိုယ်သူအမေလို့နှုတ်ဆက်ခဲ့တယ်
သူမဘာမှမပြောခဲ့ ဘာမှမမေးခဲ့ သူမမျက်ဝန်းတွေကတော့ အဘွားနဲ့အတူတူတပျော်တပါးစိုက်ထားတဲ့ ကျိုးကြေနေပြီဖြစ်တဲ့ ကန်စွန်းခင်းလေးရဲ့အပေါ်က အဖြူရောင်ဆလွန်းကားလေးဆီမှာပဲကျောက်ချထားခဲ့တယ်
ရက်လည်ဆွမ်းသွပ်ပြီးတော့ အမေဆိုတဲ့မိန်းမကြီးနဲ့အတူ သူမဟာ တောင်ပေါ်ဆိုတဲ့ဒေသကို စုတ်ပြတ်ပြတ်လေးနဲ့ခေါ်သွားခြင်းကိုခံခဲ့ရတယ်
တောင်ပေါ်ဆိုတာပဲပြောပြီး ဘာတလုံးမှမသိခဲ့ရပေမဲ့ သူမ မငြင်းဆန်ခဲ့ပါ
ဆယ်နှစ်အရွယ်ကောင်မလေးတစ်ယောက်ဟာ တစ်ယောက်ထဲဘယ်လိုများရပ်တည်နိုင်ပါ့မလဲတဲ့
အဲ့ဒီလိုနဲ့ တခါမှမပြုံးပြဖူးတဲ့အမေဆိုတဲ့မိန်းမကြီးရဲ့ ထဘီပေါ်ကအရုပ်သေးသေးလေးတွေကိုပဲစိုက်ကြည့်ရင်း ဘာကိုမှမမေးရဲခဲ့ပဲ လိုက်ပါသွားခဲ့ရတော့တယ်
YOU ARE READING
one short stories collection (Only Normal)
General Fictionown creation one short stories collection ရသအစုံပါအောင်ရေးပါမယ် Timetravel . rebirth. revenge. drama . romance အမျိုးအစားတွေကိုဦးစားပေးရေးမှာဖြစ်ပြီး normal . အစုံရေးမှာပါ 🔞🔞🔞ပါတာတွေလဲရှိသလို မပါတာတွေလဲရှိနိုင်ပါတယ် စိတ်ကူးယဉ် one short stor...