story.4.my sex slave and me

3.3K 87 0
                                    

my sex slave and me

one short stories collection
Alinkar nang
romance .adult . mordern.
normal fiction

"ဒီစာချုပ်မှာလက်မှတ်ထိုးပြီးရင် မင်းက တို့အပိုင်ဖြစ်ပြီ ချစ်သူမထားရဘူး မရှုပ်ရဘူး အိမ်ကိုဘယ်သူငယ်ချင်းမှမခေါ်ရဘူး နောက်တချက်က ဘယ်သူ့ကိုမှချစ်လို့မရတော့ဘူး ဒါတွေအားလုံးကိုမင်းသေချာစဉ်းစာပြီးပြီဆိုရင် ရော့ pen ဒီနားလေးမှာ မင်းလက်မှတ်ကိုထိုးလိုက်တော့"

ဒီအချိန်ဒီကာလကိုသူမရှည်ကြာစွာစောင့်စားခဲ့ရတာဖြစ်သည်

သူမရှေ့ကသူ့ကိုပိုင်ဆိုင်ဖို့ သူမဘယ်လောက်ကြိုးစားအားထုတ်ခဲ့လြဆိုဝာာ ဘုရားပဲသိလိမ့်မယ်

ငယ်ရွယ်ဖြတ်လတ်တဲ့အရွယ် တက္ကသိုလ်ကျောင်းသားတစ်ယောက်ကိုချစ်မိလို့ ကလေးမုန့်ပေးကြိုက်တယ်ပြောလဲဘာဖြစ်သေးလဲ သူမသာဆန္ဒရှိမယ်ဆိုရင် ဆယ်တန်းကျောင်းသားဆိုရင်လဲအပိုင်သိမ်းပစ်လိုက်မှာပင်

သူ့ကို သူမစတွေ့ခဲ့တော့ ဆင်းရဲသားရက်ကွက်ထဲမှာဖြစ်ပြီး မိန်းမကြီးတစ်ယောက်ရဲ့ဆံပင်ဆွဲကာရိုက်နှက်ခြင်းကိုခံနေရတာဖြစ်သည်

သူမဝန်ထမ်းတစ်ယောက် လုပ်ငန်းခွင်မှာဆုံးပါးသွားလို့ တာဝန်ရှိသည်များကိုလိုက်လံလုပ်ဆောင်ပေးရင်း အဲ့ဒီမြင်ကွင်းကိုကြုံကြိုက်ခဲ့တာပင်

ရိုက်ပုတ်ခံနေရတာတောင်မှ ဦးညွတ်သွားတဲ့ဟန်မရှိ မျက်ဝန်းများကတောက်ပနေပြီး တလောကလုံးကိုစိန်ခေါ်တော့မဲ့အသွင်ဖြစ်လို့နေသည်

သူမအတွင်းရေးမှူးကနစ်နာသူရဲ့အိမ်မှာဖြေရှင်းနေစဉ် သူမက‌တော့ မျောင်ရိပ်ထဲမှာရပ်ထားတဲ့ကားထဲမှာ သူ့ကိုစိုက်ကြည့်နေခဲ့တာပဲဖြစ်သည်

သူရဲ့ခြေတံရှည်များကိုသူမသဘောကျသည် စကားပြောလိုက်တိုင်းပေါ်လာတတ်တဲ့သွားစွယ်လေးနဲ့ပါးပေါက်လေးများက သူမကိုအထူးတလည်မြူစွယ်လို့နေကြသည်

သူမျက်ဝန်းကိုတော့သူမအကြိုက်ဆုံးဖြစ်ပြီး ရှည်သွယ်တဲ့မျက်အိမ်များကထင်ရှားပြီး ထူထဲတဲ့မျက်ခုံးများက သူ့ရဲ့ခန့်ထယ်မူ့ကိုပံပိုးပေးလို့နေသည်

one short stories collection (Only Normal) Where stories live. Discover now