Short stories collection.6.ကျွန်တော့ရဲ့မိန်းမပျို
ကျွန်တော်သူမကိုစတွေ့တဲါအချိန်က ကျွန်တော်ဟာ အိမ်ပေါ်ကဆင်းလာပြီး ပေတေလေလွင့်နေချိန်ဖြစ်ခဲ့တယ်
အမေကလဲငယ်စဉ်ထဲကမရှိ ဆုံးပါးသွားခဲ့တယ်
အဖေဖြစ်သူကလဲ နောက်မိန်းမယူပြီး သူ့ကိုဂရုမစိုက်
သူကလဲ အဖေနဲ့တကျက်ကျက်ရန်ဖြစ်ပြီး မိထွေးနဲ့ကလဲ အမြဲ တဂျိမ်းဂျိမ်းပဲ
ဒီကြားထဲ မယားပါသမီးကပါ သူ့ကိုဆိုနိုင်လွန်း မဟုတ်တမ်းရားပြောလွန်းလို့
အခုလို အပေအတေအလေအလွင့်ဘဝနဲ့ဇတ်သိမ်းသွားခဲ့ရတာပေါ့
ယောကျာ်းလေးဆိုတော့လဲ
ဒေါင့်ကျကျ ပြားကျကျ လုပ်စားနိုင်မယ်ထင်ခဲ့တာဝါသနာပါတဲ့ သီချင်းလေးရေး ဂစ်တာလေးတီးပြီး တနေ့ တနေ့ အိမ်ပြင်တောင် မထွက်ဖြစ်ဘူးရယ်
အဲ့တော့ အသစ်ရောက်လာတဲ့ရက်ကွက်ထဲလဲ သိပ်မသွားဖြစ်ဘူးပေါ့
ရက်ကွက်ဆိုလို့ လူနေအိမ်ကျဲပြီး ခြံကွက်ကျယ်တဲ့ တထပ်အိမ်လေးေတွပိုများတာပေါ့
တအိမ်နဲ့တအိမ်ကလဲအလှမ်းဝေး တစ်ယောက်နဲ့တစ်ယောက်ကလဲ မတွေ့ဖြစ်ကြဆိုတော့ အဆက်အသွယ်ကမရှိနဲ့
သူဆို အိမ်ပြောင်းပြီးထဲက အိမ်နောက်ဖေးကိုတောင်မသွားဖြစ်ဘူး
အဲ့နားကပြတင်းပေါက်တွေဆို ဖုန်တွေတောင်တက်လို့
တနေ့တော့
တနေ့ပေါ့
အမ်း တနေ့တော့ပေါ့နော်
ထူးထူးဆန်းဆန်းကျွန်တော် အိမ်နောက်ဖေးကိုရောက်သွားခဲ့တယ်ဗျ
အဲ့ဒါကလဲ ရာသီဥတုတော်တော်ပူလာလို့ အိမ်မှာရှိသမျှတံခါးတွေအကုန်လိုက်ဖွင့်ရင်းနဲ့ရောက်သွားတာ
ကျွန်တော်တို့အကွက်တွေက ဖင်ချင်းဆက်အကွက်တွေလေ
အဲ့တော့ ကိုယ့်အိမ်အနောက်ကလဲ သူများအိမ်အနောက်ပဲဖြစ်နေတာ အဲ့တော့ ကျွန်တော်လဲထူးထူးခြားခြားမခံစားမိခဲ့ဘူးပေါ့ဗျာ
KAMU SEDANG MEMBACA
one short stories collection (Only Normal)
Fiksi Umumown creation one short stories collection ရသအစုံပါအောင်ရေးပါမယ် Timetravel . rebirth. revenge. drama . romance အမျိုးအစားတွေကိုဦးစားပေးရေးမှာဖြစ်ပြီး normal . အစုံရေးမှာပါ 🔞🔞🔞ပါတာတွေလဲရှိသလို မပါတာတွေလဲရှိနိုင်ပါတယ် စိတ်ကူးယဉ် one short stor...