Uni
လပတ်စာမေးပွဲကြီးကနည်းလာသဖြင့်
မိုးသစ်ခက် တစ်ယောက် စာတွေပိနေလေသည်။
မိုးသစ်ခက် စာကျက်ပြီးလို့ခဏနားနေရင်း messenger ထဲသို့ ၀င်လိုက်ကာ သူ့ရဲ့အချစ်
ရဆုံးသူကိုစာပို့ဖို့ပြင်လိုက်သည်။"ကိုကို စာတွေကအရမ်းခက်တာပဲသိလား"
"အွန်း ဘေဘီ၊ ပင်ပန်းနေပြီပေါ့"
"ပင်ပန်းတာမှအရမ်းပဲဗျာ"
"ကိုကို ဘေဘီလေး၊ပင်ပန်းတာပျောက်စေ 😘"
"အဲ့တာကြောင့် ချစ်နေရတာ၊ ဟီးဟီး😍"
"စာပြန်ကျက်တော့၊ ဘေဘီ"
"ဟုတ် ကိုကို ၊ ခနနေမှလိုင်းပေါ်တက်ခဲ့မယ်နော်"
"အွန်း၊ ဘိုင့်😘"
"ဘိုင် ၊😘😘😍"
ကိုကို ကအဲ့လိုပါပဲ၊ လူကိုအမြဲရင်ခုန်အောင်လုပ်နိုင်သလို ၊စကားပြောလဲအရမ်းကောင်းသည်၊ ကိုကိုနဲ့ရည်းစားတွေဖြစ်တော့ သူငယ်ချင်းတွေအကုန်ကို ပတ်ကြွားလွန်းလွန်းလို့ သူငယ်ချင်းတွေက
"ရည်းစားအခုမှစထားဖူးတော့ ကြွားထားအုံးပေါ့"
ဟု စနောက်ကြသည်။ကိုကို နဲ့ သစ် အခုဆိုရည်းစားသက်တမ်း သုံးလတောင်ပြည့်ခဲ့ပြီလေ၊သစ် အတွက် ကိုကို က ရည်းစားဦး ဆိုတော့ ကိုကို လိုအပ်သမျှကို ဖြည့်ဆည်းပေးရန်မှာ သစ် ရဲ့ဦးစားပေးတစ်ခုပင်ဖြစ်လာသည်။*******************************
မိုးသစ်ခက် စာကျက်ပြီးတော့ နာရီကြည့်လိုက်တာ ညစာစားချိန်တောင် ရောက်နေပြီဖြစ်၍အိမ်အောက်ထပ်ဆင်းကာ ရေအမြန်ချိုးပြီးမေမေတို့နဲ့ညစာစားလိုက်သည်။ညစာစားပြီးသွားသည်နှင့် စာကျက်မယ်ဟုညာပြောကာ အိပ်ခန်းထဲသို့ အပြေးပြန်လာခဲ့သည်။မေမေတို့က သစ် ရည်းစားထားတာကိုမကြိုက်သလို သိသွားလျှင်လဲအသတ်ခံရနိုင်လေသည်။
"ကိုကို ရေ၊ ဘယ်ပျောက်နေတာတုံး
လိုင်းပေါ်မှာလဲ မရှိဖူး"အချိန်တော်ကြာသည်အထိ ၊ ကိုကို စာမပြန်လာ၍ ကိုကို အိပ်နေတာပဲဟုတွေးကာ၊ သစ်တစ်ယောက် ကိုကို့ FBအကောင့်ထဲ ၀င်လိုက်သည်။