part 3

25 2 0
                                    

"ကောကော ရေ ၊ ဂိမ်းဆော့မယ်"

"အွန်း လာပြီ ၊ စစ်"

ဂိမ်းဆော့ဖို့အတွက် ဂိမ်းထဲကို ၀င်ကာ  ၊စစ်ဟန် invite လုပ်မှာကိုစောင့်နေလိုက်သည်။ မကြာခင်မှာပင် စစ်ဟန် invite လုပ်တဲ့ စာလေးဟာရောက်လာခဲ့ပြီး room ထဲသို့၀င်ကာ Start ကိုနိုပ်၍ ဂိမ်းပွဲလေးစတင်ခဲ့လေသည်။ စစ်ဟန်က
ဂိမ်းpro တစ်ယောက်ဖြစ်သည့်အလျောက် ဂိမ်းကစားတဲ့နေရာမှာ အတော့်ကိုကျွမ်းကျင်လေသည်။ သူရဲ့ အိမ်မက်က streamer တစ်ယောက်ဖြစ်ချင်တာဟုအမြဲပြောလေ့ရှိသည်။

ဂိမ်းဆော့နေရင်း ကျွန်တော်က တစ်ခြားအဖွဲ့သားကိုသာ ကူပေးပြီး စစ်ဟန်အနားမလာလို့ဟုဆိုကာ voice chat ဖွင့်၍
"ကောကော ကျွန်တော့စီလာဟု" လှမ်းခေါ်လေသည်။ ကျွန်တော် သူ့ကို ကြွေမိသည့်အထဲတွင် သူရဲ့ ဩရှရှအသံလေးလဲပါသည်။ အသက်ကငယ်သော်များလဲ အသံကတော့ ယောက်ျားလေးတစ်ယောက်မှာ ရှိတဲ့ ဩရှရှအသံကိုမှ တမူထူးကာ တည်ငြိမ်တဲ့ဘက်သွားတဲ့အသံမျိုးကို ပိုင်ဆိုင်ထားသူလေးမို့ အသံကြားယုံလေးနဲ့ ကျွန်တော့် နှလုံးသားကို အရည်ပျော်အောင်လုပ်နိုင်သူဖြစ်သည်။ဂိမ်းဆော့ပြီး messenger ကိုပြန်လာ‌ကာ စကားပြောတဲ့အခါမှာတော့ စစ်ဟန်က တစ်ခြားသူကို ကူညီလို့ဆိုတဲ့ခေါင်းစဉ်နဲ့ ကောက်ပါလေသည်။

" ကောကော‌ က အနားလဲမလာဖူး၊ အားနေ ဟိုအောက်က အကောင်နဲ့ပဲပူးနေတယ် ၊ ကျွန်တော့်ကို ပစ်ထားတယ်"

"ဟောဗျာ ၊ ကိုယ်ရဲ့ စစ်လေးက ကျွမ်းကျင်ပြီးသားဆိုတော့ ကိုယ်က လာမကူမိတာပါ"

"မကြိုက်ပါဖူး၊ ကျွန်တော့်နားမှာပဲနေရမယ်"

"ကောင်းပါပြီ ၊ ကလေးအနားပဲနေတော့မယ်"

"အွန်း~~ပြီးကော ထမင်းစားတော့မယ် ၊
အာဘွားပေး"

"😘😘😘😘😘အူမွ "

"ချစ်တယ်နော် ၊ ကောကော"

"အွန်း ကိုယ်လဲ ချစ်တယ်"

စစ်ဟန်က ဖြူစင်ရိုးသားတဲ့ ကလေးဖြစ်သလို ၊အရှုပ်အရှင်းကင်းကြောင်းမှာလဲ ပြောနေစရာကိုမလိုအောင် အနေအေးသည်။ အခြားသူများပေါ်တွေ အေးတိအေးစက် ဆက်ဆံတတ်ပေမယ့် ၊ သူချစ်တဲ့သူတွေပေါ်မှာတော့ ကလေးဆန်တတ်သည်။ ကလေးလို့ ခေါ်ရင်တော့ စစ်ဟန် စိတ်ဆိုးတာကိုခံရလိမ့်မည်။ အားနည်းချက်အနေနဲ့ အရမ်းချောတာ လေးတစ်ခုပဲရှိသည်။ စစ်ဟန်က ရုပ်ရည်ချောမောယုံသာမက အရပ်မှာလဲ 6'4" ရှိတဲ့သူ ဖြစ်တာကြောင့် idol တစ်ယောက်နှင့်လဲတူသည်။စစ်ဟန်သည် အကနဲ့ idol ဘက်မှာလဲ ဝါသနာပါသူဖြစ်ရာ ကျွန်တော်နှင့် အကြိုက်တူသူတစ်ယောက်ဖြစ်သည်။

DPLWhere stories live. Discover now