မိုးသစ်ခက် တစ်ညလုံးငိုထားသည့်အရှိန်ကြောင့် မနက်ကျတော့ မို့အစ်ဖောင်းနေတဲ့မျက်လုံးများနှင့်နိုးထလာခဲ့သည်။ မျက်လုံးနှစ်လုံး ပွင့်သည်နှင့်တစ်ပြိုင်နက် ဖုန်းကို ကောက်ကိုင်ကာ ကိုကို့ စီကစာများ ၀င်ထားမလားဟုအရင်စစ်မိသည်။ ဒါပေမယ့် သူ့ကိုကို ကတော့ မိုးသစ်ခက်ကို အသက်ရှိလူသားဟုပင် မသတ်မှတ်ကာ စာတစ်စောင်မှမပို့ခဲ့တာကို တွေ့လိုက်ရသည်။မနေနိုင်တဲ့ မိုးသစ်ခက်ကပဲ စာစပို့လိုက်တော့သည်။
"Morning, ကိုကို "
"Hi , babe"
"မနေ့ညက ဘာလို့လိုင်းမသုံးတာလဲ၊ဖုန်းလဲပိတ်ထားသေးတယ်"
"ကိုယ့်ဖုန်းအားကုန်နေလို့ပါ ဘေဘီ"
"ဟွန့် ၊ကိုကို့ ကိုမေးစရာရှိတယ်"
"ပြောလေ"
မိုးသစ်ခက်ဟာ မနေ့ညက ဖြစ်ပျက်သမျှအကြောင်းအရာအကုန်ကို screen shot နှင့်တကွပို့လိုက်တော့
*ကိုကို က သူတို့သူငယ်ချင်းတွေအချင်းချင်း ဂိမ်းဆော့ရင်း အလောင်းအစားတစ်ခုလုပ်ခဲ့ရာ သူရှုံးသွားလို့ ၊ အဲ့အစ်မကို ရည်းစားစကားသွားပြော၍ တစ်လကျော်တွဲပေးရမည်ဟု ရှင်းပြလာခဲ့သည်*
ကိုကို ရဲ့ စကားဆို အကြွင်းမဲ့ ၊ယုံကြည်တဲ့
မိုးသစ်ခက် ကတော့ ၊ အစ်မကို တလကျော်ရင် ဖြတ်ဖို့ ပြောကာ ၊သူ့ကိုကို စီက ကတိအထပ်ထပ်တောင်း၍ ပြသာနာကို ကျေအေးပေးလိုက်သည်။
ဒါပေမယ့် သူရဲ့စိတ်ထဲမှာ သံသယမကင်းတဲ့စိတ်ခိုအောင်းနေသေးသဖြင့် သူ့ကိုကို နှင့် အဲ့ဒီအစ်မရဲ့ လှုပ်ရှားတာ မှန်သမျှကို စောင့်ကြည့်ခဲ့သည်။အမှန်တော့ မိုးသစ်ခက်ဟာ လွန်ခဲ့တဲ့ လအနည်းငယ်က သူငယ်ချင်းတစ်ယောက်စီက အကောင့်ဟက်နည်းကို အပျော်တမ်းသင်ထားခဲ့မိသည်။ မိုးသစ်ခက်ရဲ့ သူငယ်ချင်းဟာလဲ ယုံကြည်မှုနဲ့အတူ သူ့ကို သင်ပေးခဲ့လေသည်။ မိုးသစ်ခက်ဆိုတဲ့ကောင်လေးဟာ သူသင်ယူခဲ့တဲ့နည်းပညာကို အခုလို အသုံးချရမည် ဟုတစ်ခါမျှမတွေးတောခဲ့ဖူးပါသလို ၊ နောက်ဆုံးအရေးကြုံလာလျှင် သုံးမည်ဟုတွေးခေါ်ထားလေသည်။