Uni
"ကျွန်တော်တို့ ဒီလောက်နဲ့ပဲ ၊ရပ်လိုက်ကြရအောင်"
"မဟုတ်ဘူး စစ် ၊ ကော တောင်းပန်ပါတယ် ၊ ပြတ်မယ်လို့တော့မပြော ပါနဲ့စစ်ရာ ၊ ကော သူနဲ့အဆက်သွယ်ဖြတ်ပစ်မယ် ၊ ကော ချစ်တာ မင်းတစ်ယောက်ထဲပဲရှိတော့တာ "
"ဘယ်လိုယုံရမှာလဲ ၊ ကော က ကျွန်တော် မသိအောင် သူနဲ့ဆက်သွယ်ခဲ့ယုံသာမက cmt မှာလဲ စကားတွေပြောထားကြတယ်၊ ကျွန်တော် မသိအောင်တွဲမယ်ဆိုလဲ ၊fb က cmt မှာ မရေးကြနဲ့လေဗျာ ၊ ၀င်ဖတ်မှသိရတဲ့ကျွန်တော်က အရူးလားဗျာ "
"တောင်းပန်ပါတယ် ၊ ကော သူ့ကိုလက်စားချေချင်လို့ ပြန်ပတ်သက်မိတာပါ၊ ကော သူနဲ့လုံး၀မပတ်သတ်တော့ဘူး ၊ စိတ်ချပါကွာ ။"
"ကျွန်တော် ပင်ပန်းနေပြီ"
စစ်ဟန်ဟာ offline လုပ်သွားပြီး ဖုန်းကိုပါဆက်ပိတ်ချလိုက်သည်။မိုးသစ်ခက်ဟာ စစ်ဟန်စီကို သူ့အသိ ကောင်မလေးတစ်ယောက်ရဲ့အကောင့်က နေ၍ တောင်းပန်စာရေးသားခဲ့ပြီး အဲ့ဒီကောင်မလေးစီကနေတဆင့်တောင်းပန်စာပို့ခဲ့လေသည်။ဤအချက်ကပင် စစ်ဟန်ကို အကြီးအကျယ် စိတ်ဆိုးစေလေသည်။ စစ်ဟန်နှင့် မိုးသစ်ခက်အကြားပြသာနာတက်တဲ့ကိစ္စကို အခြားသူကနေတဆင့်တောင်းပန်လို့ဟုဆိုကာ လမ်းခွဲမည့်အကြောင်းကို အတိအကျပြောလာခဲ့လေသည်။ မိုးသစ်ခက်တစ်ယောက်အမှားကြီး ကျူးလွန်မိသွားပြီဆိုတာကို သိသွာသလို ၊ သူရဲ့ မြတ်နိုးရာလေးကိုပါ ဆုံးရှုံးကတော့မည် ဖြစ်တဲ့အတွက် သူဟာ အရူးတစ်ပိုင်းဖြစ်နေခဲ့သည်။ သူငယ်ချင်းများကို ရင်ဖွင့်ကာ အကြံဉာဏ်တောင်းတဲ့အခါမှာ တစ်ယောက်က စစ်ဟန်ကို သူသွားပြောပေးမည်ဟုဆိုကာ သွားပြောပေးခဲ့သည်။
သူငယ်ချင်းရဲ့အကူအညီကြောင့် စစ်ဟန်ဟာ မိုးသစ်ခက်ကို စကားပြန်ပြောခဲ့ပါသည်။ဒါပေမယ့် စစ်ဟန်က သူ့နှင့် ပြန်တွဲတောင် သူရဲ့နှလုံးသားမပါတဲ့ စစ်ဟန်ကိုသာ ရမည်ဆိုတဲ့အကြောင်းကို မိုးသစ်ခက်ကို စတင်ပြီးပြောကြားခဲ့လေသည်။မိုးသစ်ခက်က အစပိုင်းမှာ
ရတယ် ၊ သူပြန်ကြိုးစားမည်ဟုဆိုကာ စစ်ဟန်အနားနေရရေးကြိုးစားခဲ့လေသည်။