အပိုင်း (၇)

946 65 2
                                    

ကြက်ခိုးရတာလဲမလွယ်ပါလားနော်
ကြက်မကြီးကတော်တော်တော့အသားပြည့်မှာ
ဝတုတ်နေတာပဲ
"ယုယမ ဘာတွေစဥ်းစားနေတာလဲလည်ပင်းကနေညစ်ချလိုက်တော့လေ နင့်အမေလင်ကြက်က မဟုတ်ရင်အော်နေမယ်"
"အေပါနင်တို့ကလဲ ဉီးကြွက်ကြီးတာမနိုးစေနဲ့"
"ဟိုကထန်းရည်မူးပြီးအိပ်နေပြီ"
"လာလေရော့ ကြက်ဝတုတ်ကြီးရေ"
"အာ့..ကတွတ်..အွတ်"

"ကြက်ကခိုးလာတာတော့ဟုတ်ပြီဘယ်သူသတ်မှာလဲငါမသတ်ရဲဘူး"
"ငါလဲမသတ်ရဲ့ဘူးလေ"
"ဆောင်း ရော့ရော့ နင်လုပ်လိုက်"
"ဟာငါလဲဘယ်လိုလုပ် သတ်ရဲမှာလဲ"
"ကဲတယောက်နဲ့တယောက်လွှဲပေးမနေပါနဲ့တော့
ရတီမနင့်ချစ်သူကြီးကိုသာလှရှိတယ်မလား"
"ယုယမ ကြက်သတ်တာနဲ့ငါ့ချစ်သူနဲ့ဘာဆိုင်လို့လဲ"
"ဆိုင်တာမှသိပ်ဆိုင်ပေါ့ဟ ကိုသာလှကဒီရွာသားဆိုတော့သူကတော့လုပ်ရဲမှာပေါ့"
"အောင်မယ် နင်တို့စားချင်တာနဲ့ငါ့ချစ်သူကငရဲကီးခံရမှာလားမသတ်ခိုင်းပါဘူး ရော့နင်တို့ကြက်
ငါတော့မစားတော့ဘူး"
"ဟဲ့ကြက်.."
"ဆောင်းကလဲကြက်ကိုသေချာမကိုင်ဘူး"
"ရတီမကပေးတာကိုကမဟုတ်တာ"
"ထားတော့လာကြက်ပြန်လိုက်ဖမ်းရအောင်"
သုံးယောက်သားကြက်ရှာပုံတော်ဖွင့်ကြသော်လည်း မနက်မိုးသာလင်းတော့မည်ကြက်ကိုမတွေ့ပေ

"မမမြကိုနှင်းဆီပြောစရာရှိလို့"
"ပြောလေနှင်းဆီ"
"ဟိုမမမြ ယုယအပေါ်မှာခံစားချက်လေးမရှိဘူးလား"
"ဘာကိုတုန်း နှင်းဆီရဲ့"
"ဒီလိုလေယုယကိုမချစ်ဘူးလားလို့"
"မချစ်ဘူး ချစ်တယ်တော့ ငါလဲမခွဲတတ်ဘူး ဒါပင်မယ့် သူ့မျက်နှာလေးမြင်ရင်ပျော်တယ် သူမျက်နှာလေးဝမ်းနည်းနေရင်ငါလဲနေလို့မကောင်းဘူး သူ့အနားမှာနေရင်လုံခြုံတယ် နွေးထွေးတယ်လို့တော့ခံစားရတယ်"
"အဲ့တာချစ်နေတာပေါ့မမမြရဲ့"
"ဟာနှင်းဆီနော်"
"သူကြီးရေ..သူကြီး...သူကြီး"
"ဟော ကိုကြွက်ကြီးဘာလာလုပ်တာတုန်းရှင့်.
"လာတာတော့တခြားမဟုတ်ဘူး ညကကျုပ်
ကြက်မလေးပျောက်သွားတယ် အဲ့တာလာပြီးပြောတာဗျာ"
"ထိုင်ပါဦးရှင် ကဲဒေါသလေးလဲနည်းနည်းလျော့"
"မလျော့နိုင်ဘူးဗျာ ရွာမှာဒီလိုသူခိုးရှိတာကျုပ်တော့အလိုမကျဘူး "
"ကျွန်မအဆင်ပြေအောင်လုပ်ပေးပါ့မယ်ခနလေးထိုင်ပါဦး"
"နှင်းဆီမောင်သာလှကိုအရေးကြီးလို့သူကြီးအိမ်ကိုလာကြပါလို့သွားပြော"
"ဟုတ်မမမြ"
"ကိုကြွက်ကြီးလဲစိတ်လေးထိန်းပါဦးရွာမှာတခါမှခိုးတာတွေလုတာတွေကမဖြစ်ဘူးပါဘူး"
"ကျုပ်သိတယ် ကျုပ်တို့ရွာကလူတွေစည်းကမ်းရှိမှန်းမရှိတာကမြို့ကလာတဲ့ဟိုကလေးမသုံးယောက်"
"အိမ်ဘေးက ကိုဘခက်ညကကျုပ်ခြံထဲမှာအဲ့မြို့ကကောင်မလေးသုံးယောက်ကိုတွေ့တယ်တဲ့
ကျုပ်ကြက်ကိုသူတို့ခိုးတာပဲနေမှာ"
"လူတဖက်သားကိုအဲ့လိုမပြောပါနဲ့ သူတို့ဟုတ်ချင်မှလဲဟုတ်မှာလေ "
"ကျုပ်ကဟုတ်လို့ပြောနေတာ မယုံရင်ခေါ်မေးလိုက်"
"ဟင် ကလေးမတိုမဟုတ်လောက်ပါဘူးရွာမှာကခိုးတယ်ဆို ကြိမ်နဲ့ရိုက်တာ မဟုတ်ပါစေနဲ့ကွယ်
မင်းအသားလေးနာမှာမြစိုးရိမ်နေလို့ပါ"

သူကြီးမကတော်Where stories live. Discover now